မြောက်ကိုရီးယား ပြုံယန်းမြို့တော်
ကမ္ဘာ့နိုင်ငံတွေထဲက
သံပတ်စက်ရုပ်တွေရဲ့ သီးသန့်ကမ္ဘာတစ်ခု
လေဆိပ်မှာကတည်းက
အိတ်ဆောင်ရေဒီယို ယူခွင့်မရှိ လက်ကိုင်ဖုန်းသိမ်းစစ်ပြန်ပေး …
ချစ်လှစွာသောခေါင်းဆောင်ကြီးရဲ့ ပုံတူချိတ်ထားတဲ့ နံရံမှာ ဘာတစ်ခုမှ ချိတ်ဆွဲခွင့်မရှိ
ဝါဒဖြန့်ရုပ်သံလိုင်းတစ်လိုင်းကလွဲရင် ကြည့်စရာနတ္တိ
ပြတဲ့ဇာတ်ကားတွေက အမေရိကန်နဲ့ဂျပန်စစ်သားတွေရဲ့ ညှည်းပန်းနှိပ်စက်မှုကို တော်လှန်ကြ ဒို့ပြည်သူတွေဆင်းရဲမှုကိုကြံ့ကြံ့ခံပြီးရှေ့ဆက်ကြ ဝါဒဖြန့်ဆိုင်းဘုတ်ကြီးတွေ … ဘာညာကွိကွ …
ခေါင်းဆောင်ကြီးပုံတူ ရင်ထိုး ရင်ဘတ်မှာမတပ်ရင် သစ္စာဖောက် အကြံသမား ခြစား …
အမျိူးသမီးဝတ်စုံတွေက ဒီဇိုင်းတူ ပုံစံတူ အကုန်တူ ဖိနပ်တွေက ဆင်တူ …
"အင်စတော်လေးရှင်း ခန်းမကြီးထဲရောက်နေသလိုပဲဟ"
ဆန့်ကျင်ပုန်ကန်သူတွေ သစ္စာဖောက်တွေအတွက်
ပြန်လည်ပညာပေးစခန်းဆိုတာ ပြန်လမ်းမရှိစခန်း
နိုင်ငံခြားကား ကြည့်ခွင့်မရှိ
၂ နှစ်တစ်ကြိမ် ဖွင့်သော ရုပ်ရှင်ရုံအသစ်စက်စက်ကြီး
စကားစမြည်ပြောနေသူမရှိ လမ်းမပေါ်မှာစိတ်ကူးယဉ်နေစရာ ဗလာ …
နိုင်ငံတွင်းကို ဘယ်သူလာလာ ခေါင်းဆောင်ကင်ကို အလေးအမြတ်ပြု ပန်းစည်းချပြီးမှဝင်ရပါမယ်
ကြီးကျယ်ခမ်းနားလှသော ကင်ဂျူံအီလ်ပုံတူ ၈၀%လောက်ရှိတဲ့ ပြတိုက်ကြီးကို လေ့လာပါ
"အောင်မြင်တဲ့လူ့အဖွဲ့အစည်းဖြစ်လာအောင် ပြန်လည်တည်ဆောက်ရာမှာ လူဦးရေစုစုပေါင်းရဲ့ ၃၀%သာ ရှင်သန်နေဖို့လိုတယ်"(ကင်ဂျူံအီ)
မြောက်ကိုးရီးယားရောက်ကာတွန်းဆရာတစ်ယောက်
သူကြုံတွေ့ခဲ့ရတဲ့ သံပတ်စက်ရုပ်တွေအကြောင်း
အထိမိဆုံး ရေးပြလိုက်တဲ့အခါ …
"လူတစ်ယောက်ရဲ့စိတ်ကို ဘယ်အတိုင်းအတာထိ လှည့်ဖျားထိန်းချုပ်နိုင်ပါသလဲ ဒီတိုင်းပြည် တဖြည်းဖြည်းတံခါးဖွင့်လာရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြိုလဲသွားရင်ပဲဖြစ်ဖြစ် အဖြေကို ကျွန်တော်တို့သိရနိုင်ပါတယ်"
Guy Delisle ရဲ့ ရုပ်ပြစာအုပ်တွေကို
ခုတလော သိပ်သဘောတွေ့နေပါတယ်
ကြိုက်လည်းကြိုက်နေတယ်
ဖတ်ကြည့်ပါ
စာအမြည်းလောက်လေး ညွှန်းတာထက် အများကြီးပိုကောင်းမယ်လို့ အာမခံပါရစေ …
Avalible Now
#MyittaryeikMobileLibrary