Book Image

ဗာဒံပင်

တူးတူးသာ

"ဗာဒံပင်" ဆိုတဲ့ စာအုပ်လေးကို စိန်မိုးယံစာပေကနေ တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ထုတ်ဝေဖြန့်ချိထားပါတယ်။ စာအုပ်ထဲက ချစ်စဖွယ်ရုပ်ပုံလေးတွေကိုတော့ ကာတွန်း 'အာကာ' က ရေးဆွဲပေးထားပါတယ်။ ဒီစာအုပ်နဲ့ အလားသဏ္ဍာန်တူတဲ့ "တမာပင်"၊ "မြရာပင်"၊ "တရုတ်စကားပင်" စတဲ့ အပင်လေးတွေအကြောင်း စာအုပ်လေးတွေလည်း ရှိပါသေးတယ် လို့ တလက်စတည်း ပြောပြရင်း Sweet December ကို ကြိုဆိုလိုက်ပါတယ်ရှင်


သပြေ "စာဖတ်ကြပါစို့" Book Campaign ရဲ့ ဒီဇင်ဘာလအတွက် စာအုပ်အညွှန်းအစီအစဥ်လေး စတင်ပါပြီ။ ဒီတနင်္ဂနွေမှာတော့ သားသား မီးမီးတို့ သဘောကျမယ့် စာအုပ်လေးတစ်အုပ်အကြောင်းကို ကျွန်မ မဆုဝေ မှ ပြောပြ​​ပေးချင်ပါတယ်။ စာအုပ်လေးနာမည်က "ဗာဒံပင်" တဲ့။ သားငယ် သမီးငယ်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဗာဒံပင်လေးအကြောင်း ရေးထားတဲ့ စာအုပ်လေးပေါ့။

စာလို 'ဗာဒံ' လို့ ရေးကြပေမယ့် ကျွန်မတို့ ပြောနေကျက 'ဗန်ဒါ' ပါ။ ဗန်ဒါရိပ်က အင်မတန်အေးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အဲဒီလိုပဲ ဥတုရာသီအလိုက် အရောင်ပြောင်းတတ်တဲ့ ဗန်ဒါရွက်လေးတွေကလည်း သိပ်လှပါတယ်။ ကျွန်မတို့ငယ်ငယ်ကဆို ဗန်ဒါသီးခြောက်လေးတွေကို ထုပြီး အထဲက ဗန်ဒါစေ့(အဆံ) ကို စားကြပါသေးတယ်။

ဒီစာအုပ်လေးထဲမှာတော့ အဲဒီလို ဗန်ဒါပင်လေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကလေးငယ်တစ်ယောက်က ပြောပြနေသလိုမျိုး ဖတ်တဲ့သူတွေ ခံစားရအောင် ဆရာမ 'တူးတူးသာ' က ရေးဖွဲ့ထားပါတယ်။ 

စာအုပ်လေးကို ဖတ်ဖြစ်တဲ့ ကလေးတွေအနေနဲ့လည်း ကိုယ့်အနီးအနားမှာ ရှိနေတဲ့ ဗန်ဒါပင်လေးတွေကို သတိထားမိလာမယ်။ 'အစိမ်းနု'၊ 'အစိမ်းရင့်'၊ မိုးအကုန် ဆောင်းအကူးမှာတော့ 'နီညိုရောင်' အရွက်တွေနဲ့ သိပ်လှတဲ့ ဗန်ဒါပင်လေးတွေကို ကလေးတွေ စိတ်ထဲမှာ ချစ်စရာကောင်းတယ်လို့ မြင်လာပါလိမ့်မယ်။ သစ်ပင်တွေကို ချစ်တတ်လာတာနဲ့အမျှ တန်ဖိုးထားတတ်လာပြီး ချိုးဖဲ့ဖျက်ဆီးတာမျိုးလည်း လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။

#စာဖတ်ကြပါစို့
#Bookreview
#ThaByaeBookCampaign


Publisher Name: ရွှေနှလုံးသား


Related Books

Book Review Image

လျှို့ဝှက်ဥယျာဉ်

နိုင်းနိုင်းစနေ