Book Image

လူသုံးကုန်ပစ္စည်း ရောင်းသူများနှင့် အခြားဝတ္ထုတိုများ

ဖေမြင့်

ဆရာဖေမြင့်၏ ၁၉၉၅ ခုနှစ် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုရ စာအုပ်ဖြစ်ပါသည်။ လူသုံးကုန်ပစ္စည်း ရောင်းသူများ၊ ဘထူးနှင့် မောင်ကျော်၊ လူ့အဖြစ်သည် ရခဲ၏၊ ခေတ်အဆက်ဆက် သူတို့နဲ့ ကျွန်တော်တို့၊ အချို့သော သူများအကြောင်း၊ ထွက်ပေါက်ရှာသူများ၊ နွေနေပူ စိတ္တဇ၊ ကုက္ကုစ္စ၊ မဲလုံးလွတ်မြောက်ခြင်း၊ သူဌေးဖြစ်အောင် လုပ်နည်း၊ မောင်တိုးလေးကို ဆေးကုပေးမည့်သူ မရှိပါ၊ ကျန်းမာရေး လိုက်စားခြင်း၊ လောဘဝတ္ထု စသည့် ဆရာဖေမြင့် ရေးသားခဲ့သော ဝတ္ထုတို ၁၃ ပုဒ် ပါဝင်ပါသည်။


ဆရာဖေမြင့် စာအုပ်များထဲတွင် ကျွန်တော် အနှစ်သက်ဆုံး စာအုပ်တစ်အုပ်ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သူငယ်ချင်း တစ်ယောက်က ညွှန်းသဖြင့် ဖတ်ဖူးထားသော်လည်း နောက် ဘယ်အချိန် ပြန်ဖတ်ဖတ် လက်က မချနိုင်အောင် ကောင်းလွန်းသော ဝတ္ထုတိုများ ဖြစ်ပါသည်။ ပြန်ကိုင်လိုက်တိုင်း အရူး ဘထူးနှင့် အရူးမောင်ကျော် အကြောင်း ခေါင်းထဲ ရောက်လာမြဲ၊ နှစ်ပေါင်းမြောက်များစွာ သိမ်းဆည်းစုဆောင်း လာခဲ့သည့် ငွေများ၊ ငွေစုလက်မှတ်များ ချကိုက်ခြင်း ခံလိုက်ရသည့်အတွက် အရုပ်ကြိုးပြတ် လဲကျသွားသည့် ဦးအောင်စိန် အကြောင်း၊ စိတ္တဇလူနာကို ပြောင်းလဲ ကုသလိုက်ရသော ဆရာဝန်တစ်ယောက် စသည်ဖြင့် ခေါင်းထဲ တန်းစီပေါ်လာမြဲ ဖြစ်သည်။ ၁၉၉၅ ခုနှစ် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ် ဆုရ စာအုပ်တစ်အုပ် ဖြစ်သည်နှင့်အညီ အရမ်းကို ခမ်းနားလွန်းသည့် စာအုပ်တစ်အုပ် အဖြစ် ညွှန်းဆိုလိုက်ရပါသည်။

စာညွှန်းရေးသားသူ - စိုးသီဟနောင်


Publisher Name: ဖေမြင့်စာပေ

Publisher Address: အမှတ် ၅၁၆၊ အဝေရာလမ်း၊ နံ့သာကုန်း၊ အင်းစိန်၊ ရန်ကုန်။


Related Books

Book Review Image

သုခမြို့တော်

မြသန်းတင့်