#ပါပီယွန်
#ဆံနွယ်ခက်ခက်အိမ်မက်ရနံ့ဟောင်း
#ကိုသံချောင်းနှင့်နှစ်ပေါင်း၂၀
စာရေးဆရာနာမည်က ပါပီယွန် ဆိုကတည်း ဆရာ့ကို မိတ်ဆက်ပေးစရာ လိုမည်မထင်။
အရင်က ထွက်ခဲ့ဖူးတဲ့ စာအုပ်တွေမှာတည်းက ဆရာက ဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာက ဆရာ့စာဖတ်ပရိတ်သတ်က အလိုလို သိသည်ပင်။
ဒီစာအုပ်လေးနာမည်မှာကတည်း ဝတ္ထုလတ်နှစ်ပုဒ်တဲ့။
မိမိကြားဖူးသည်က ဝတ္ထုတို သို့မဟုတ်
ဝတ္ထုရှည်ပေါ့။
အဲ့ကတည်း တော်တော်ဆန်းနေပြီ။
ဒီတစ်အုပ်လုံးကို ခြုံပြီးပြောရရင် လူငယ်ဘဝနဲ့ လူလတ်ဘဝနှစ်ခုကို အခြေခံပြီး ဇာတ်အိမ်ဖွဲ့ထားသည်ဟု မိမိ ထင်မြင်မိသည်သာ။
#ပထမတစ်ပုဒ်မှာက ဆယ်တန်းတက်နေကြသော အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်
မထုဆိုသော မိန်းကလေးနှင့် အသက်
ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်။
ကျူရှင်မှာတွေ့ကြ။
တန်ဆောင်တိုင်ပါတီမှာ ငစိုင်းသူငယ်ချင်းဆီကနေ ရည်စားစာကို
ကောင်လေးက မထုကို ပေးခဲ့လေသည်။
ပြဿနာထဲမှာက ဘာစာရေးထားလဲ ကောင်လေးမသိ။
သို့သော် ပေးလိုက်မိလေသည်။
ထို့နောက် ကောင်လေး က မထု ကို မတွေ့ဘဲ ရှောင်နေလေတော့သည်။
တစ်ရက် မထု မနေနိုင်တော့။
စာလည်း အပေးခံရ၊ရှောင်ကြဉ်ခြင်းကိုလည်း ခံရဆိုတော့။
ပေါက်ကွဲလာပြီ။
ကဲ ဇာတ်ရှိန်တက်လာပြီမဟုတ်လား။
ဆယ်တန်း အကြိမ်ကြိမ် ကျနေတဲ့ကျောင်းသူ နဲ့ နှစ်သစ် ကျောင်သား
အသက်ချင်း ကလည်းကွာ။
သူတို့ ဘာဆက်ဖြစ်ကြမလဲ။
လက်တွဲမည်လား။
လမ်းခွဲမည်လား။
မိဘတွေကရော သဘောတူကြမည်လား။
အချစ်နဲ့ပညာရေးမှာ ကောင်လေးနဲ့ မထု
ဘယ်ဟာရွေးချယ်ကြမလဲ။
ဆက်လက် ဖတ်ရှုခံစားကြည့်ပါ။
#ဒုတိယတစ်ပုဒ်ကတော့
သူငယ်ချင်းနှစ်ယောက် တာမွေ အရိုးကုန်းက ရေဒီယို ကက်ဆက်ပြင်တဲ့ သင်တန်းကျောင်းမှာတွေ့။
သင်တန်းမှာ ပြဿနာ တစ်ခုကြုံပြီး သူတို့နှစ်ယောက် ထုတ်ခံရ။
သို့သော် ထိုနှစ်ယောက်ဟာ ညီအကို အရင်းတမျှခင်လာ။
ဝါဒ တစ်ခုကို ကိုင်စွဲရင်း အလုပ်လုပ်လိုက် အလုပ်လုပ်မဲ့ဖြစ်လိုက်နဲ့ပေါ့။
ရန်ကုန်နေလိုက်၊အညာမြေ ပြန်လိုက်။
နောက်ပိုင်း တစ်ယောက်က စင်ကာပူရောက်။
တစ်ယောက်က အဂ်လန်ရောက်။
ဘဝ တစ်ခုအတွက် အသီးသီး တာဝန်ကိုယ်စီ ထမ်းဆောင်ရင်း
ဒုက္ခတွေကို ခံစားခဲ့ကြရသလို
သုခတွေကို လည်း စံစားခဲ့ကြရ။
သူတို့ကြုံတွေခဲ့ရတဲ့ ဒုက္ခတွေကို
သူတို့ ဘယ်လို ဖြေရှင်းကြသလဲ။
သူတို့ကိုင်စွဲ ခဲ့တဲ့ ဝါဒတွေဟာ
သူတို့အတွက် ဘယ်လိုအထောက်အကူပြုခဲ့သလဲ။
သူတို့နှစ်ယောက်အတွက် ချစ်ခြင်းမေတ္တာတရားကို ဘယ်သူ က ဆောင်ကြဉ်းယူဆောင်လာခဲ့သလဲ။
သူတို့နှစ်ယောက်ကို မွေးဖွားပေးလိုက်တဲ့ ဇာတိမြေနဲ့ သူတို့ ပညာရှာ အလုပ်လုလုပ်ရာ ပြင်ပမြေ တို့ ဘယ်လို ကွာဟချက်တွေ ရှိသလဲ။
ဇာတိမြေကို သူတို့ဘယ်လောက် ချစ်မြတ်နိုးကြသလဲ
သူတို့နှစ်ယောက် နှစ်ပေါင်းနှစ်ဆယ်အတွင်း ဘယ်လိုဖြတ်သန်းလာခဲ့ရလဲ
ဆိုတာ စာရှုသူတို့ ရှာဖွေဖော်ထုတ်နိုင်ကြပါစေ။
မိမိ အနေဖြင့် လူငယ် လူလတ်ပိုင်းတွေ ဖြစ်ပျက်နေကြတဲ့ အတွေ့အကြုံလေးတွေကို ကိုယ်တွေ့ဖြစ်ပျက်လေးတွေနဲ့ ဖန်တီးထားမှုလေးတွေမြင်ရပါတယ်။
တစ်ခါတစ်ရံ ဆရာကြီးရွှေဥဒေါင်းရဲ့
ဖလော်ဆော်ဖီ လေးတွေကို မြင်ရသလို
တစ်ခါတစ်ရံ ဆရာမြသန်းတင့်ရဲ့ မောင်သံချောင်းကလည်း ဇာတ်ကောင်စရိုက်ကို ထင်ဟပ်လာနေစမြဲ။
နောက်တစ်ချက်က အရင် ဇီးကွက်ချောင်း တံတား ဖတ်ဖူးသူတိုင်း
The reader Movie ကို ကြည့်ဖူး ခံစားဖူးမယ်ထင်ပါတယ်။
ထို အငွေ့အသက်များကို ပထမ ဝတ္ထုလတ် မှာ တဖန်ပြန်လည် ခံစားရပါလိမ့်မယ်။ ထို့အပြင်
ယနေ့ခေတ်နဲ့ယခင်ခေတ် ဆိုတာ ခေတ်ပြောင်းလဲနေပေမဲ့
စိတ်ပိုင်းဆိုင်ရာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကတော့ အတူတူဖြစ်နေတဲ့ မိမိ ဇာတိမြေကို လွမ်းဆွတ်ရင်း...........
အားလုံးကိုကျေးဇူးတင်ပါသည်။
အကောင်းမြင်ဝါဒ ထွန်းကားပါစေ။
#pisi(Mandalay)
#4-ဇွန်-၂၀၂၀
#ဆယ့်တစ်နာရီနှစ်ဆယ်မိနစ်