Book Image

မင်းသုဝဏ်၏ လက်ရာစုံမင်းသုဝဏ်

မင်းသုဝဏ်

ဆရာကြီး မင်းသုဝဏ်၏ ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္ထုတိုများ၊ ဘာသာပြန်များ၊ ပုံပြင်များ၊ စာတန်းများ၊ အတ္ထုပ္ပတ္တိ စသည်ဖြင့် ဆရာကြီး၏ လက်ရာမွန်များကို တစ်စုတစ်စည်းတည်း ဖတ်ရှုရမည့် စာအုပ်ဖြစ်ပါသည်။


ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန် မနက်ကျောင်းထွက်မယ် အစချီထားတဲ့ ကဗျာကို ငယ်စဉ်ကတည်းက နှစ်နှစ်ခြိုက်ခြိုင် ရွတ်ဆိုခဲ့ဖူးကြပါလိမ့်မယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ ကလေးဥယျာဉ် ကဗျာများထဲမှ ကဗျာတစ်ပုဒ်၏ အစဖြစ်ပါတယ်။ သမီးလေးက ပုံပြင်ကြိုက်တတ်တဲ့အတွက် သူ့အဖွားတွေ ပြောပြတဲ့ ပုံပြင်တွေထဲမှာ ဆရာကြီးမင်းသုဝဏ်ရေးသားခဲ့တဲ့ ပုံပြင်တွေ အများကြီး ပါပါလိမ့်မယ်။ ကျွန်တော် သမီးလေးကို စာဖတ်တတ်စေရန် လေ့ကျင့်ပေးဖို့အတွက် အကောင်းဆုံးလက်ဆောင် စာအုပ်တစ်အုပ်ကို လိုက်ရှာဖြစ်သည်။ ဆရာကြီးမင်းသုဝဏ်၏ ကဗျာများ၊ စာများ အားလုံးကို စုစည်းထားသော စာအုပ်တစ်အုပ်ရှိလျှင် အရမ်းကောင်းမှာပဲဟု တွေးနေမိချိန်တွင် ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ယခုစာအုပ်ကို တွေ့မိခြင်းဖြစ်ပါသည်။ သမီးလေးကို စာအုပ်လေးကို ပေး၊ ကဗျာလေးတွေ ဆိုပြတော့ သမီးလေးက သဘောကျလိုက်သည့် ဖြစ်ခြင်း။ ယခု စာညွှန်းရေးရန် သမီးလေးဆီမှ ခဏငှားပြီး စာအုပ်ကို ကြည့်တော့ စာအုပ်အဖုံးပြုတ်ထွက်သွားမှာ စိုးသည့်အတွက် သေသေချာချာ ကပ်ထားသည်။ 

မိတ်ဆွေအနေဖြင့် မိမိသားသမီးကို မြန်မာ့ယဉ်ကျေးမှုကို ဖော်ကျူးသော ကဗျာများ၊ နှုတ်တက်ရွရွ ရွတ်ဆိုကောင်းသော ကဗျာများနှင့် မိတ်ဆက်ပေးလိုပါသလား။ ပုံပြင်များ ဖတ်စေလိုပါသလား။ ဘာသာပြန် ပုံပြင်များ ဖတ်စေလိုပါသလား။ ဘုရားဟော တရားတော်လာ ပုံပြင်များဖြင့် မိတ်ဆက်ပေးလိုပါသလား။ စာပေအမျိုးအစားအစုံ လေ့လာဖတ်ရှုတတ်စေရန် လေ့ကျင့်ပေးလိုပါသလား။ ယခု ဆရာကြီး မင်းသုဝဏ်၏ စာအုပ်ကို မဖြစ်မနေ ဝယ်ယူလက်ဆောင်ပေးဖို့ တိုက်တွန်းရင်း ညွှန်းဆိုလိုက်ရပါသည်။

ဖတ်ညွှန်းရေးသူ - စိုးသီဟနောင်


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ကွန်ညက်

ဒေါက်တာခင်မောင်ညို
Book Review Image

ထူးဆန်းသော စာကြည့်တိုက်

စေတ
Book Review Image

ဗမာပြည်မှာနေသည်

မောင်မြတ်မိုး
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၂

ဦး​အောင်​
Book Review Image

က​လေးများအတွက်​ အ​ခြေခံသရုပ်​​ဖော်​စကားလုံးများ

ပြည်​​ကျော်​​ကျော်​
Book Review Image

စကားလုံးများနှင့်ဆေးရောင်ခြယ်

ပြည်​​ကျော်​​ကျော်​
Book Review Image

ဦးဖိုးကျား၏ ကိုယ်တွေ့၀တ္ထုများ -၁

ဦးဖိုးကျား
Book Review Image

ဦးဖိုးကျား၏ ကိုယ်တွေ့၀တ္ထုများ -၂

ဦးဖိုးကျား
Book Review Image

ဦးဖိုးကျား ၏ ကိုယ်တွေ့၀တ္ထုများ - ၃

ဦးဖိုးကျား
Book Review Image

ဦးဖိုးကျား ၏ ကိုယ်တွေ့၀တ္ထုများ ၄

ဦးဖိုးကျား