Book Image

ကျွန်မဒီမိုကရေစီ

မောင်ထင်

ကျွန်မဒီမိုကရေစီ

မောင်ထင်
ပကြိမ်၊၂၀၁၇၊မတ်လ
တန်ဖိုး - ၂၀၀၀ ကျပ်
စာမျက်နှာ - ၁၅၄

မာတိကာ
၁။ ကျွန်မဒီမိုကရေစီ
၂။ ဒီမိုကရေစီဟူသည်ကား
၃။ အများသဘော
၄။ ဂုန်းနိုင်ငံရေး
၅။ အာဃာတနိုင်ငံရေး
၆။ ရွေးကောက်ပွဲဒဏ္ဍာရီ
၇။ ပြည်ထောင်စုနှင့်ဗြဟ္မစိုရ်
၈။ မှားတာနော်စာစီကုံးရလျှင်
၉။ ဆက်ရန်ရှိသေးသည်
၁၀။ ဖောက်သည်
၁၁။ စည်းရုံးရေးပါရဂူတို့အား ပန်ကြားချက်
၁၂။ အိုအချင်း တော်လှန်ရေးသမားတို့
၁၃။ နိုင်ငံရေးသင်္ခါရဓမ္မ
၁၄။ ကျွန်ပြန်ဖြစ်လိုကြသလား
၁၅။ စစ်ဖြစ်ခဲ့သော်


အမှာစာ

၁၉၆၂ ခုနှစ်၊ စက်တင်ဘာလမှာ ထုတ်ဝေခဲ့တဲ့ နဝဒေးမဂ္ဂဇင်းထဲကအဖေ့ရဲ့ ဆောင်းပါးနာမည်က “ကျွန်မဒီမိုကရေစီ” ဖြစ်ပါတယ်။ အဲဒီ နဝဒေး
မဂ္ဂဇင်းကို ကောက်ကိုင်လိုက်တိုင်း အဲဒီဆောင်းပါးကို မျက်စိကျခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ ကျွန်တော့်အသက် ဆယ့်လေးငါးနှစ်အရွယ်လောက်ကတည်းကဆိုပါတော့။

အဲဒီအချိန်က “ဒီမိုကရေစီ”ဆိုတဲ့ စကားထက် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ဆိုတဲ့ စကားရပ်က ကြီးစိုးနေတဲ့အချိန် ဖြစ်ပါတယ်။

အဖေ့စာအုပ်တွေကို စာအုပ်အဖြစ် ထုတ်ဝေကြတဲ့ ထုတ်ဝေသူတွေနဲ့ကျွန်တော်ကိုယ်တိုင်ဆက်သွယ်ပြီး စာအုပ်တွေစီစဉ်ခဲ့တဲ့ အချိန်ကာလမှာလည်းပဲ
အဖေရေးခဲ့တဲ့ “ကျွန်မဒီမိုကရေစီ” ကို ပွဲထုတ်ဖို့ ကြံစည်ခဲ့ပါတယ်။ အရပ်သားအစိုးရ အချိန်ကာလမဟုတ်တော့ ကျွန်တော့်ရဲ့အကြံအစည် မအောင်မြင်ခဲ့ပါဘူး။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအချိန်ကာလ နီးလာချိန်မှာ လောကသရဖူစာအုပ်တိုက်က ကိုမင်းမင်းဇော်က အဖေ့ရဲ့ “မြို့အုပ်ပုံပြင်” စာအုပ်ထဲက“ရွေးကောက်ပွဲဒဏ္ဍာရီ” ဝတ္ထုခေါင်းစဉ်နဲ့ ဝတ္ထု၊ ဆောင်းပါးလေးတွေပေါင်းပြီးစာအုပ်ကလေးတစ်အုပ် ထုတ်ဝေချင်ကြောင်း တောင်းဆိုလာပါတယ်။
၂၀၁၄ခုနှစ်၊ ဧပြီလမှာ “ရွေးကောက်ပွဲဒဏ္ဍာရီ” ဆိုတဲ့ စာအုပ်ကလေးကို ထုတ်ဝေဖြစ်ခဲ့ပါတယ်။

အခု ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဆရာမောင်ဇေယျာက “ရွေးကောက်ပွဲ
ဒဏ္ဍာရီ” ကို ပြန်ပြီးထုတ်ဝေချင်တယ်လို့ ကမ်းလှမ်းလာပါတယ်။ ဆရာက ပထမ
အကြိမ် ပုံနှိပ်ထုတ်ဝေစဉ်က ဝတ္ထု၊ ဆောင်းပါး ခုနစ်ပုဒ်အပြင် နောက်ထပ်ဆောင်းပါးရှစ်ပုဒ်ကို ထပ်မံဖြည့်စွက်ပြီး“ကျွန်မဒီမိုကရေစီ” အမည်နဲ့ ထုတ်ဝေဖို့စီစဉ်ပါတယ်။

တစ်ချိန်က ကျွန်တော်ကြံစည်စိတ်ကူးခဲ့တဲ့ စိတ်ကူးကလေးကို ဆရာမောင်ဇေယျာက အကောင်အထည်ဖော်ပေးလိုက်ပါပြီ။
လွန်ခဲ့တဲ့ ငါးဆယ့်ငါးနှစ်အချိန်ကာလ၊ အဖေရေးခဲ့တဲ့ “ကျွန်မဒီမိုကရေစီ” ဆိုတဲ့ ဆောင်းပါးနဲ့ အခြားဆောင်းပါးတွေကို စာဖတ်ပရိသတ်လက်ထဲ
လွတ်လွတ်လပ်လပ်နဲ့ ပို့ဆောင်ခွင့်ရလိုက်ပြီမို့စာအုပ်စီစဉ်တဲ့ဆရာမောင်ဇေယျာနဲ့
ဇေယျာမိုးစာအုပ်တိုက်က ဦးမိုးကျော်တို့ကို ကျေးဇူးစကားဆိုပါရစေ။

“ကျွန်မဒီမိုကရေစီ” နိဂုံးပိုင်းမှာ အဖေရေးခဲ့သလို ကျွန်တော်တို့ကသာကိုယ့်တာဝန်ကိုယ်ကျေဖို့ ကြိုးစားကြရပါဦးမယ်။

ညီကိုး


Publisher Name: ဇေယျာမိုးစာအုပ်တိုက်

Publisher Address: အမှတ် ၁၉ (H) ၇လွှာ၊ ၅၅လမ်း ၊ပုဇွန်တောင်မြို့နယ်။ ဖုန်း - 095073605 ,0973084636

Publisher Phone Number: ဖုန်း - 095073605 ,0973084636


Related Books