Book Image

မြူခိုးဝေဝေ ကန်ရေဖွေးဖွေး

ဒီနိုဗို

မြူခိုးဝေဝေ ကန်ရေဖွေးဖွေး 
( The Lake by Banana Yoshimoto)
ဘာသာပြန်သူ _ ဒီနိုဗို 
စာအုပ်​တိုက်​_ငါတို့စာ​ပေ
တန်​ဖိုး_၂၅၀၀



အဓိက ဇာတ်ဆောင်က ဂျပန်မလေးဟိုချီမီ။ အမေဖြစ်သူက ကလပ်ပိုင်ရှင်။ ကလပ်လာတဲ့ ကုမ္မဏီတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်သူတစ်ယောက်နဲ့ ငြိစွန်းပြီး ချီဟီရိုရဲ့အမေမှာ ကိုယ်ဝန်ရှိလာတယ်။.ဒါပေမဲ့ သူတို့လက်မထပ်ဖြစ်ကြဘူး။ ချီဟီရိုကိုမွေးတယ်။ ​ပတ်ဝန်ကျင်ကတော့ ထုံးစံအတိုင်း အတင်းတပွက်ပွက်ပေါ့။ ချီဟီရိုအရွယ်ရောက်လာတော့ မိန်းကလေးပီပီ ဒါကိုရှက်တယ်။ ဒါကြောင့် တိုကျိုမြို့ကြီးမှာသွားပြီး ပညာသင်အချေချဖို့ပြင်တယ်။ နောက်ပိုင်းအမေဆုံးသွားတဲ့နောက်ပိုင်းတော့ မွေးရပ်မြေကို ပြန်ကို မပြန်ဖြစ်တော့ဘူး။ သူ့စိတ်ထဲမှာတော့ အမေနဲ့ မွေးရပ်မြေကို မုန်းသလို  တွယ်တာသလို စိတ်နှစ်ခွ။ ဒီလိုနဲ့ တစ်တိုက်တည်းအတူနေတဲ့ နာကာဂျီးမားဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံရင်း လက်တွဲမိကြတယ်။ နာကာဂျီးမားက ချီဟီယိုအပေါ် အလွန်နားလည်ပေးတယ်။ ချီဟီရိုဘက်ကပဲ အမြဲ ရပ်တည်ပေးတယ်။  ဒါပေမဲ့ တစ်ခုရှိတာက နာကာဂျီမားဟာ သူ့ရဲ့နောက်ကြောင်းရာဇဝင်ကို ချီဟီရိုကို အသိမခံတာပဲ။ အဲ့ဒီနောက်ကြောင်းဟာ နာကာဂျီးမားအပေါ် ဆိုးဆိုးဝါးဝါးကြီး လွွမ်းခြုံထားတယ်။ သူဟာ လိင်ဆက်ဆံရတာကို စက်ဆုပ်တယ်။ မိခင်အသုံးပြုခဲ့တဲ့အသားကင်တဲ့သံပြားကို ချိုင်းကြားညှပ်အိပ်တတ်တယ်။ ဒါကို ချီဟီရိုက ရိပ်မိတဲ့အခါ  သူ့ချစ်သူအပေါ် ကူညီဖေးမပေးချင်ပေမဲ့ ဟိုက ဖွင့်မပြောလေတော့  အခက်သားမို့လား။ ဒီလိုနဲ့ တစ်နေ့ကျတော့ တိုကျိုရဲ့မြောက်ဘက်က မြူတွေဆိုင်းတတ်တဲ့ရေကန်လေးတစ်ခုရှိတဲ့နေရာကို ချီဟီရိုလက်ကို ဆွဲလို့ နာကာဂျီးမားက သွားရအောင်ခေါ်တယ်။ အဲ့ဒီရေကန်ကနေမှတဆင့် နာကာဂျီးမားရဲ့ အတိတ်ဘဝအပိုင်းအစတွေကို ချီဟီရိုတစ်ယောက် ဆက်စပ်ပြီး သိလာရတဲ့အခါ။

"နာကာဂျီးမားရဲ့အတိတ်က အမြဲလိုက်ကပ်နေခဲ့တယ်။ ဒီ်အတွက် အချိန်မရွေး သူခြေယိုင်သွားနိုင်တယ်။လူတွေတစ်ယောက်နဲ့တစ်ယောက် ပျက်စီးအောင်လုပ်ကြတဲ့အခါ ဒီလိုပဲလုပ်ကြတာပေါ့ " ဆိုပြီး စာရေးဆရာမ Banana Yoshimoto ကပြောခဲ့သလိုပါပဲ။ ကျနော်တို့မှာ မလှပတဲ့အတိတ်တွေကြောင့် စိတ်မှာ အနာတရတွေရှိတဲ့အခါ ကျနော်တို့ရေှ့ဆက်ရမယ့်ခြေလှမ်းတွေဟာ မဝံ့မရဲနဲ့  တုံ့ဆိုင်းတတ်သလို စိတ်ခံစားချက်တွေဟာလည်း အဲ့ဒီအတိတ်တွေရဲ့ခြောက်လှန့်မွုကြောင့် မလတ်ဆတ် မသစ်လွင်နိုင်ပါဘူး။ အဲ့ဒီလို ခြောက်အိပ်မက်အတိတ်ဆိုးတွေထဲက ရုန်းထွက်နိုင်ဖို့ဆိုရင် ကျနော်တို့ရဲ့လက်ကို ယုံယုံကြည်ကြည်နဲ့ လှမ်းတွဲပြီး ဖေးမကူညီပေးမယ့် လက်တစ်စုံ လိုကိုလိုပါတယ်။ ဥပမာ ဒီဇာတ်လမ်းလေးထဲက ချီဟီရိုနဲ့ နာကာဂျီးမားတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖေးမရင်း နေ့သစ်တွေထဲကို လှမ်းဝင်သွားသလိုမျိုးပေါ့။

#savethelibrary
#ဘာသာပြန်​ဖတ်​ညွွန်​း
#nway-oo


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

ဂျပန်စိတ်ဓာတ်

တင်ညွှန့်