Book Image

ဗမာပြည်မှာနေသည်

မောင်မြတ်မိုး

စာအုပ်အမည် - ဗမာပြည်မှာနေသည်

ဘာသာပြန်သူ - မောင်မြတ်မိုး
တန်ဖိုး - ၅၀၀၀ ကျပ် (၄၃၁ မျက်နှာ)
မူရင်း - I live in Burma by E.C.V Foucar
အကြိမ် - ပထမအကြိမ် ဇူလိုင်လ
ကာဗာဒီဇိုင်း - SMA



စာရေးသူ အီးစီဗွီ ဖိုးကားသည် ၁၈၉၀ မြန်မာပြည်အလယ်ပိုင်းကို မင်းတုန်းမင်း အုပ်စိုးစဉ်ကတည်းက ဖခင်ဖြစ်သူနှင့် ဗမာပြည်တွင် လိုက်လံနေထိုင်ခဲ့သူ ဖြစ်သည်။ ထို့နောက် အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို လုံးဝသိမ်းပိုက်လိုက်သောအခါ အခွင့်ထူးခံ မိသားစုများအဖြစ် မော်လမြိုင်တွင် အခြေချနေထိုင်ခဲ့ကြသည်။ မိဘများနှင့်အတူ အင်္ဂလန်သို့ပြန်သွားပြီး အသက် ၂၀ ကျော်အရွယ်တွင် ဝတ်လုံတော်ရ ရှေ့နေတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုရန် ဗမာပြည်သို့ နောက်တစ်ကြိမ် ကိုယ်ပိုင်မိသားစုနှင့်အတူ ပြန်လာခဲ့သည်။ ကလေးဘဝက ကြုံတွေ့ခဲ့ရသော ဗမာပြည်နေ့စွဲများနှင့် ယခု သက်လတ်ပိုင်း ဗမာပြည်နေ့စွဲများအကြောင်း၊ ကိုယ်တွေ့ကြုံရ ဗမာပြည် အမှုအခင်းများအကြောင်း၊ ထို့နောက် ဒုတိယကမ်ဘာစစ်ငွေ့စစ်ရိပ်များ သန်းစပြုလာချိန်၊ ဂျပန်တို့ ဗမာပြည်တွင်း ဝင်ရောက်လာချိန် အိန္ဒိယသို့ အင်္ဂလိပ်တို့ ဆုတ်ခွာခဲ့ရပုံများကို ရေးသားထားသည့် စာအုပ်တစ်အုပ် ဖြစ်သည်။ 

စာရေးသူ၏ ထိုစဉ်က ကိုယ်တွေ့ကြုံတွေ့ရ ဗမာလူမျိုးတို့၏ ဓလေ့စရိုက်များ၊ ရိုးရာယုံကြည်မှုများနှင့် ဗမာပြည်နေ့စွဲများအကြောငး်ကို ရေးသားဖော်ပြထားသည့် စာအုပ်လည်း ဖြစ်ရာ နိုင်ငံခြားသားတစ်ဦးပြောသည့် ထိုစဉ်က ဗမာလူမျိုးတို့၏ အကြောင်း၊ အင်္ဂလိပ်ခေတ် ဗမာပြည်ရောက် အင်္ဂလိပ်တစ်ဦး၏ အကြောင်း၊ ဗမာပြည်ရှုခင်းများနှင့် ဗမာနိုင်ငံ (မြန်မာနိုင်ငံ) အကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမည့် စာအုပ်လည်း ဖြစ်သည်။


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

မင်းသုဝဏ်၏ လက်ရာစုံမင်းသုဝဏ်

မင်းသုဝဏ်