Book Image

စိတ်အခြေအနေဒီဇိုင်းများ

လင်းထိုက်

စာအုပ်အမည်- စိတ်အခြေအနေဒီဇိုင်းများ

စာရေးသူ- လင်းထိုက်
တန်ဖိုး - ၃၀၀၀ ကျပ်
အကြိမ်- ပထမအကြိမ်၊ ဇန်နဝါရီလ၊ ၂၀၁၉
စာမျက်နှာ - ၂၁၉
အရွယ်အစား - ၅.၂၅x ၈.၂၅ လက်မ

????အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ပို့မှာရင် စာတိုက်ကနေ ပို့ပေးပါတယ်။ စာအုပ်လာပို့မှ ငွေကောက်ခံမှာပါ။ ပို့ခ free ပါ



ီစာအုပ်အကြောင်း စကားအနည်းငယ်
---------------------------------------------
စာအုပ်ပါ အကြောင်းအရာတွေကို အကြမ်းဖျင်း ကဏ္႑ ခွဲကြည့်မယ်ဆိုရင်-
 
(၁) လူ့စိတ်ရဲ့ထူးခြားတဲ့ သဘာ၀နဲ့ ထူးခြားတဲ့စိတ်အခြေအနေများအကြောင်း
(၂) ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ယန္တရားအချို့
(၃) သင်ယူခြင်းဖြစ်စဉ်
(၄) နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုး
 စတဲ့ အကြောင်းအရာ ၄ ရပ် ကို ဖော်ပြထားတဲ့ဆောင်းပါးတွေပဲဖြစ်ပါတယ်။

နံပါတ်(၁)အုပ်စု၀င် လူ့စိတ်ရဲ့ထူးခြားတဲ့ အခြေအနေတွေကို ရေးသားထားတဲ့ ဆောင်းပါးတွေကတော့ အများစု ပါ၀င်နေပါတယ်။ စာအုပ်တစ်အုပ်လုံးမှာ ဖော်ပြထားတဲ့ ဆောင်းပါး ၃၅ ပုဒ်မှာ ၂၈ ပုဒ်က လူ့စိတ်အခြေအနေတွေအကြောင်း စိတ်ပညာရှုထောင့်ကနေ ချဉ်းကပ်ရေးသားထားတဲ့ ဆောင်းပါးတွေ ဖြစ်ပါတယ်။ လူမှုစိတ်ပညာ (Social Psychology) နဲ့ အပြုဘက်စိတ်ပညာ (Positive Psychology) ရှုထောင့်ကနေ သုံးသပ်ရေးသားထားတဲ့ ဆောင်းပါးများလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် စာအုပ်ခေါင်းစဉ်ကိုလည်း ဒီဆောင်းပါးအများစုနဲ့ ခြုံငုံမိအောင် နာမည်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

တင်ကြိုပြောကြားလိုတာက ဒီစာအုပ်ဟာ လူ့ဘ၀ရဲ့ ပြဿနာတွေကို ဖြေရှင်းနည်းစာအုပ် မဟုတ်ဘူး ဆိုတာပါပဲ။ ပြဿနာတွေကို ဖော်ထုတ်တင်ပြထားတဲ့စာအုပ်လို့တော့ ဆိုချင် ဆိုနိုင်ပါလိမ့်မယ်။ အဖြေ ခပ်ပါးပါးသာ တွေ့ရမယ့် ပြဿနာရှာတဲ့ စာအုပ်မျိုးပါ။ ကျွန်တော်တို့ လူသားတွေရဲ့ ဘ၀မှာ မလွှဲမသွေကြုံတွေ့ရနိုင်တဲ့စိတ်အခြေအနေတွေကို ဖော်ညွှန်းထားချက်များ ဆိုရင်လည်း မမှားပါဘူး။

ဒီစာအုပ်ကို ဖတ်ရှုသူအတွက် စိတ်အားတွေ တက်ကြွလာစေဖို့ထက် ကိုယ့်စိတ်အခြေအနေကို အမှန်အတိုင်း ပြန်မြင်နိုင်ဖို့နဲ့ကိုယ့်အမျိုးအစား ကိုယ်သိဖို့ အဓိက ရည်ရွယ်ထားပါတယ်။

လူ့ရဲ့သဘာ၀အရတော့ ကိုယ့်အမျိုးအစားကိုယ် လင်းခနဲလက်ခနဲ အမှန်အတိုင်း လှမ်းမြင်လိုက်ရတဲ့အခါတွေမှာ ရံဖန်ရံခါ စိတ်နာကျင်မှု ဖြစ်ရတတ်ပါတယ်။ ဒါပေမဲ့ စိတ်နာကျင်မှုတွေကို မဖြတ်သန်းဘဲလည်းလူ့ဘ၀ရဲ့လမ်းတွေကို လျှောက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ သိမှုဖြစ်စဉ် ဖွံ့ဖြိုးမှုနဲ့ စိတ်ခွန်အားတွေ ရဖို့အတွက် နာကျင်ခြင်းတွေဟာ မဖြစ်မနေ လိုအပ်ပါတယ်။

ဒီအတွက် ဒီစာအုပ်ကို ဖတ်ပြီး စိတ်အားတက်ကြွခြင်း၊ စိတ်နာကျင်ရခြင်းများဟာ စာဖတ်သူရဲ့ ခံယူမှုအပေါ်မှာသာ မူတည်မှာဖြစ်ကြောင်း အမှာစကား ပါးလိုက်ရပါတယ်။

#လင်းထိုက်
February 20


Publisher Name: စာနဒီ စာအုပ်တိုက်

Publisher Address: အမှတ်-၉၇၃၊ ပျဉ်းမမြိုင်လမ်း၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Publisher Phone Number: 095071196, 095071197


Related Books

Book Review Image

စိတ်

ဂျာနယ်ကျော်မမလေး
Book Review Image

အချစ်ကြောက်ရောဂါ

လင်းထိုက်