Book Image

ရွှေနိုင်ငံနိဒါန်း

ဝင့်ပြုံးမြင့်

စာအုပ်အမည်... ရွှေနိုင်ငံနိဒါန်း


မြန်မာပြန်ဆိုသူ.....ဝင့်ပြုံးမြင့်
မူရင်း................The Dark Road 
                         by MA JIAN
                         ( In Chinese)
                                &
                         Flora Drew
                         ( In English)  

ပုံနှိပ်ခြင်း..........ဂျာနယ်လစ် စာပေ
                       ပထမအကြိမ်
                       ဇွန်လ၊၂၀၁၈ ခုနှစ်

တန်ဖိုး..............၅၅၀၀ ကျပ်
စာမျက်နှာ.......... ၄၄၉



♦ရွာသူရွာသားအပေါင်းတို့!
တရုတ်ပြည်မှာ လူဦးရေကြီးထွားမှုကို မထိန်းချူ ပ်နိုင်ဘူးဆိုရင် လူ့အဖွဲ့အစည်းတစ်ခုလုံး ဒီဒဏ်ကို ခံရလိမ့်မယ်။
ကျူ ပ်တို့ရဲ့ တရုတ်ပြည်ကြီးဟာ စီးပွားရေးတစိုက်မတ်မတ်ဖွံ့ဖြိုးလာတော့မှာ မဟုတ်ဘူး။
တိန့်ရှောင်ဖိန်ဟာ ကလေးမွေးနှုန်းကို ထိန်းချူ ပ်
ဖို့အမိန့်ပေးထားတယ်။
သားဆက်ခြားစီမံကိန်းကို ဆန့်ကျင်တဲ့လူဟာ
တိုင်းပြည်ရဲ့ ရန်သူ၊လူတန်းစားရန်သူ
ပြဿ နာရှာတဲ့လူတစ်စုရဲ့ ကြိုးကိုင်ချယ်လှယ်မှုကို လူများစုကြီးက ခွင့်မပြုပါနဲ့။
အသိမ်းခံရတဲ့ ကောက်ပဲသီးနှံ နဲ့ ပရိဘောဂတွေ
ဟာ အခုဆိုရင် နိုင်ငံတော်ပိုင်ဖြစ်သွားပါပြီ။
ဘယ်သူမှ မျက်စောင်းမထိုးကြပါနဲ့။   

♦သားဆက်ခြားစီမံကိန်းအတွက် တပ်ကြပ်ဝတ်စုံဝတ် လူုကြီးတစ်ယောက်၏ အဆိုပါအသိ
ပေးပြောကြားချက်အော်လန်မှ ထွက်ပေါ်သံဆုံး
သည်နှင့် ရရလက်နက်စွဲကိုင်တော်လှန်ကြရင်း
တုတ်တပြက်၊ဓားတပြက်နှင့် စစ်မြေတလင်းဖြစ်
သွားရသည့် အခြေခံလူတန်းစားများနေထိုင်ရာ
"ကွန်ရွာ" .................။  

♦ခွင့်ပြုချက်မရှိပဲ ကိုယ်ဝန်ဆောင်တဲ့မိန်းမသား
တိုင်းသည်
▪သားဆက်ခြားဥပဒေချိူ းဖောက်မှု
▪တိုင်းပြည်အနာဂတ်စီးပွားရေးခြိမ်းခြောက်မှု
ဆိုတဲ့အမှုနှစ်ခုကို ကျူ းလွန်သူအဖြစ်သတ်မှတ်ခံရသော ကာလတစ်ခုဝယ်............
ကွန်ဖြူ းရှပ်၏ ၇၆ ဦးမြောက်မျိူ းဆက်ဖြစ်သည့်
ရွာကျောင်းဆရာလေး ကွန်ကျီတစ်ယောက် နာမည်ကျော် ကွန်မျိူ းရိုးအမွေကို ဆက်ခံမည့်
၇၇ ဦးမြောက် သားယောက်ျားလေးမျိူ းဆက်ရရှိ
ရေးအတွက်....................

တရုတ်အစိုးရ၏ သားဆက်ခြားဥပဒေချိူ.းဖောက်သူများကို ရက်ရက်စက်စက်ဖြို ခွင်း၊ကျူ းလွန်မိသူ၏ပစ္စည်းသိမ်း၊ဒဏ်ကြေးရိုက်နေသည့်ကြားထဲကပင် သားဆက်ခြားစီမံကိန်းကို မျက်ကွယ်ပြု
ကာ၊သားဆက်ခြားဝရမ်းပြေးဘဝကို ခံယူသည်။

♦မျိူ းရိုးတာဝန်ကျေပွန်ချင်လွန်းလှသဖြင့် ပညာ
ဖြင့်အသက်မွေးရသည့် ကျောင်းဆရာဘဝကိုစွန့်
 လွှတ်သည်။ကွန်မျိူ းဆက်ရဖို့အတွက် ကြုံ ရာကျ ဘမ်းအလုပ်တွေနဲ့ ပင်ပန်းဆင်းရဲလှစွာ ရှာဖွေစားသောက်နေထိုင်ရင်းရေပေါ်လူသားဘဝ၊လှေစုတ်တစ်စင်းနှင့်လှေပေါ်အိပ်၊လှေပေါ်စား၊လှေကိုအိမ်လုပ်နေရသည်။

♦ကွန်ကျီအတွက် သားယောက်ျားလေးမမွေးပေးနိုင်မချင်း ကိုယ်ဝန်ဆောင်ပေးရမည့်ဆင်းရဲဒုက္ခတွေကြားထဲ ဘဝစတေးထားရသည့် မယား
ဝတ္တရားကျေပွန်လှသည့် ကွန်ကျီ၏ဇနီး မေ့လီ။

♦ကျောင်းဆရာမိသားစုလေးမို့ သမီးဦးနန်နန်ကို ကြုံသလိုစာသင်၊ကဗျာသင်ပေးသလို ဇနီးသည်ကို ကဗျာလေးတွေ ရွတ်ပြတတ်တဲ့အချိန်လေး
တွေမှာတော့ ကြည်နူးစရာပေါ့။

♦ကမ်းကုန်တဲ့ရက်စက်ယုတ်မာကောက်ကျစ်မှုတွေကြားထဲက
▪မမွေးရသေးတဲ့ကလေးတွေအတွက် မိခင်ဖြစ်ခွင့်မရသည့်ကိုယ်ဝန်ဆောင်မိန်းမသားတွေရဲ့
ဘဝ
▪လူသားဖြစ်ခွင့်မရတဲ့ ဖျောက်ဖျက်ခံဝိညာဉ်ရှင်
ကလေးတွေရဲ့ စတေးခံဘဝတွေကနေ
ရွှေနိုင်ငံတော်ကြီးရဲ့နိဒါန်းအစ 
အခြေခံလူတန်းစားတို့၏ စိတ်ပျက်ဝမ်းနည်းစရာ
လက်တွေ့ဘဝ ကျင်လည်လှုပ်ရှားနေကြရတာ
တွေကို ရင်ထဲဆို့နစ်စွာ အံကြိတ်မိ၊တက်ခေါက်မိ
ဝမ်းနည်းကြေကွဲမိသည်နှင့်အညီ...

♦ကွန်ချမ်းမြေ့
     ကွန်နဒီ
     ကွန်သုခ အဖြစ်နဲ့ ကွန်မျိူ းဆက်တာဝန် ဆက်လက်ထမ်းဆောင်ခွင့်မရလိုက်တဲ့ ကွန်ဝိညာဉ်ရှင်လေးရဲ့မေမေ မေ့လီကိုရည်စူးပြီး လွတ်လပ်
ပွင့်လင်း အနှောက်အယှက်ကင်းစွာ ကိုယ်ဝန်ဆောင်မေမေတစ်ဦး ရွှေနိုင်ငံနိဒါန်းစာအုပ်လေး
ကိုင်ဆောင်ထားတဲ့ပုံနှင့်တကွ ညွှန်းဆိုလိုက်ရပါသည်။    

♦ယနေ့အချိန်အခါအထိ တရုတ်ပြည်တွင်ထုတ်ဝေဖြန့်ချီ ခွင့်ပိတ်ပင်ခံထားရသည့် တရုတ်စာရေးဆရာ Ma Jian ၏ တရုတ်ဘာသာဖြင့်
ရေးသားထားသော ယခုဝတၳုကို Ma Jian ၏ဇနီးFlora Drew က အင်္ဂလိပ်ဘာသာ
သို့ပြန်ဆိုပေးခဲ့သဖြင့်ကမ္ဘာ ့စာပေတန်းဝင်ဖြစ်နေ
သော စာအုပ်မျိူ းကို မြန်မာဘာသာဖြင့်ဖတ်ရှုခွင့်ရသည့်အတွက် မြန်မာပြန်ဆိုပေးသူ စာရေးဆရာမ ဝင့်ပြုံ းမြင့်အားလည်း များစွာကျေးဇူးတင်မိပါသည်
#အာရုံဦးစာပေ


Publisher Name: ဂျာနယ်လစ် စာပေ


Related Books

Book Review Image

ခေတ်​သစ်​တရုတ်​ပြည်​ နှင်​့ ပိုးလမ်​းမဆိုင်​ရာမှတ်​ချက်​များ

ဒေါက်တာမြင့်ဇော်
Book Review Image

အလံနီအောက်ဝယ်

တင်မောင်မြင့်