Book Image

လျှို့ဝှက်ဥယျာဉ်

နိုင်းနိုင်းစနေ

စာအုပ်အမည် #လျှို့ဝှက်ဥယျာဉ် 

 စာရေးသူ #နိုင်းနိုင်းစနေ
 စာအုပ်တိုက် - စာရိပ်မြိုင်စာပေ 
 မျက်နှာဖုံးဒီဇိုင်း - Citamin
အတွင်းဒီဇိုင်း - ခိုင်ဇင်ထွန်း
 ပုံနှိပ်မှတ်တမ်း - ၂၀၂၄ခုနှစ် ၊ ဇန်ဝါရီလ ၊ပထမအကြိမ် ၊ အုပ်ရေ ၂၀၀၀ ၊ စာမျက်နှာ၂၈၈ ၊ တန်ဖိုး ၁၀၀၀၀ကျပ် 
စက္ကူအမျိုးအစား #WoodFree60g ( စာရွက်အဖြူ အချောသား ) 

စာအုပ်မှာချင်ပါက အောက်ကလင့်ကိုနှိပ်ပြီးမှာယူနိုင်သလို http://m.me/296440813843950
Viber - 09757624855 ကိုဖြစ်စေ ဆက်သွယ် ဝယ်ယူနိုင်ပါသည်။


လျှို့ဝှက်ဥယျာဉ်( The secret garden) ဟာ ကလေးစာပေရေးသားသူတွေထဲမှာ နာမည်ကျော်ကြားသူ Frances Hodgson Burnett ရဲ့ 

ဂန္တ၀င်၀တ္ထုတစ်ပုဒ်ပါ . . . 

 Burnett ရေးခဲ့တဲ့ ၀တ္ထုတွေထဲ မှာမှ အကောင်းဆုံး ကလေးစာပေအမျိုးအစားထဲပါတဲ့ စာအုပ် အနေနဲ့လည်း လူကြိုက်များကြပြီး လူတိုင်းဖတ်သင့်တဲ့ ကမ္ဘာ့ဂန္တ၀င်၀တ္ထုစာအုပ် (၃၀)ထဲမှာလည်း အပါအ၀င် ဖြစ်ပါတယ် . . . 

ဇာတ်လမ်းလေးကတော့ ကလေးတွေကြားက သံယောဇဉ် ၊ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှုတွေကို ဖော်ကျူးထားပါတယ် . . . 

 မေရီလန်နောစ့် ( Mary Lennox) ဆိုတဲ့ ကောင်မလေးဟာ မိဘတွေ သေဆုံးပြီးနောက် မိဘမဲ့တစ်ဦးအနေနဲ့ သူ့ဦးလေးရှိရာ အင်္ဂလန်ကို အတူနေထိုင်ဖို့ ရောက်ရှိလာပါတယ် . . . 

ဦးလေးဖြစ်သူ မစ္စတာခရက်ဗင် နေထိုင်ရာ
ယော့ခ်ရှိုင်း(York Shine) မြက်ခင်းလွင်ပြင်ထဲက
မစ္စယ်သွေ့ (Misselthwaite)စံအိမ်ကို မေရီ ရောက်ရှိလာချိန်မှာပဲ ထူးဆန်းတဲ့ ဆက်နွယ်မှုတချို့ကို ခံစားလာရတယ် . . . 

တစ်နေ့မှာ ကလေးသဘာ၀ စူးစမ်းရင်း စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲက ဘယ်သူမှမသိတဲ့ လျှို့ဝှက်ဥယျာဥ်တစ်ခုကို ရှာဖွေတွေ့ရှိသွားပါတယ် . . .

အဲဒီနောက်မှာ ကလေးမလေး မေရီဟာ မစ္စယ်သွေ့စံအိမ်နဲ့ လျှို့ဝှက်ဥယျာဥ်ရဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လျှို့ဝှက်ချက်တွေကို လိုက်လံရှာဖွေပြီး ဥယျာဉ်ကြီးကို အသက်သွင်းဖို့ ကြိုးစားပါတော့တယ် . . .

အဲ့ဒီလို ပြင်ဆင်နေချိန်မှာပဲ သူ ထင်မှတ်မထားတဲ့ ကိစ္စတွေ တဖြည်းဖြည်းပေါ်ပေါက်လာတဲ့အခါမှာတော့ . . . 


Publisher Name: စာရိပ်မြိုင် စာအုပ်တိုက်

Publisher Address: အမှတ် ( ၃၀၈ ) ၊ သင်္ဘောကျင်း ၂ လမ်း ၊ သင်္ဘောကျင်းရပ်ကွက် ၊ ဒေါပုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ။ ဖုန်း - ၀၉၄၂၀၃၆၃၂၂၆

Publisher Phone Number: 09420363226


Related Books

Book Review Image

ဗာဒံပင်

တူးတူးသာ