Book Image

သုခမြို့တော်

မြသန်းတင့်

မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/30/show

ပြင်သစ်စာရေးဆရာ ဒိုမီးနိလာပီယဲ့၏ City of Joy ကို ဆရာကြီးမြသန်းတင့်က သုခမြို့တော် အမည်ဖြင့် ဘာသာပြန်ထားသော အမျိုးသားစာပေ ဘာသာပြန်ဆုရ စာအုပ်တစ်အုပ်ဖြစ်ပါသည်။


ဆရာကြီးမြသန်းတင့်၏ လက်ရာမွန် အမျိုးသားစာပေဆုရ ဘာသာပြန် စာအုပ်တစ်အုပ်ဖြစ်သော သုခမြို့တော်သည် ပြင်သစ်စာရေးဆရာ ဒိုးမီးနိလာပီယဲ့၏ City of Joy ကို ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ လယ်သမားမိသားစု တစ်စု ရွာမှာ မိုးခေါင်ရေရှားပြီး ငတ်မွတ်ခေါင်းပါးလွန်းသဖြင့် မြို့တက်လာခဲ့၏။ မြို့သို့ရောက်သောအခါ သူတို့မိသားစုကဲ့သို့ မိသားစုပေါင်းများစွာ ပြွတ်သိပ်ကြပ်ညပ်နေသော ဆင်းရဲသားရပ်ကွက်တစ်ခုအတွင် အခြေချနေထိုင်ကြ၏။ ထိုမှအစပြု၍ ဝတ္ထုတစ်ပုဒ်လုံးသည် ကမ္ဘာမှာ အံ့ဩစရာကောင်းလွန်းလှသော အသက်မွေးဝမ်းကျောင်းမှု ပုံစံများကို ဝတ္ထုနှင့်အပြည့် ဖတ်ရမည်ဖြစ်သည်။ မိမိသွေးကို ရောင်းစားကြ၏။ မိမိ ခန္ဒာကိုယ်အစိတ်အပိုင်းများကို ရောင်းစားကြ၏။ မိမိဗိုက်ထဲက ကလေးကို ကြိုတင်ရောင်းစားကြ၏။ နောက်ဆုံး မိမိ၏ အရိုးကိုပင် မသေခင်က ရောင်းစားပစ်ခဲ့ကြ၏။ အရက်စက်ဆုံး လောကဓံတရားများ စုဝေးရာ၊ သေခြင်းတရားနှင့် ဇာတ်ပေါင်းခန်း မရောက်ခင်အချိန်အတွင်း ဒုက္ခအပေါင်းစုဝေးရာ လူ့ဘုံခန်းဝါအကြောင်းကို ရေးဖွဲ့ထားသော်လည်း ဝတ္ထုနာမည်မှာတော့ သုခမြို့တော် ဖြစ်နေသည်။

ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးထာသည်လဲ ရှိသည်။ အဆိုပါရုပ်ရှင်ရိုက်ကူးရန်အတွက် ဒါရိုက်တာမှာ အစွမ်းကုန် ကြိုးစားအားထုတ်လိုက်ရသည်။ ဇာတ်ညွှန်းကို ၁၄ ကြိမ်ခန့် ပြင်ဆင်တင်ပြခဲ့ရသည်။ ၁၄ ကြိမ်ခန့် ပြင်ဆင်ခဲ့ရသည့်အတွက် ဇာတ်ညွှန်းမှာ ဝတ္ထုနှင့်မတူတော့။ အဆိုပါရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း လူအုပ်များဖြင့် ဆန္ဒပြကြသည်။ တရားစွဲ ခံရသည်။ လူရမ်းကားများက ရုပ်ရှင်ရိုက်ကွင်းကို ဝင်ရောက်ဖျက်စီးကြသည်။ အမည်မသိသူများက လက်လုပ်ဗုံးများဖြင့် ရိုက်ကွင်းတစ်ခုကို လာရောက်ပစ်ခတ်သွားကြသည်။ 

အဆိုပါရုပ်ရှင်ကို ရိုက်ကူးရန်အတွက် ဒါရိုက်တာသည် ကာလကတ္ထာရှိ ၂.၅ ဟက်တာကျယ်ပြန့်သော သင်္ဘောကျင်း မြေကွက်လပ်ကို ငှားရမ်းပြီး ဆင်းရဲသားရပ်ကွက်များကို ပုံတူတည်ဆောက်ကြရသည်။ ညစ်ပတ်သော လမ်းကြားလေးများ တစ်ဖက်တစ်ချက်တွင် ကြပ်ခိုးတွေ မည်းနက်ညစ်ပတ်နေသော အုတ်တိုက်ငယ်များကို တည်ဆောက်ရသည်။ ဆင်းရဲသား ရပ်ကွက်ပေါင်း ၆၀ ကို ဖန်တီးရသည်။ ဟာလာဟင်းလင်း ဖြစ်နေသော ရေဆိုးမြောင်းကြီးများထဲတွင် အညစ်အကြေးများ လောင်းထည့်ရသည်။ 

သူငယ်ချင်းတစ်ယောက်က အဆိုပါစာအုပ်ကို ဖတ်ပြီး တစ်လလောက် အီလည်လည်ကြီး ခံစားနေရသည်ဟု ဆိုသည်။ ကျွန်တော်ကိုယ်တိုင် ဖတ်ရှုပြီးသည့်အချိန်တွင်လည်း ထိုကဲ့သို့ပင် ခံစားရသည်။ လောကကြီးတွင် ထိုမျှလောက် ရက်စက်ပြင်းထန်သော လောကဓံတရားများ ရှိနေပါလားဟု အံ့ဩမိ၏။ သေချာတာတစ်ခုကတော့ လက်ကမချချင်လောက်အောင် ဆွဲဆောင်မှုရှိသော ဘာသာပြန်ချက်၊ ဝတ္ထုရေးချက်ဖြစ်ကြောင်း အာမခံနိုင်ပါသည်။ နှလုံးအားနည်းတတ်သော သူများအဖို့တော့ မိမိကိုယ်ကို ချင့်ချိန်ပြီးမှ ဖတ်ရှုပါရန် တိုက်တွန်းလိုက်ရပါသည်။

ဖတ်ည့န်း ရေးသားသူ - စိုးသီဟနောင်


Publisher Name: လောကသစ် စာပေ

Publisher Address: ၇၊ သုဝဏ္ဏလမ်း၊ ကျိုက္ကဆံ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ 01 251359

Publisher Phone Number: 01 251359


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

လူသုံးကုန်ပစ္စည်း ရောင်းသူများနှင့် အခြားဝတ္ထုတိုများ

ဖေမြင့်
Book Review Image

သန်းခေါင်ယံ လွတ်လပ်ရေး

မောင်ပေါ်ထွန်း
Book Review Image

နွင်းရိပ်ပြာမှောင်

မောင်ရှင်စော