Book Image

ထောင်နှင့်မိခင်

လူထုဒေါ်အမာ

ဆောင်းပါးများစုစည်းမှု ဖတ်ညွန်း

#savethelibrary
ထောင်နှင့်မိခင်
လူထုဒေါ်အမာ
ဒုကြိမ် ၂၀၁၄၊ စက်တင်ဘာလ
ကြီးပွားရေးစာအုပ်တိုက်
၂၂၁၊၈၄x၃၃လမ်းထောင့်
မန်းလေး။
၀၂၃၉၇၁၇၊၆၀၁၃၆
တန်ဖိုး၁၀၀၀ကျပ်

ကိုကိုးကျွန်းတွင် အကျဉ်းကျနေသော သားလတ် မောင်ချစ်ခင်(ခ) လူထု ဖိုးသံ ထံသို့ လူထုဒေါ်အမာ ၏ ပေးစာများကို ပုံနှိပ်ထားခြင်းဖြစ်သည်။ လူထုဖိုးသံ၏ အမှာပါဝင်ပြီး စာအုပ်နာမည်အားလည်း လူထုဖိုးသံမှ အမည်ပေးထားခြင်းဖြစ်သည်။


လူထုမိသားစုအရေးတွေကို စာပေကတဆင့် တစေ့တစောင်း သိခွင့်ရပါတယ်။ လူထုဦးလှ ထောင်ထဲနေတော့ ထောင်ထဲမှ မိသားစုစီကို ပေးစာလေးတွေရေးတယ်။ ဆရာက မိသားစု အပူအပင်ကင်းလေအောင် အကျဉ်းကျနေသူတစ်ဦးရဲ့ ခံစားချက်မိျုး အားငယ်၊စိတ်ပျက်၊ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ ပုံမိျုးမရေးပဲ ခရီးထွက်ပြီး တခြားရောက်နေတဲ့ ဖခင်တစ်ယောက်က မိသားစုစီ စာရေးတဲ့ ရေးပုံမိျုး၊ ပေါ့ပေါ့ပါးပါး နဲ့ ဗဟုသုတဖြစ်ဖွယ်လေးတွေရေးသွားတယ်။ ထောင်ထဲမှာ အားနေပြီး သတင်းစာတိုက်နဲ့ အလုပ်ရှုပ်နေမဲ့ အဖွားမာကို အားနာစိတ်၊ သားသမီးများကို လွမ်းဆွတ်စိတ်၊ထောင်တွင်းမှ အပေါင်းအသင်းများရဲ့ အရေးအရာ လေးတွေ စသည်ဖြင့်ပေါ့။

(လူထုဦးလှ ထောင်တွင်းသို့ပေးစာများမှ)

ဒီတစ်အုပ်တော့ လူထုဒေါ်အမာ ရဲ့ သားကိုလွမ်းစိတ်၊သားအတွက်ပူပန်စိတ်အပြင် သားအပေါ် ဂုဏ်ယူစိတ်တွေ တွေ့ရပါတယ်။ ၁၉နှစ် နဲ့ သားအဖမ်းခံရတော့ မပူတဲ့ မိခင်ဘယ်မှာများရှိပါ့မလဲ။ သားအကြီးတစ်ယောက်လည်း ယုံကြည်ချက်အတွက် တောခိုသွားခဲ့ပြီး အလတ်ကလည်း ရာသီဥတုဆိုးရွားတဲ့ ကိုကိုးကျွန်းမှာ၊ အတော်အတန်မိခင်တော့ စိတ်ဂယောက်ဂယက် ဖြစ်နိုင်တဲ့ အခြေအနေ မိျုးပါ။
သားစီက စာလာတော့လဲ သားရင်ထဲက ခံပြင်းမှု၊ ရင့်ကျက်မှုတွေအတွက် မိခင်ရင်ထဲ တင်းကြပ်လို့၊ မိခင်ရဲ့ စာအုပ်တွေအတွက် သားထံက ဝေဖန်ချက်တွေကြားရတော့ သားရဲ့ စာပေအတွေးအခေါ်အမြော်အမြင်ကြီးမှုအတွက် အားရရဲ့၊ လက်ရေတစ်ပြင်တည်း အလုပ်အတူမလုပ်နိုင်တဲ့အတွက် ဝမ်းနည်းမျက်ရည်ကျလားကျရဲ့။

အတူထောင်ကျဖက် မြညွန်လေး လွတ်လာတော့ သားအကြောင်းတွေကြားရတဲ့အခန်း မျက်ရည်ကျရတာပဲ။ အင်းစိန်မှာ ပုံစံမထိုင်လို့ဘယ်လိုရိုက်တယ်၊ တိုက်ထဲ အကြောင်းရှာပြီး ဘယ်လိုရိုက်တယ်၊ ကျွန်းပေါ်သေချင်သေ၊ရှင်ချင်ရှင် ဘယ်လိုထားတယ် ဆိုတာတွေသိရတော့ အမေမာ မငိုဘူး၊ အံသြပြီး ဂုဏ်ယူနေတဲ့ အမေမာရဲ့စိတ်ကို မချီးကျူးပဲ မနေနိုင်အောင်ပါပဲ။ ဖိုးသံချောင်း သိပ်ခေါင်းမာတယ် ၊ မိဘတွေ နားချဖြောင့်ဖြစေချင်တယ်ဆိုတော့လည်း အမေမာမသွားခဲ့ဘူး။ အကျိုးအကြောင်းသိတတ်တဲ့သားကို မိခင်မျက်ရည်ကြောင့် စိတ်မယိုင်စေခဲ့ဘူး။ သစ္စာတရားကြောင့် အောင်ပွဲခံရမယ်လို့ ယုံကြည်ချက်နဲ့လေ။
#Aye Thida Khaing


Publisher Name: လူထုကြီးပွား​ရေးစာအုပ်​တိုက်


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

စမ်းချောင်း အင်းစိန် ဟားဗတ်

မသီတာ(စမ်းချောင်း)
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

မြေကမ္ဘာရဲ့အဆုံးက_ကြယ်တွင်း

ဇော်သက်ထွေး
Book Review Image

သူတို့ပြောသော_ထောင်အတွင်းမှ_ပရလောကသားများ

ဇော်သက်ထွေး