Book Image

ဂျာနယ်ကျော်မမလေး
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

စိတ်
ဂျာနယ်ကျော်မမလေး
တန်ဖိုး-၃၀၀၀ကျပ်
စာမျက်နှာ-၃၂၉
စိတ်ကူးချိုချိုစာပေ




"မမှန်တာကိုပြန်၍ မမှန်တာလုပ်ခြင်းဖြင့် အမှန်သို့ရောက်မည်မဟုတ်။ ဘယ်သူကမှားမှား မိမိက အမှန်နှင့်သာ ဖက်ပြိုင်ရမည်။ ဘယ်သူကောက်ကျစ်ကျစ် မိမိက ဖြောင့်မတ်ခြင်းဖြင့်သာ ဖက်ပြိုင်ရမည်။ မတရားမှုကို မတရားမှုဖြင့်သာ ဖြေရှင်းရမည်။ လောကတွင် တရားခြင်းမှတစ်ပါး အခြားဖြေရှင်းနိုင်သည်မရှိ။"  

အမှန်ကိုမြတ်နိုးသော အရာရာကိုအမှန်တိုင်း ရင်ဆိုင်ချင်သော အမှန်တရားကိုယုံကြည်သော ဆရာဝန်မ မစောလင်း•••••• အမှန်ဖြစ်စေချင်လွန်း၍ မ​ပြောဘဲနေနိုင်ပါလျက် တိုင်းကျော်ပြည်ကျော် အရှက်ကွဲခံ၍ အမှန်တရားကို ရင်ဆိုင်လိုက်သော မစောလင်း

သေချာတယ် သူ့ဘဝမှာ နောင်တဆိုတာရှိတော့မှာမဟုတ်ဘူး 
အမှန်တရားရင်ဆိုင်လိုက်လို့ သူ့ဘဝမှာ တစ်ကြိမ်ဘဲရှက်ရမယ် ဒီတစ်ကြိမ်ပဲ နာကျင်ကြေကွဲရမယ် 
မဟုတ်ရင် သူ့ဘဝ အကြိမ်ကြိမ်သေရတော့မှာ သူ့ရွေးချယ်မှု မှန်ကန်ခဲ့တယ်

"အမှန်ပြောတဲ့သူက ရွာပြင်ထုတ် ခံရတယ်တဲ့"
သို့သော် အမှန်တရားလည်းဟုတ်တယ် အများအတွက်အကျိုးရှိတယ်ဆို ပြောကိုပြောရမယ်
အမှန်တော့အမှန်ပဲ ကိုယ့်ကျိုးလည်းမရ အများသူငါအတွက် အကျိုးမများရင် မပြောတာပဲကောင်းပါတယ်

မစောလင်းအတွက် အမြဲအဆင်သင့်ရှိတဲ့ ချိုချို သူငယ်ချင်းစိတ်ချမ်းသာလျှင် ဝမ်းသာသည် ဒုက္ခဖြစ်လျှင် သူ့ဒုက္ခလို သဘောထားပြီး အညီအမျှ ဝင်ခံစားပေးတယ် သူငယ်ချင်း မျက်နှာပျက်တာကအစ သိတဲ့ချိုချို
သူငယ်ချင်းကောင်းဆိုတာ တကယ်ရှိပါတယ်ဆိုတာ
ဆရာမဂျာနယ်ကျော်မမလေးက အလင်းပြပေးလိုက်တာပဲ
ချိုချိုရဲ့ သူငယ်ချင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို
ဝင်ရောက်ခံစားကြည့်ပြီး ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်ကို သတိရလာစေတယ်

ရှမ်းပြည်ရဲ့ ရာသီဥတု အခြေအနေ တောင်တောင်သဘာဝ ၊တောင်ကြီး ကလော ဘက်က ချယ်ရီပန်းတွေ၊ ကယားပြည်နယ်က ခေါင်ရည်အကြောင်း ဖားစည်အကြောင်း တောသူတောင်သားတွေ ဧည့်ဝတ်ကျေပွန်တဲ့အကြောင်းတွေကို ပါးပါးလေး ခြယ်မှုန်းရေးဖွဲ့ထားတယ်

ကိုယ်အယုံကြည်ရဆုံးသူ မထင်ရသောသူတွေကသာလျှင် ဒုက္ခပေးလျှင် သူများထက်နှစ်ဆပဲဆိုတာ
သိလာရတယ် 

ဒေါက်တာဖေဦးလို ကိုယ့်ထက်အားနွဲ့သူ အားချင်းမယှဥ်သာသူ မိန်းကလေးတစ်ယောက်ကို ယုတ်ညံ့သောစိတ်နဲ့
 နိုင်ထက်စီးနင်း စော်ကားတဲ့သူတွေ ရှိသလို
မိိန်းကလေးတစ်ယောက်ကို အမေလိုနှမလို စောင့်ရှောက်တတ်တဲ့ ကိုသက်ရင်လို မြင့်မြတ်တဲ့ ယောကျ်ားတွေလည်း ရှိပါသေးတယ်ဆိုတာ ဆရာမက ကိုယ့်ကို
ထိုင်ပြီး ပြောပြနေသလိုပါပဲ

#Tza Azt


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

စိတ်အခြေအနေဒီဇိုင်းများ

လင်းထိုက်
Book Review Image

အချစ်ကြောက်ရောဂါ

လင်းထိုက်