စာအုပ်နာမည် နှင်းရိပ်ပြာမှောင်
ထုတ်ဝေတိုက် ငါတို့စာပေ
စာမျက်နှာ ၂၃၂
အဖုံး မုတ်သုံ
မောင်ရှင်စောက ကဗျာဆရာဖြစ်လို့လားမသိ၊ စကားလုံးတွေကကဗျာဘက်ကနှီးနွယ်ပေါက်ဖွားလာတဲ့ စကားလုံးများနဲ့ဝါကျများကို တည်ဆောက်ထားတယ်၊ ဖတ်ရတာ ထိရှနာကျင်ဖွယ်ရာတွေနဲ့ပြည့်နှက်နေတဲ့ နှင်းရိပ်ပြာမှောင် ဝတ္တုဟာ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကို ကျောရိုးအဖြစ်တည်ကာ ရေးသားထားတယ်၊ ဒီထဲမှာပါတဲ့ ဝါကျတစ်ကြောင်းလောက်ကို ကောက်နုတ်တင်ပြပေးပါရစေ၊ "သုခနှင့်ဒုက္ခတို့အား ပြေပြစ်မျှတ သမအောင် ရောမွေ၍ရုပ်ပုံကားချပ်တို့ဖန်ဆင်းရာ၌ဆေးစပ်မကျွမ်းကျင်သော ပန်းချီဆရာပင်ဖြစ်လိမ်မည်၊ " ယင်းကဲ့သို့အနုအရွ စကားလုံးများကိုသုံးကာရေးသားထားတဲ့ ဒီဝတ္တုရဲ့ဟာ သမိုင်းဖြစ်ရပ်မှန် တစ်ခုဖြစ်သော ရှစ်လေးလုံး အရေးတော်ပုံကာလကိုလည်း အချိုးကျထည့်သွင်းရေးသားထားတယ်၊
၁၊
မောင် က မမနှင်းတို့မြို့လေးရှိရာပြောင်းလာတဲ့ ဆရာဝန်မိသားစုမှ အငယ်ဆုံးသော သားလေး၊အဲ့ဒီမြို့လေးကိုရောက်တော့ မောင့် အသက်ငါးနှစ်လောက်ပဲရှိသေး၊မောင်တို့အိမ်ခေါင်းရင်းက မမနှင်းတိုအိမ်၊ မမနှင်းကအဲ့အိမ်ပိုင်ရှင်မိသားစုရဲ့ မွေးစားသမီး၊ ချင်းတောင်ဘက်မှာရှိတဲ့မိဘဂေဟာ ကနေ ငယ်ငယ်လေးကထဲက ခေါ်ယူမွေးစားခြင်းခံလာရတဲ့မမနှင်းပေါ့၊ တစ်အိမ်လုံးရဲ့အလုပ်မှန်သမျှ ကျွန်တစ်ကောင်လိုသိမ်းကျုံးလုပ်ရင်းမောင်တို့မိသားစု မမနှင်းတို့အိမ်နားပြောင်းလာတဲ့အခါမမနှင်းက မောင့်ကို မောင်လေးတစ်ယောက်လို ချစ်မြတ်နိုးရင်း၊ သူ့ဘဝထဲကို မသိမသာဆွဲခေါ်ခဲ့၊ မောင်ကလည်း မမနှင်းမရှိရင်မဖြစ်တဲ့ ဘဝလိုမျိုး ဖြစ်လာခဲ့၊ မမနှင်း ရဲ့ ညီမ အေမီ အိမ်ထောင်ကျတဲ့အခါ သူ့ယောကျၤားနဲ့ အေမီတိုု့ဟာ တစ်အိမ်ထဲအတူတူနေဖြစ်ခဲ့ကြ၊ အေမီယောကျၤားဟာ မူးလာပြီးတော့ မမနှင်းကိုခြေတော်တင်ခဲ့၊ မမနှင်းဟာ အဲ့အချိန်ကစပြီးအဲ့ပတ်ဝန်းကျင်ကနေအစရှာမရအောင်ပျောက်ကွယ်သွားခဲ့ပေါ့၊မောင်လည်း တက္ကသိုလ်ကျောင်းသားဘဝရောက်လာပြီး၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဆင်နွဲဖြစ်ခဲ့၊ ထောက်လှမ်းရေးတွေနဲ့စိန်ပြေးတမ်းကစားရင်း ရှစ်လေးလုံးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ခဲ့။ ဆယ်နှစ်လောက်ကြာပြီးတဲ့နောက် မောင်ဟာ မမနှင်းကို သူတို့နေတဲ့ မြို့လေးမှာပဲပြန်တွေခဲ့တယ်၊ မမနှင်းဟာ အရင်တုန်းက မမနှင်းမဟုတ်တော့ဘူး၊ကလေးတစ်ယောက်အမေ၊မုဆိုးမ၊ ဒိုဘီအငှားလျှော်နေတဲ့ အလုပ်သမ တစ်ယောက်ဖြစ်နေခဲ့ပြီ၊ မမနှင်းရဲ့ သားလေး ဟာ ဆယ်နှစ်အရွယ်ရှိနေပေမယ့်၊ ကျပ်မပြည့်တဲ့ရောဂါကြောင့် အသိဉာဏ်က လသားအရွယ်ပဲရှိနေခဲ့တယ်၊ မမနှင်းဟာ ကလေးတစ်ဖက်နဲ့ ဘဝကို ထိန်းကျောင်းခဲ့တယ်။ မောင် ဟာ စစ်ထောက်လှမ်းရေးတွေ လက်ချက်ကြောင့် ထောင်ဆယ်နှစ်ကျပြီးနောက်၊ပြန်လွတ်လာတဲ့အခါ။မမနှင်းတို့မိသားစုရဲ့သတင်းကို ကြားလိုက်တယ်၊ မောင် ထောင်ကျပြီး လအနည်းငယ်ကြာမှာ၊ မမနှင်းတစ်ယောက်ဆေးရုံတတ်ရတယ်၊ မမနှင်းဆေးရုံတတ်နေတုန်းမှာသူ့သားလေးဟာထိန်းကျောင်းမယ့်သူမရှိတာကြောင့် လမ်းတကာ လျှောက်သွား၊တောင်းရမ်းစားသောက်ရင်း၊နောက်ဆုံးမှာ ဝမ်းရောဂါကြောင့်သေသွားခဲ့တယ်၊ သားဖြစ်သူဝမ်းရောဂါနဲ့သေပြီးမကြာမီ မမနှင်းတစ်ယောက် အားလုံးကိုလိုက်နူတ်ဆက်တယ်၊ ချင်းတောင်ကိုပြန်တော့မယ်ဆိုပြီး၊ ဒီလိုနဲ့မမနှင်းတစ်ယောက်ချင်းတောင်ကိုမရောက်လိုက်ဘူး။ ချင်းတွင်းမြစ်ထဲကို ခုန်ချပြီး သူ့ဘဝသူ
အဆုံးသတ်လိုက်တော့တယ်။ တကယ်ကို နာကျင်ကြေကွဲစရာ ပါပဲ၊
-
ကွိုင်
အေဒီ ၂၀၁၈
၅:၂၆ ပီအမ်
ဇူလိုင် ၂၈
စနေ နေ့
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543