Book Image

ဉာဏ်ကြီးရှင် ဇီယန်မီယန် ပုံပြင်များ ( လာအို ပုံပြင်များ )

ထိန်လင်း

ထိန်လင်း

ဉာဏ်ကြီးရှင် ဇီယန်မီယန် ပုံပြင်များ
( လာအို ပုံပြင်များ )
Steve Epstein ပြန်လည်ရေးသားတင်ပြထားသည့် 
Lao Folktales , Xieng Mieng : The Cleverest Man In The Kingdom ကို ဘာသာပြန်ဆိုသည်။
ခေတ်ပြတိုက်စာပေ၊
ပထမအကြိမ်၊ မေ ၂၀၁၈။
မျက်နှာဖုံးဒီဇိုင်း - လင်းဝဏ္ဏ။
၁၃.၄ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - ၈၉ ၊ တန်ဖိုး - ကျပ် ၁၅၀၀။

၃၁ ဇန်နဝါရီ ၂၀၁၈ ရက်စွဲဖြင့်ရေးသားထားသော ဘာသာပြန်ဆိုသူ၏ ပုံပြင်မိတ်ဆက် ပါရှိသည်။ 

ဉာဏ်ကြီးရှင်ပေါ်ထွန်းလာခြင်း၊ ပုံပြင်ပြီးတော့ပုံပြင်၊ အမိန့်တော်မြတ်အတိုင်းပါ၊ မင်းကြီးပရိယာယ် မကြွယ်နိုင်၊ ဝါးကျည်တောက်ထဲ ဘာရှိသလဲ၊ မှော်ဝတ်ရုံပြိုင်ပွဲ၊ ငှက်ပြိုင်ပွဲ၊ အရ သာကောင်းရဲ့လား၊ ခံတွင်းပျက် ကု ထုံး၊ ပန်းချီပြိုင်ပွဲ၊ မင်းဘဏ္ဍာအပိုင်စီးခြင်း၊ ဉာဏ်ကြီးရှင်၏နိဂုံး စသည့် ပုံပြင် ၁၂ ပုဒ် ကို ဘာသာပြန်ဆိုတင်ဆက်ထားသည်။


'' ယခုဖတ်ရှုရမယ့် 'ဉာဏ်ကြီးရှင် ဇီယန်မီယန်' ပုံပြင်များ ဟာ သာမန်ကျေးလက်ရိုးရာပုံပြင်တွေ၊ နတ်သမီးပုံပြင်တွေနဲ့ ကွဲပြားတဲ့ ပုံပြင်များဖြစ်ပါတယ်။ လူတစ်ဦးနဲ့ပတ်သက်တဲ့ ဘဝအစိတ်အပိုင်းတချို့ကို ထင်ဟပ်စေတဲ့ ဘဝပုံပြင်များလို့ ဆိုနိုင်တဲ့ ပုံပြင်များလည်းဖြစ်ပါတယ်။ ဥပမာအားဖြင့် မြန်မာစာပေမှတ်တမ်းများထဲက ခုံတော်မောင်ကျဘမ်း ပုံပြင်များ၊ ငလက်တိုငညိုနှင့်စကားတောင်စားပုံပြင်များ၊ ဦးပေါ်ဦးလျှောက်ထုံးများနဲ့ ပုံစံတူ ပါတယ် '' ( စာမျက်နှာ ၇ မှ ) ဟု ပုံပြင်မိတ်ဆက်၌ ဆရာထိန်လင်းက ရေးသားထားသည်။


ဇီယန်မီယန် ၏ အမည်ရင်းမှာ ခမ်း ဖြစ်သည်။ ဉာဏ်ရည်ထက်မြက်လွန်းသူဖြစ်သည့်တိုင် အပျင်းကြီးသူဖြစ်သည်။ အခြားသောသူတို့နှင့် ဉာဏ်ပညာချင်းယှဉ်ပြိုင်ကစားရသည်ကို နှစ်ခြိုက်သူလည်းဖြစ်သည်။

ရှင်သာမဏေဝတ်နေစဉ်အတွင်း ပီကေကဲ့သို့သော ဝါးစရာ မီယန်ကုန်သည်တို့နှင့် ဉာဏ်ချင်းယှဉ်အနိုင်ရ ခဲ့သည်။ ကိုရင်ဝတ်ခဲ့ဖူးသူတို့အားခေါ်တွင်သည့် ဇီယန်နှင့်မီယန်အားတွဲဖက်ကာ ''ဇီယန်မီယန်'' ဟုအမည်တွင်လာခြင်းဖြစ်သည်။

လာအိုဘုရင်ကြီးကိုပင် မထိတထိသရော်လှောင်ပြောင်လေ့ရှိသည့် ဇီယန်မီယန်မှာ ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသည့် ဇာတ်ကောင်တစ်ကောင်လည်းဖြစ်သည်။

လာအိုလူမျိုးတို့၏ ဓလေ့စရိုက်နှင့်ထုံးတမ်းစဉ်လာ အချို့ပါဝင်နေသည့် ပုံပြင်များဖြစ်သည့်အပြင် တစိမ့်စိမ့်တွေးတောကာ ရယ်မောရမည့် ချစ်စရာကောင်းသော ပုံပြင်များဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၆ ဇွန် ၂၀၁၉


Publisher Name: ခေတ်ပြတိုက် စာပေ

Publisher Address: အမှတ် (၁၃၈/၁၄၀)၊ ပထပ် (ဝဲ)၊ ၄၉ လမ်း(အထက်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ ဖုန်း - ၀၉၇၃၀၃၇၇၂၇

Publisher Phone Number: 09 73037727


Related Books

Book Review Image

ဝေသာလဝတ္ထု

ပါရဂူ
Book Review Image

နိပွန်ပုံပြင်များ

တက်တိုး [၁၉၁၃ - ၂ဝဝ၃]
Book Review Image

တွေးစရာ ပြုံးစရာ ပုံပြင်များ

ဝင်းဖေ