အမျိုးသားပညာဝန်ဆရာကြီးဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများသည် မြန်မာစာပေလောကတွင် သြဇာကြီးမားသည့် စာအုပ်ဖြစ်သည်။ စာပေသြဇာကြီးမားရသည့် အကြောင်းရင်းမှာ ကိုယ်တွေ့ဝတ္ထုများဖြစ်ခြင်း ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ခြင်း စာပေအရေးအသားကောင်းမွန်ခြင်း နှင့် လူငယ်များအတွက်အထူးလိုအပ်သည့် အကျင့်စာရိတ္တဆိုင်ရာပြုပြင်ရေးကို အားပေးသည့်ဝတ္ထုများ ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။ ယခုစာအုပ်များ အမှတ်စဉ်ဖြင့် ထုတ်ေ၀ရာတွင် ကလေးလူငယ်များအတွက် ရည်ရွယ်၍ ရုပ်ပြဇာတ်လမ်းအဖြစ် သရုပ်ဖော် ရေးဆွဲထုတ်ေ၀ခြင်း ဖြစ်သည်။ အမှတ် ၁ တွင် 'အခမဲ့ကူလီထမ်းခြင်း အကျိုး' ဝတ္ထုသည် လူကြိုက်များကျော်ကြားလှသည့်ဝတ္ထုဖြစ်သည်။
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845