Book Image

စာအုပ်အမည်.....ကွန်ညက်

စာရေးသူ..........ဒေါက်တာခင်မောင်ညို
စာပေတိုက်.........ဂလိုဘယ်အလင်းစာပေ
စာအုပ်မှတ်တမ်း....၂၀၁၇ ဖေဖေါ်ဝါရီလ/ပထမအကြိမ်
                       ၁၅၀၀ကျပ်/စာ၂၈/၁၃×၂၀.၅စင်တီ
ကိုယ်ရေးအကျဥ်းနှင့်ရေးသားခဲ့သောစာအုပ်များ

                                    ***
ကွန်ညက်ဆိုတဲ့အမည်လေးကိုကြားဖူးမိတာ လပိုင်းလောက်တော့ရှိ့ပြီဗျ
စာရေးသူက ဒေါက်တာခင်မောင်ညို 
အမည်က ကွန်ညက် 
စာပေက ကလေးစာပေဆိုတော့ ဘာသာပြန်ကလေး စာပေထင်နေတာ ကိုယ်ကလည်းအဖိုးကြီးအရွယ်ရောက်ခါနီးပြီ အိမ်ကသမီးကလည်း ဆယ်တန်းကျောင်းသူဆိုတော့ အမည်လေးကိုအမှတ်တရဖြစ်နေပေမဲ့ဖတ်ဖို့လက်မရောက်ခဲ့ဘူးဗျာ။
ဒီရက်ပိုင်း ဆရာရဲ့စာအုပ် မိစ္ဆာနှင့်မစ္စပရမ်းအမည်ရှိ့စာအုပ်လေးထွက်တယ်။
ကိုဟေမာန်ရဲ့စာညွန်းဖတ်ပြီးကတည်းကလိုချင်နေတာ။
ကိုဟေမာန်အညွန်းအရဆိုရင် ဖတ်ပြီးရင်စဉ်းစားစရာတွေးတောစရာကျန်ခဲ့မဲ့ စာအုပ်ပဲဗျ။
အမေဒေါ်အောင်ဆန်းစုကြည်ပြောတဲ့
စကားအတိုင်းဆိုရင် ဦးနှောက်ကိုအလုပ်ပေးတဲ့စာအုပ်မျိုးဖတ်ပါတဲ့။
ဆရာ့သမီးမလတ် Lynn Lattနဲ့လည်းသိနေတော့ ဆရာ့လက်မှတ်လေးပါလိုချင်တာနဲ့ မစ္စပရမ်းကိုဆရာ့လက်မှတ်လေးနဲ့လိုချင်ကြောင်းလှမ်းအကူညီတောင်းမိတယ်ဗျာ။
ဆရာ့လက်မှတ်နဲ့စာအုပ်လေးရောက်လာတဲ့အပြင်
ဆရာ့သမီးမလတ်ရဲ့လက်မှတ်လေးနဲ့အတူ ကွန်ညက်စာအုပ်လေးက လက်ဆောင်အဖြစ်တွဲပါလာတော့ပျော်ပြီပေါ့ဗျာ။
မလတ်ရေ ....
ကျေးဇူးတင်ပါတယ်ဗျာ။


ကွန်ညက်စာအုပ်လေးသည် ကလေးစာပေဆိုသည့့်အတိုင်း စာအုပ်ဆိုဒ်ကြီးကြီး ၊

စာလုံးဖောင့်ကြီးကြီး၊
ကာတွန်းပုံလေးများနှင့် 
ဝေဝေဆာဆာလှလှပပ၊
ဖတ်ချင်စဖွယ်စာအုပ်လေးပါ။
ပေါ့ပေါ့ပါးပါးနှင့်ချောချောမွေ့မွေ့ရေးဖွဲ့ထား၍
စာဖတ်တတ်ခါစကလေးများလည်းဖတ်နိုင်ပါမည်။
မဖတ်တတ်သေးသည့်ကလေးများကိုလည်းလူကြီးမိဘတို့က ဖတ်ပြလျှင်နားလည်နိုင်မည့်အရေးအသားဖြစ်ပါသည်။ 
ဝတ္ထုဆန်ဆန်ပုံပြင်ဆန်ဆန် ချစ်ရာကလေးဇာတ်လမ်း
ဝတ္ထု လေးပုဒ်ပါဝင်ပါသည်။
ကွန်ညက်သည် မော်လမြိုင်တစ်ဖက်ကမ်း ဘီလူးကျွန်းတွင်တည်ရှိ့သည့်ရွာလေးတရွာမှာချစ်စဖွယ်ကလေးငယ်လေးဖြစ်ပါသည်။

                                      ***

၁။ ကွန်ညက်နှင့် သဘာဝကစားစရာများ

ကွန်ညက်ကလေးတို့သားအဖ မော်လမြိုင်မြို့ပေါ်သွားလည်ရင်း သူ့အကိုနှင့် နိုင်ငံခြားဖြစ်အရုပ်များနှင့်ကစားခဲ့ရ၍ ကျေနပ်မိပုံ 
အကိုရွာသို့လာလည်စဉ် အတူကစားရန်နိုင်ငံခြားဖြစ်အရုပ်များမရှိ့၍ အားငယ်နေသောကွန်ညက်လေးသည် အကိုဖြစ်သူက တောသဘာဝကစားစရာများ ကစားခြင်းတို့နှင့်ပျော်နေ၍ မြို့သ့ိုမပြန်နိုင်ဖြစ်နေသည်ကို တွေ့မိသဖြင့် 
ကွန်ညက်တယောက်ပျော်ရွင်သွားကာ
နိုင်ငံခြားဖြစ်ကစားစရာများကိုကွန်ညက်တယောက်မတောင်းတတော့ပါ။

၂။ ဖြစ်မြောက်ရင်ဖြစ် မဖြစ်ရင်မျောက်ဖြစ်

ကိုလျှာရှည်လေး ကိုစပ်စုလေးကွန်ညက် 
အကိုအမတို့၏ ဗဟုသုတများကြား သူ့ဦးနှောက်သေးသေးလေးနှင့် မေးလိုက် မြန်းလိုက် တွေးတောလိုက်နှင့်ဖြစ်နေရာမှာ
လူသည်မျောက်မှဆင်းသက်လာသည်ဆိုသောအဆိုကြောင့် လူသည့်ဆော့လွန်းလျှင်မျောက်ပြန်ဖြစ်သွားနိုင်မလားဟုစဉ်းစားမေးမြန်းရင်း
သူ့သူငယ်ချင်း ကံကောင်းတို့ညီအကိုနှစ်ယောက်ဆော့ရင်းမျောက်ဖြစ်သွားနိုင်မလားဟုလေ့လာနေရာမှ သူကိုယ်တိုင်ပင်မဆော့ရဲတော့ပဲဖြစ်နေရာ ......

ကံကောင်းတ့ိုညီအစ်ကိုနှစ်ယောက်က အိမ်ရှေ့မှ 
"ကွန်ညက်ရေ "ဟုခေါ်လိုက်ရာ ကွန်ညက်သည် အိမ်ပေါ်မှချက်ချင်းခုန်ပေါ်ကာ လမ်းပေါ်ကို ရောက်သွားလေတော့သတည်း။

၃။ ကွန်ညက်နှင့်အင်္ဂလိပ်စာ

အင်္ဂလိပ်စာ၏အဓိပ္ပါယ် အသံထွက်တို့ကို ကလေးအတွေးနှင့်တွေးပုံ ပြောပုံတို့ကိုချစ်စဖွယ် သနားဖွယ် ရယ်ရွှင်ဖွယ်လေးရေးဖွဲ့ထားပါသည်။
ကျောက်သင်ပုန်းကိုအင်္ဂလိပ်လို ဆေးလိပ် 
(ဆလိပ်-slate)ဆိုတော့
ကျောက်တံကို ဆေးတံ ဟုခေါ်သင့်ကြောင်းတွေးပုံ

-ဒစ်ရှင် နာရီဟုတ်လား။ အဲဒါစာအုပ် ဟုတ်လား
-အေး စာအုပ်ပေါ့ကွ
-တွေ့လား ။စာအုပ်ကိုအင်္ဂလိပ်လိုနာရီတဲ့
-အင်း အင်္ဂလိပ်စကားဟာလည်းပေါက်တတ်ရတွေပဲ။

၄။ဘောလုံးနဲ့ကွန်ညက်

-ဦးပဉ္စင်းဦးသုမနကပြောတော့ ဘောလုံးကန်တာမိစ္ဆာဒိဌိတွေလုပ်တာတဲ့
-သေဟဲ့ ကွန်ညက်။ မင်းမဟုတ်ကဟုတ်ကလာမပြောနဲ့
-ဘာလို့မဟုတ်ရမှာလည်းဦးငယ်ရ ။ဦးငယ်ပဲစဉ်းစားကြည့်လေ အင်မတန်ယုတ်ညံ့တဲ့ခြေနဲ့ကန်တဲ့ ဘောလုံးကိုခေါင်းနဲ့တိုက်ကြတယ်။ 
ခေါင်းနဲ့ဘောလုံးတိုက်မိရင်ကျက်ထားတဲ့စာတွေ
မေ့သွားမယ်တဲ့
မိစ္ဆာဒိဌိတွေဟာဒို့လူမျိုးတွေကို ဉာဏ်တုံးအောင်လုပ်တာတဲ့........

ဖတ်ကြည့်ပါကြိုက်ကြမှာပါ။
                                             သားကြီး(မိုးကုတ်)
                                                12.6.2017


Publisher Name: ဂလိုဘယ်အလင်းစာပေ

Publisher Address: အမှတ်(၂၉၇)၊အနော်ရထာလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။ ဖုန်း - 01212300,098537549

Publisher Phone Number: 01212300,098537549


Related Books

Book Review Image

မင်းသုဝဏ်၏ လက်ရာစုံမင်းသုဝဏ်

မင်းသုဝဏ်
Book Review Image

ထူးဆန်းသော စာကြည့်တိုက်

စေတ
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၂

ဦး​အောင်​
Book Review Image

က​လေးများအတွက်​ အ​ခြေခံသရုပ်​​ဖော်​စကားလုံးများ

ပြည်​​ကျော်​​ကျော်​
Book Review Image

စကားလုံးများနှင့်ဆေးရောင်ခြယ်

ပြည်​​ကျော်​​ကျော်​
Book Review Image

ဦးဖိုးကျား၏ ကိုယ်တွေ့၀တ္ထုများ -၁

ဦးဖိုးကျား
Book Review Image

ဦးဖိုးကျား၏ ကိုယ်တွေ့၀တ္ထုများ -၂

ဦးဖိုးကျား
Book Review Image

ဦးဖိုးကျား ၏ ကိုယ်တွေ့၀တ္ထုများ - ၃

ဦးဖိုးကျား
Book Review Image

ဦးဖိုးကျား ၏ ကိုယ်တွေ့၀တ္ထုများ ၄

ဦးဖိုးကျား