Book Image

ဂျပန်စိတ်ဓာတ်

တင်ညွှန့်

စာရေးသူ - တင်ညွန့်


ထုတ်ဝေသူ - မောက္ခစာအုပ်တိုက်

ထုတ်ဝေခုနှစ် - ၂၀၂၃ ခုနှစ် ဇူလိုင်လ

တန်ဖိုး - ၆၀၀၀ ကျပ်

စာအုပ်မှာချင်ပါက အောက်ကလင့်ကိုနှိပ်ပြီးမှာယူနိုင်သလို http://m.me/296440813843950

Viber - 09757624855 ကိုဖြစ်စေ ဆက်သွယ် ဝယ်ယူနိုင်ပါသည်။




ဂျပန်လူမျိုးတို့သည် 

ဘာလုပ်လုပ် ကိုယ်သိထား တတ်ထားတာနှင့် အကောင်းဆုံးလုပ်မည်။ ကိုယ်ကြိုးစား လုပ်ဆောင်သော်လည်း ထင်သလို ဖြစ်မလာလျှင် စိတ်ဓာတ်မကျပါနှင့်။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်တိုင်က အစွမ်းရှိသလောက် အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးသောကြောင့်ဖြစ်သည် ဆိုသည့် စိတ်ဓာတ်မျိုးတွေကို ထားတတ်သူများဖြစ် သည်။

ယင်းစိတ်ဓာတ်ကို ဂန်ဘာ့တဲစိတ်ဓာတ်ဟုခေါ်သည်။

ဂန်ဘာ့တဲ (Ganbatte) ဆိုသည်မှာ

အကောင်းဆုံးလုပ် ... လက်မလျှော့နှင့် ဆိုသည့် အားပေးစကားလည်း ဖြစ်သည်။

ဂန်ဘာ့တဲ ဆိုသည့် စကားလုံးတွင် ကိုယ့်ကြိုးစားအားထုတ်မှုသည် အလွန်အရေးကြီးသည်။ ကိုယ်တိုင်က အားမထုတ်ဘဲနှင့် မပြီးမြောက်နိုင်ဆိုသည့်သဘောလည်း သက်ရောက်သည်။ ဂန်ဘာ့တဲ သည် ပြင်ပ အကူအညီမပါ၊ မည်သူတစ်ဦးတစ်ယောက်၏ အထောက်အကူမျှမယူ၊ ကိုယ်တိုင် အားထုတ်ပါဟု ဆိုလိုခြင်း လည်းဖြစ်သည်။ 

အကောင်းဆုံးကြိုးစားခဲ့ပြီးဖြစ်သောကြောင့် ရလဒ်သည် အကြောင်းမဟုတ်။ မျှော်လင့်နေ စရာလည်းမလို။ ကြိုးစားအားထုတ်မှုကို အဓိကထားသူမှာ ကံတရားကို မျှော်လင့်နေစရာမလို။ ဘာဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးဖြစ်သောကြောင့် အချည်းနှီးမဖြစ်ဆိုသည့် အမြင်မျိုးကို ဂျပန်လူမျိုးတို့ ခံယူတတ်ကြသည်။ ယင်းသည်ပင် ဂန်ဘာ့တဲ ဖြစ်သည်။

ဂျပန်ယဉ်ကျေးမှုတွင် ဆန့်ကျင်ဘက်အမြင်အတွေးတွေ များစွာရှိသည်။ ဘဝ၏ပြောင်းလဲနေသော အနေ အထားကိုလိုက်ပြီး လက်တွေ့ကျကျ လေ့လာသုံးသပ်ကာ လုပ်ဆောင်တတ်မှုများက ထူးခြားသည်ဟုဆိုရမည်။

လိမ့်နေသောကျောက်တုံးသည် ရေညှိမတက် ဆိုသည့် သဘောတရားကို လက်ကိုင်ထားကြသည်ကများ သည်။ အသက်ရှင်ခြင်းသည် လှုပ်ရှားခြင်းဖြစ်သည်။ အသက်ရှင်နေသမျှ လှုပ်ရှားပြီး တစ်ခုခုကို အားထုတ် လုပ်ဆောင်နေရမည်။ အမြဲတမ်းလှုပ်ရှားပြီး မိမိကိုယ်ကို ရေညှိအတက်မခံချင်သည့် လူမျိုးတွေဟုလည်း ဆိုနိုင်သည်။

အပြောင်းအလဲကို လက်ခံပါ။ ကိုယ်တိုင်ကလည်း အလိုက်သင့် ပြောင်းလဲနိုင်အောင် ကြိုးစားပါ။ 

အပြောင်းအလဲသည် မလှုပ်မရှား ရပ်နေခြင်းထက်တော့ ပိုကောင်းပါလိမ့်မည်။ ကိုယ်တိုင်က ကျောက်တုံး တစ်တုံးဖြစ်နိုင်သည်။ မရပ်လိုက်ပါနှင့်။ ဆက်ပြီး လိမ့်နေလိုက်ပါ။ ရပ်လိုက်လျှင် သင့်ကိုယ်ပေါ်တွင် ရေညှိတွေ လာတင်လိမ့်မည်။ ယင်းသည်ပင် ဂန်ဘာ့တဲစိတ်ထားဖြစ်သည်။

သည်းခံစိတ်သည် လူတိုင်းမထားနိုင်သည့် သူတော်ကောင်းတရားဖြစ်သည်။ မကြာခဏ မေ့လျော့ခြင်း ခံရသော ကောင်းမြတ်ခြင်းတရားလည်းဖြစ်သည်။ သို့သော် သည်းခံလိုက်သောကြောင့် ငြိမ်နေသည်ဟု မထင်လိုက်ပါနှင့်။ အလွန်စွမ်းအားကြီးသော ငြိမ်သက်ခြင်းဖြစ်သည်။ 

လူတိုင်းဆန္ဒစောချင်ကြသည်။ လူသားဖြစ်ခြင်းကြောင့် ဆန္ဒတို့ကို ထိန်းချုပ်နိုင်ခဲသည်။ သို့သော် ဆန္ဒတွေ စောကာ လုပ်ဆောင်ခဲ့ခြင်းကြောင့် အမှားတွေကို ကျူးလွန်မိနိုင်သည်။ အခြေအနေတစ်ခုကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်ရခြင်းကြောင့် ရရှိသည့် အကျိုးနှင့် ဆန္ဒစောပြီး ပြောဆို လုပ်ကိုင်လိုက်မိသဖြင့် ဖြစ်ပေါ်သွားသည့် ရလာဒ်တို့ကို နှိုင်းယှဉ်ကြည့်ပြီး ပြန်သုံးသပ်နိုင်မည်ဆိုလျှင် အဖြေတစ်ခုကို ရမည်ထင်ပါသည်။ သည်းခံခြင်းနှင့် အခြေအနေကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခြင်း စိတ်ဓာတ်သည်လည်း ဂန်ဘာ့တဲဖြစ်သည်။

လူတိုင်း အရှုံးကို ရင်ဆိုင်ဖူးကြသည်။ ရှုံးခြင်းသည် နိုင်ခြင်းဖြစ်သည်ဟု ခံယူတတ်သူရှားသည်။

ဂျပန်တို့တွင် ဆိုရိုးတစ်ခုရှိသည်။

ရှုံးခြင်းသည် နိုင်ခြင်းဖြစ်သည်

ထိုသဘောတရားကို နားလည်ထားသူမှာ မိမိအတ္တနှင့် မာနကို ရှေ့တန်းမတင်၊ မိမိနိုင်လိုက်တော့ ဘာဖြစ် သွားမည်နည်းဟု အချိန်မီတွက်ဆနိုင်လိုက်ခြင်းကပင် အခြေအနေနှင့် အချိန်အခါကို အနိုင်ယူ လိုက်ခြင်းဖြစ် သည်။ 

အခြားသူများ၏ စိတ်ခံစားမှုကို ထည့်စဉ်းစားကာ အရှုံးပေးသင့်သည့် နေရာတွင် အရှုံးပေးလိုက်ခြင်းသည် အနိုင်ယူလိုက်ခြင်းတစ်နည်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတစ်ယောက်ကို အနိုင်ယူလိုက်ခြင်းဖြင့် သူဘာဖြစ်မည်နည်း၊ ငါရောဘာဖြစ်မည်နည်းဟု တွက်ဆနိုင်ခြင်းကပင် မှန်ကန်သည့် ရလဒ်တစ်ခုကိုဖြစ်စေ သည်။ သူ့အတွက်ရော ငါ့အတွက်ပါ အကျိုးရှိမည်ဆိုလျှင်၊ သို့မဟုတ် ငါ့အတွက် အကျိုးရှိသော်လည်း သူ့အတွက် ဆုံးရှုံးနစ်နာမှုမှာ တန်ဖိုးကြီးမားလွန်းပြီး သူရောငါ့အတွက်ပါ အကျိုးမဲ့သည့် အဖြစ်မျိုးကို ရောက်သွားမည်ဆိုလျှင် အနိုင်ယူလိုက်၍ ဘာများထူးခြားလာမည်နည်း။

အခြေအနေတစ်ခုက အရှုံးပေးလိုက်သော်လည်း ကိုယ့်အတွက်လည်း မနစ်နာ၊ သူ့အတွက်ရော ကိုယ့်အတွက်ပါ ကောင်းရန်တစ်ခုခုဖြစ်လာနိုင်မည်ဆိုလျှင် အရှုံးပေးလိုက်ရုံသာဖြစ်သည်။

မိသားစုကိစ္စတွင် မိမိဇနီးအပေါ် သို့မဟုတ် သားသမီးအပေါ် အနိုင်ယူလိုက်နိုင်ခြင်းသည် မိမိကိုယ်မိမိ သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်မည်လား ပြန်စဉ်းစားသင့်သည်။ 

စီးပွားရေးလုပ်ငန်းတွင် အမြတ်နည်းသော်လည်း နှစ်ဦးနှစ်ဖက် သဘောချင်းမျှပြီး ကျေနပ်နှစ်သက်ခြင်း ဖြစ်အောင် ဆောင်ရွက်နိုင်ခြင်းက ရေရှည်အကျိုးစီးပွားတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ လုပ်ငန်းအတွက် ရေရှည်အကျိုးမျှော်ကိုးပြီး အစပိုင်းတွင် အရှုံးခံ၊ အနာခံလိုက်ရသည့် သဘောတရားမျိုးတွေရှိနိုင်သည်။ ထိုသဘောတရားအရ ဆောင်ရွက်လိုက်ခြင်းမှာ လုပ်ငန်းတွင် ရှုံးသော်လည်း နိုင်ခြင်းပင်ဖြစ်သည်။

အချစ်ရေးကိစ္စတွင်လည်း တစ်ဦးနှင့်တစ်ဦး ငြင်းခုံပြီး သူမှန် ကိုယ်မှန် လွန်ဆွဲရသည့်ကိစ္စများ ရှိနိုင်သည်။ အနိုင်ယူခြင်းသည် ထာဝရမမှန်ဆိုသော သဘောကို နားလည်မှသာ ခိုင်မြဲစွာ လက်တွဲနိုင်မည်။

အလုပ်တွင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က သူ့နည်း သူ့ဟန်ဖြင့် အကောင်အထည် ဖော်လိုသော ကိစ္စမျိုးတွေ ရှိကောင်းရှိနိုင်သည်။ နှစ်ယောက်သား သူမှန် ကိုယ်မှန် ငြင်းခုံကာ သူလည်း အလုပ် မဖြစ်၊ ငါလည်း ရှေ့ဆက်မရ ဖြစ်နေမည့်အစား တစ်ဦးဦး၏ နည်းကို ရွေးချယ်လိုက်ခြင်းကသာ အကောင်းဆုံး ရလဒ်တစ်ခုကို ရသွားနိုင်ပေလိမ့်မည်။ 

ထို့ကြောင့်

နိုင်တိုင်း အနိုင်ရခြင်းမဟုတ်။

ရှုံးခြင်းသည် နိုင်ခြင်းဖြစ်သည်။

အရှည်ဆုံးခရီးကို ခြေတစ်လှမ်းဖြင့် စလိုက်ပါ" ဆိုသည့် ဆိုရိုးစကားတစ်ခွန်းရှိသည်။ 

ထိုစကားက ဘဝတွင်မည်သည့်အဆင့်ကို ရောက်လာသူမဆို ခြေတစ်လှမ်းဖြင့် ကိုယ့်ဘဝကိုကိုယ် စတင် ခဲ့ရသူများဖြစ်ကြောင်း သတိပေးနေသည်။ ကိုယ်လျှောက်ခဲ့သည့်လမ်းမှာ ကိုယ်တည်ဆောက်ခဲ့သော သို့မဟုတ် ကိုယ်ရွေးချယ်ခဲ့သော လမ်းဖြစ်သောကြောင့် နောင်တရစရာ အကြောင်းမရှိ။ 

တစ်ခါတစ်ရံတွင် ကိုယ့်ဘဝ ကိုယ့်အနေအထားက ပြောင်းလဲမှဖြစ်တော့မည့် အနေအထားတစ်ခုကို ရောက်ကောင်း ရောက်လာနိုင်သည်။ ထိုအချိန်တွင် ကိုယ်လျှောက်လာသည့်လမ်းမှာ တစ်ဝက်ကျိုးကောင်း ကျိုးနေမည်။ သို့သော် စဉ်းစားရမည်မှာ ဆက်လျှောက်၍ အကျိုးမရှိဆိုလျှင် အနေအထားတစ်ခု သို့မဟုတ် အလုပ်သစ်တစ်ခုကို ပြောင်းရမည်။ မည်သည့်အချိန်ပြောင်းသည်ဖြစ်စေ နောက်ထပ်ခြေတစ်လှမ်းအသစ်ကို စတင်လှမ်းရပေလိမ့်မည်။ 

အသစ်တစ်ခုကို စတင်ရန်အတွက် မဝံ့မရဲဖြစ်ကောင်းဖြစ်နိုင်သည်။ အောင်မြင်ပါ့မလားဟု သံသယတွေ ဝင်ကောင်းဝင်နိုင်သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြစ် ခြေတစ်လှမ်းကို လှမ်းရုံသာ ဖြစ်သည်။ ခြေတစ်လှမ်းကို လှမ်းပြီးသည်နှင့် ရပ်နေ၍လည်း မဖြစ်တော့။ ဒုတိယတစ်လှမ်း၊ တတိယတစ်လှမ်း တို့ကို အလိုလိုလှမ်းရပေလိမ့်မည်။ 

လှမ်းလာရင်း လဲကျမလို ဖြစ်သွားလျှင် ဂန်ဘာ့တဲ ဆိုသည့် စကားကို သတိရလိုက်ရုံသာဖြစ်သည်။ ဂန်ဘာ့တဲ စိတ်ဓာတ်ဖြင့် ဆက်လှမ်းရမည်။ အားမလျှော့နဲ့ စိတ်ဓာတ်မကျနဲ့။ ရောက်ကိုရောက်ရမည်ဆိုသည့် စိတ်ဖြင့် ဆက်လှမ်းရုံသာဖြစ်သည်။

ဂန်ဘာ့တဲ စိတ်ဓာတ်ဆိုသည်မှာ အဘယ်နည်း

(၁) ခုချက်ချင်းလုပ်

(၂) အတွေ့အကြုံမရှိလည်းလုပ်၊ လုပ်ရင်းနှင့် သင်ယူ

(၃) အမှားကပြန်သင်ယူပြီးလေ့လာ

(၄) စိတ်ဓာတ်ခိုင်မာ ပြုပြင်ပြောင်းလဲလိုစိတ်ရှိ

(၅) ဦးတည်ချက်ရှိ

(၆) ကိုယ့်ပတ်ဝန်းကျင်တွင် လူတော်လူကောင်းတွေရှိနိုင်အောင်ကြိုးစား

(၇) သင်ယူမှုကို ဘယ်သောအခါမျှ မရပ်နှင့်

(၈) သည်းခံစိတ်မွေး

(၉) မိမိအလုပ်ကို ချပြနိုင်အောင်ကြိုးစား

(၁၀) ကိုယ့်နှလုံးကပြောသည့်စကား ကိုယ်တိုင်ကြားအောင်နားစိုက်ထား ဆိုသည့် အချက်တွေအပေါ်တွင် အခြေခံထားသည်။

ဂန်ဘာ့တဲ ဆိုသည်မှာ ဂျပန်လူမျိုးတို့၏ စိတ်ဓာတ် သို့မဟုတ် ကျင့်စဉ်တစ်ခုဖြစ်သည်။ အထူးသဖြင့် ဂျပန် လူမျိုးတို့သည် ကပ်ဘေးတွေကို ကြုံတွေ့ရတိုင်းလည်း ထိုစကားကို စိတ်ထဲတွင်စွဲထားပြီး အနိုင်ယူ ကျော်လွှား နိုင်အောင် ကြိုးစားလေ့ရှိကြသည်။

ဤစာအုပ်တွင် အခန်းပေါင်း ၃၅ ခန်းပါဝင်သည်။ တစ်ခန်းစီတွင် ဂျပန်လူမျိုးတို့၏ စိတ်ဓာတ်နှင့် အလေ့အကျင့်များကို ရှင်းလင်းစွာ ဖော်ထုတ်ပြထားသည်။ ဥပမာများနှင့် နှိုင်းယှဉ်ဖော်ပြထားသည်။ ဇင်သဘောတရား၊ ဗုဒ္ဓ၏တရားများနှင့်လည်း ဂန်ဘာ့တဲကို ချဉ်းကပ်နိုင်အောင် ကြိုးစားထားသည်။ 

ကျွန်းနိုင်ငံလေးတစ်နိုင်ငံတွင် သဘာဝကပ်ဘေးတွေကို အမျိုးမျိုးရင်ဆိုင်ကြရသော်လည်း စည်းလုံး ညီညွတ်သောအား၊ စိတ်ဓာတ်ခွန်အားများနှင့် ရင်ဆိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်တွင် ပြာပုံ ဖြစ်ခဲ့ရသော ကျွန်းနိုင်ငံလေးသည် ယနေ့စက်မှုနိုင်ငံကြီးတစ်ခုအဖြစ် ကမ္ဘာတွင် ရပ်တည်နိုင်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ အိုင်တီနှင့် နည်းပညာတွင်လည်း ကမ္ဘာက လေးစားစွာဖြင့် တီထွင်မှုများကို စောင့်ကြည့် နေကြရသည်မှာ အဘယ်ကြောင့်နည်း။

 စိတ်ဆောင်လျှင် အောင်ရမည် ဆိုသည့် စိတ်ကိုမွေးကာ ကြိုးစားလိုသူများလေ့လာနိုင်ရန်အတွက် ရေးသားပြုစုထားသည့် စာအုပ်တစ်အုပ် ဖြစ်သည်။

မောက္ခစာအုပ်တိုက်

၁၃.၇.၂၀၂၃


Publisher Name: မောက္ခစာအုပ်တိုက်


Related Books

Book Review Image

မြူခိုးဝေဝေ ကန်ရေဖွေးဖွေး

ဒီနိုဗို