Book Image

ဘာလဲ ဟဲ့ လူ့ငရဲ

ဝင်းတင်

ဘာလဲ ဟဲ့ လူ့ငရဲ
စာရေးသူ ~ ဟံသာဝတီ ဦးဝင်းတင်
နေရီရီစာအုပ်တိုက်၊ 2017 သြဂုတ်လ (တ-ကြိမ်)
တန်ဖိုး - ၂၇၀၀ ကျပ်


သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် က အသက် (၈၀) ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်တဲ့ "ဘာလဲဟဲ့ လူ့ငရဲ" အမည်ရှိ စာအုပ်ဟာ မတရားတာ ခေါင်းငုံ့ မခံဘဲ အမှန်အတိုင်း တင်ပြတာဖြစ်ပြီး ဒေါသနဲ့ ရေးတာ မဟုတ်ဘဲ ဒေါသဆိုတာ ပါခဲ့ရင်တောင်မှ ကရုဏာဒေါသောသာ ဖြစ်ကြောင်း ပြောဆိုပါတယ်။ 

ဒီစာအုပ်ဟာ ဦးဝင်းတင် ဖမ်းဆီးအချုပ်ခံကာလ အနှစ် (၂၀) ထောင်တွင်း အတွေ့အကြုံတွေကို ရေးသားထားတာဖြစ်ပြီး ၂၀၁၀ မတ်လ ဒုတိယအပတ်မှာ ထုတ်ဝေခဲ့တာပါ။  

သံမဏိလူသား လို့ တင်စားပြောဆိုကြတဲ့  ဟံသာဝတီဦးဝင်းတင် ရဲ့ လူတွေဖန်တီးထားတဲ့ လူ့ငရဲလို့ သတ်မှတ်ရတဲ့ ထောင်တွင်းဖြတ်သန်းမှု နေ့ရက်တွေ၊ 

သူ့ရဲ့ သံမဏိလို မာကြောတဲ့ စိတ်ဓာတ်၊ လေးစားထိုက်တဲ့ အတွေးအခေါ်တွေ၊ 

ပြီးတော့ ထောင်နံရံဖောက်ထွက်လာတဲ့ ကဗျာအချို့ကို ဒီစာအုပ်မှာတွေ့ရမှာပါ။


Publisher Name: နေရီရီ


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

စမ်းချောင်း အင်းစိန် ဟားဗတ်

မသီတာ(စမ်းချောင်း)
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့် (၁)

အောင်ဒင်
Book Review Image

အင်းစိန်ထောင်အတွင်းမှဂန္တဝင်လူမိုက်ကြီးများ

ဇော်သက်ထွေး