Book Image

စိတ်ညစ်ရင်ဖတ်ဖို့

ကျော်ရင်မြင့်

တန်ဖိုး..၃၀၀၀ကျပ်။

ပထမအကြိမ် ၊ ဇန်နဝါရီလ ၊ ၂၀၂၂ ခုနှစ်။
စာမျက်နှာ...၁၄၁ မျက်နှာ။


စိတ်ညစ်ရင် ဖတ်ဖို့

ကျော်ရင်မြင့်

ကိုယ်ကိုယ်တိုင်လည်း စိတ်ညစ် ၊ စိတ်ရှုပ် ၊ အဆင်မပြေနေချိန်မှာ ဒီစာအုပ်လေးကို ကောက်ဖတ်မိလိုက်တာပါပဲ။ စိတ်အဆင်မပြေရောဂါ ဖြစ်နေတဲ့အချိန်မှာ စာအုပ်ထဲက ဆေးလုံးလေးတွေကို ကောက်သောက်လိုက်ဖို့ပါပဲ ။ ကိုယ်တိုင်လည်း ဆေးတိုးသွားလို့ ၊ လူတိုင်းဟာလည်း အနည်းနဲ့ အများ စိတ်အဆင်မပြေဖြစ်နေချိန်မှာ ဒီစာအုပ်လေးကြောင့် ဆေးတိုးစေချင်တာပါပဲ။

ကိုယ်ပျော်ဖို့ ကိုယ့်မှာပဲ တာဝန်ရှိတယ် ။ ဒါပေမယ့် သူများကြောင့်ဆိုပြီး တာဝန်လွှဲမိတတ်တော့ ပျော်ဖို့ မကြိုးစားမိတော့ဘူးပေါ့။ အ​မြင် ပြောင်းတွေးလိုက်ရင် ကိုယ့်စိတ်လည်း ပြောင်းသွားမှာကို ၊ အမြင်က မပြောင်းတွေးမိတော့ ကိုယ့်စိတ်ကလည်း ဒီစိတ်ညစ်တဲ့ အတွေးထဲမှာ ဝဲလည်.... ဝဲလည်နဲ့ သံသရာကိုလည်နေရော။

ကိုယ်မြင်သလို ကိုယ်တွေးသလိုပဲ ကိုယ်ကြုံရတတ်တယ်တဲ့။ ကဲ.....မထူးဆန်းဘူးလား။ 
ခုကစပြီး ကိုယ်ဖြစ်ချင်တာတွေပဲ ပြောင်းတွေးပြီး လက်တွေ့စမ်းသပ်ကြည့်ကြရအောင်လား။

တစ်ခါတစ်ခါကျ ကိုယ်မကိုယ်မလိုချင်တာ​ဖြစ်လာရင် အရာရာကို အကြီးကြီး ခံစားမနေဘဲ ကိုယ်မလုပ်နိုင်တဲ့အခြေအနေရှိရင် ဒါကို လက်ခံပြီး နေနိုင်ရင် အနည်းဆုံး စိတ်တော့အေးချမ်းသွားမှာ အသေအချာပါပဲ။
ထိုင်စိတ်ဆင်းရဲနေမလား၊ ​ဖြစ်လာတဲ့အရာကို လက်ခံလိုက်မလား ။ သင်ဆိုရင်ရော။

ပြဿနာ ၊ စိတ်ဆင်းရဲ တစ်ခုနဲ့ ကြုံနေရင် ဖြေရှင်းဖို့ ဘာလုပ်ရမှန်း မသိသေးရင်
 အဲ့ကိစ္စကို ခနလေး ချထားလိုက်ပြီး လောလောဆယ် ကိုယ် လုပ်စရာရှိတာလေးတွေ လုပ်ပြီး သတိရမှ ချထားတဲ့နေရာကို သွားပြီး ကြည့်ကြည့် လိုက်ပါ။
  အလိုလို ဖြေရှင်းပြီးသားကို ဖြစ်နေလိမ့်မယ်။ အဲ့လိုမဟုတ်ဘူးဆိုလည်း ကိုယ်က ဖြေရှင်းဖို့ နည်းလမ်းတွေ သိနေတာကို တွေ့ရလိမ့်မယ်။ စမ်းကြည့်ကြည့်လိုက်ပါ...မိတ်ဆွေ။

ပျော်ရွှင်ခြင်းကို လူတိုင်း နှစ်သက်မယ်ထင်ပါတယ်။ အားလုံး စိတ်မညစ်ကြပါနဲ့။ စိတ်ညစ်တာထက် ပျော်ဖို့ကိုပဲ ရွေးချယ်
လိုက်ကြရအောင်နော်။

စာညွှန်း..ငြိမ်းအေးစံ


Publisher Name: စာပေလောကစာအုပ်တိုက်

Publisher Address: အမှတ် ၁၇၃၊၃၃လမ်း၊ရန်ကုန်မြို့

Publisher Phone Number: ဖုန်း 01374391


Related Books

Book Review Image

ရွှင်ပျော်ပျော်_အောင်မြင်ရေးအိုင်ဒီယာများ

​ကျော်​ရင်​မြင့်