Book Image

မရဏကုန်သည်

မောင်မြင့်ကြွယ်

စာအုပ်အမည်   -မရဏကုန်သည်

စာရေးသူ        -မောင်မြင့်ကြွယ်
မူရင်း             -FATAL CURE by Robine Cook
စာပေတိုက်      -ဘဝတက္ကသိုလ်စာပေ
စာအုပ်မှတ်တမ်း-၂၀၁၄ ဖေဖော်ဝါရီလ ဒုတိယအကြိမ် အုပ်ရေ ၅၀၀
တန်ဖိုး            -၄၀၀၀ကျပ် ၃၆၅စာ
မျက်နှာဖုံး        -ဒီဇိုင်း မောင်ကျော်စိုး


ဒေါက်တာဒေးဗစ် ဇနီး တွဲဖက်ရောဂါဗေဒပညာရှင်ဒေါက်တာအင်ဂျယ်လာဝီလ်ဆင် စစ်တတစ်ဖိုင်ဘရိုးဆစ်( cystic fibrosis ) ရောဂါဝေဒနာခံစားနေရသောသမီးတို့သည်ဘတ်တလက်ကွန်မြူနီတီဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်ရန်ရောက်ရှိလာပါတယ် ဘတ်စလက်ကွန်မြူနီတီဆေးရုံကြီးသည်စီအမ်ဗီ၌ကျန်းမာရေးအတွက်လစဉ်ငွေပေးသွင်းနေသောသူများကိုလူနာအဖြစ်ဆေးကုသပေးရန်စာချုပ်ချုပ်ဆိုထားသော်လည်းဆေးကုသမှုကုန်ကျငွေများပြားနေပြီဝင်ငွေနည်းပါးသောအခက်အခဲကိုရင်ဆိုင်နေရသောဆေးရုံကြီးဖြစ်ပါတယ် အရေးပေါ်ခန်း၌ကုသရသောလူနာများ၏ကုန်ကျသောငွေများကိုစီအမ်ဗီမှပေးသွင်းရန်စာချုပ်ထဲတွင်ချုပ်ဆိုထားခြင်းမရှိသဖြင့်လူနာများတွင်တောင်းခံသော်လည်းစီအမ်ဗီ၌သာကုန်ကျငွေများကိုတောင်းခံရန်ပြောဆိုသောပြသာနာကိုပါရင်ဆိုင်နေရပါတယ်


ဒေါက်တာဒေးဗစ်တို့မိသားစုဝယ်ယူနေထိုင်သောအိမ်သည်ဆေးရုံအသိုင်းအဝိုင်းမှလူများ၏မုန်းတီးမှုကိုခံနေရသောဘတ်တတလက်ကွန်မြူနီတီဆေးရုံကြီး၌တာဝန်ထမ်းဆောင်ခဲ့သူအုပ်ချုပ်ရေးမှူးပောာင်းဒေါက်တာဒင်းနစ်ဟော့ချ်၏နေအိမ်ဖြစ်ပြီ ဒေါက်တာဒင်းနစ်ဟော့ချ်သည်ထူးဆန်းစွာပျောက်ဆုံးနေသူတစ်ဦးဖြစ်ပါတယ် ကုသနေသောလူနာများ၏သေဆုံးမှုများကိုအဖြေရှာမရဖြစ်နေသူ
ဒေါက်တာဒေးဗစ် ပျောက်ဆုံးနေသောဒေါက်တာဒင်းနစ်ဟော့ချ်၏အလောင်းကိုမိမိတို့၏အိမ်၌တွေ့ရှိပြီးနောက်လိုက်လံစုံစမ်းမေးမြန်းနေသောဒေါက်တာအင်ဂျင်လာဝီလ်ဆင် ဆေးရုံးဝင်းအတွင်းရှိကားပါကင်၌သူနာပြုဆရာမများအားမှုဒိမ်းမှုကျူးလွန်နေသူတစ်ယောက်  စိတ်ရောဂါခံစားနေသူလူသတ်သမားတစ်ဦး ဆေးရုံးကြီးချယ်ယာမင်ဟာရိုးထရေနာပါဝင်သောလူတစ်စု၏ကိုယ်ကျိုးရှာအမြတ်ထုတ်ဆောင်ရွက်နေမှုများကိုဖော်ပြထားသောဆေးလောကဇာတ်လမ်းဖြစ်ပါတယ်

Aung Thura
7-6-2017 1035 am


Publisher Name: ဘဝတက္ကသိုလ်စာပေ

Publisher Address: အမှတ် ၁၄၉/ ၃၇ လမ်း/ရန်ကုန်

Publisher Phone Number: ၀၁၂၄၉၇၄၁, ၀၉၅၁၁၂၇၁၄


Related Books

Book Review Image

အိပ်ဇိုးဒပ် နိုင်ငံတစ်ခုမွေးဖွားခြင်း

မောင်မိုးသူ
Book Review Image

အကြီးအကဲ (နိုင်ငံတစ်ခု ပျက်သုဉ်းခြင်း)

မောင်ပေါ်ထွန်း
Book Review Image

ကဘူးလ်မြို့ကစာအုပ်ဆိုင်ပိုင်ရှင်

စိန်၀င်းစိန်