Book Image

ကဘူးလ်မြို့ကစာအုပ်ဆိုင်ပိုင်ရှင်

စိန်၀င်းစိန်


တန်ဖိုး..၃၀၀၀ကျပ်
်စာပေ..ဘ၀တက္ကသိုလ်စာပေ
အကြိမ်..ပထမအကြိမ်.၂၀၁၄ခုနှစ်
စာမျက်နှာ..၂၈၉မျက်နှာ


စိန်၀င်းစိန်...ကဘူးလ်မြို့ကစာအုပ်ဆိုင်ပိုင်ရှင်

(ဘာသာပေါင်း၁၃ခုဖြင့်ပြန်ဆိုပြီး ဖြစ်သည့်စာအုပ်)

ကဘူးလ်မြို့ကစာအုပ်ဆိုင်ပိုင်ရှင် "စူလတန်"ကိုဗဟိုပြုပြီး အာဖဂန်နိုင်ငံ၏ နိုင်ငံရေး.လူမှုရေး.ယဉ်ကျေးမှုနောက်ခံတွင် `လူ့အခွင့်အရေး ဆုံးရှုံးနေကြရရှာသည့် အာဖဂန်အမျိုးသမီး´တို့၏အဖြစ်က ရင့်နင့်ဖွယ်ရာပါပဲ...

နှစ်ပေါင်းနှစ်ဆယ်နီးပါး ပေါင်းဖက်ခဲ့သည့် လင်ယောကျ်ား"စူလတန်"ကသူမအိပ်စက်ခဲ့သည့် မယားငယ်ငယ်လေးအတွက် သီးသန့်ထားလိုက်ချိန်မှာတော့ "ရှရီဖာ"၏ဘ၀က အိုပယ်ဇနီးသည်နှင့်မခြားပါ..

တာလီဘန်တွေက လက်သည်း.ခြေသည်းဆေးဆိုးသည့် မိန်းမတွေကို ခြေချောင်း.လက်ချောင်းဖြတ်ပစ်သတဲ့.
ကြက်သီးထစရာကြီး

`ဆလီကာ´သူမချစ်သူနှင့် တက္ကစီတူတူစီးပြီး လူအများမြင်သာသည့် ပန်းခြံလိုနေရာမျိုးမှာ တူတူထိုင်ပြီးစကားပြောလို့ ဝါယာကြိုးတွေနဲ့ရိုက်.လက်သီးနဲ့ပေါက်ပြဲအောင်ထိုး အခန်းထဲပိတ်လှောင်ထားကြပြီး မိန်းမပျက်အဖြစ်သတ်မှတ်ကြသတဲ့

ယောကျ်ားရှိတဲ့ `ဂျမီလာ´အိပ်ခန်းပြတင်းကို လူတစ်ယောက်၀င်သွားတာတွေ့လို့ 
 အကို၃ယောက်က ဂျမီလာကို ခေါင်းအုံးနဲ့ဖိသတ်လိုက်သတဲ့့....

အာဖဂန်အမျိုးသမီးတွေ ခေါင်းမြီးခြုံ၀တ်စုံသာ၀တ်ဆင်ရပြီး အများစုမှာ ပညာသင်ခွင့်မရ.အလုပ်လုပ်ခွင့် မရကြ.အပြင်ထွက်ခွင့် မရကြရှာတဲ့ လူ့အခွင့်အရေး ဆုံးရှုံးစွာနေကြရသည့် အာဖဂန်အမျိုးသမီးများရင့်နင့်ဖွယ် အဖြစ်များပြည့်နှက်နေသောစာအုပ်လေးတစ်အုပ်ပါ...

#သက်ထား
#ဘာသာပြန်ဖတ်ညွှန်း
#savethelibrary


Publisher Name: ဘဝတက္ကသိုလ်စာပေ

Publisher Address: အမှတ် ၁၄၉/ ၃၇ လမ်း/ရန်ကုန်

Publisher Phone Number: ၀၁၂၄၉၇၄၁, ၀၉၅၁၁၂၇၁၄


Related Books

Book Review Image

အိပ်ဇိုးဒပ် နိုင်ငံတစ်ခုမွေးဖွားခြင်း

မောင်မိုးသူ
Book Review Image

အကြီးအကဲ (နိုင်ငံတစ်ခု ပျက်သုဉ်းခြင်း)

မောင်ပေါ်ထွန်း
Book Review Image

မရဏကုန်သည်

မောင်မြင့်ကြွယ်