မောင်မြင့်ဇော်
ခေတ်သစ်တရုတ်ပြည် နှင့် ပိုးလမ်းမဆိုင်ရာမှတ်ချက်များ
သာလာယံစာအုပ်တိုက် ၊
ပထမအကြိမ် ၊ ဇန်နဝါရီ ၂၀၁၉ ။
မျက်နှာဖုံးဒီဇိုင်း - မြင့်မောင်ကျော်။
၁၃.၇ စင်တီမီတာ x ၂၀.၂ စင်တီမီတာ။
စာမျက်နှာ - ၁၆၄ ၊ တန်ဖိုး - ကျပ် ၃၀၀၀။
ပိုးလမ်းမ - BRI ၊ မြန်မာနိုင်ငံ၊ တရုတ် - မြန်မာစီးပွားရေး စင်္ကြံ ( CMEC ) ၊လာအို၊ ထိုင်း၊ ရထားလမ်း၊ ကြွေးမြီ၊ ဝေဖန်ချက်များ၊ သင်ခန်းစာများ၊ ဘဏ်ကြီးများ၊ အနာ ဂတ်၊ ပြင်ဆင်ရန်များ နှင့် နောက်ဆက်တွဲဟူ၍ အခန်း ၁၃ခန်းပါရှိသည်။
'' ပိုးလမ်းမလို့ ဒီစာအုပ်မှာ ရည်ညွှန်းထားတဲ့ တရုတ်နိုင်ငံရဲ့ မဟာစီမံကိန်းကို ခုနောက်ဆုံးတရားဝင်ခေါ်ဆိုတဲ့ နာမည်က ခါးပတ်နဲ့လမ်း စီမံကိန်းများ ( Belt and Road Initiatives ) ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း ( One Belt , One Road ) ဆိုပြီးခေါ်ဆိုခဲ့ပါတယ်။
၂၀၁၃ ကမှ သမ္မတ ဇီကျင်ပင်း စတင်ခဲ့တဲ့ ဒီစီမံကိန်း ဟာ ခုအခါမှာ နိုင်ငံ ၆၀ ကျော်ပါတဲ့ တစ်ထရီလီယံ တန်ဖိုးရှိတဲ့ လုပ်ငန်းကြီးဖြစ်နေပါတယ်။ ကမ ်ဘာ့ကုန်သွယ်စီးပွားရဲ့ဗဟိုချက်ဟာ တရုတ်ပြည်ဖြစ်လာဖို့အတွက် အားထုတ်တာမျိုးပါ။
တရုတ်ပြည်ရဲ့ ကမ ်ဘာ့ဗဟိုချက်ဖြစ်မှုကို ပြန်ရယူဖို့ပါ။ အာရှ၊ အာဖရိက၊ ဥရောပစတဲ့ ကမ ်ဘာတစ်ဝန်း ဖြန့် ကြက် ကုန်သွယ်မှုအားဖြင့် တရုတ်ပြည်ကြီးကို ဦးတည်ဆက်နွှယ်ကြဖို့ပါ။ '' ဟု '' ပိုးလမ်းမကြီး ၁ '' ( စာမျက်နှာ ၈ ) တွင် BRI အား မိတ်ဆက် ဖော်ပြထားသည်။
ပိုးလမ်းမကြီးနှင့်ပတ်သက်သည့် မှတ်ချက်ပေါင်း ၁၃ ခုကို တင်ပြထားသည်။ မြန်မာနိုင်ငံ နှင့်ပတ်သက်သည့် မှတ်ချက် ၅ ခု၊ တရုတ် - မြန်မာစီးပွားရေးစင်္ကြံ (CMEC) မှတ်ချက် ၇ ခု တင်ပြထားပြီး အောက်ခြေပြည်သူများ အထိအခိုက်မများရန် စဉ်းစားထားချက်များကိုလည်း အကြံပြုဆွေးနွေးထားသည်။
လာအို၊ ထိုင်း၊ ရထားလမ်း၊ ကြွေးမြီ၊ ဝေဖန်ချက်၊ သင်ခန်းစာများ၊ ဘဏ်ကြီးများ စသည့် မှတ်ချက်များမှာ ခေတ်သစ် တရုတ်ပြည်နှင့်ပတ်သက်၍လည်းကောင်း၊ ပိုးလမ်းမစီမံချက်များနှင့်ပတ်သက်၍လည်းကောင်း ဆက်စပ်သုံးသပ်ပြထားသည့် မှတ်ချက်များဖြစ်သည်။
အရှေ့တောင်အာရှ၏ အနာဂတ်နှင့်ပတ်သက်၍ '' ဒီလို မတည်ငြိမ် လှုပ်ခတ်မှုတွေ၊ အကျင့်ပျက်မှုတွေ၊ ဆင်းရဲ မှုတွေကပဲ ဒီဒေသထဲကို တရုတ်နိုင်ငံဝင်လာလို့ရအောင် ကူညီပေးခဲ့တာပါ။ အဲဒီအခြေအနေတွေကပဲ တရုတ်ပြည်ရဲ့ရေရှည်စီမံကိန်းအကြီးစားတွေကို အထွက်မလွယ်တဲ့ အရှုပ်အထွေးထဲ ရောက်သွားစေနိုင်ပါတယ်။'' ( စာမျက်နှာ - ၁၃၈ မှ ) ဟု မှတ်ချက်ပြုဖော်ပြထားသည်။
ပိုးလမ်းမစီမံကိန်းများနှင့်ပတ်သက်၍ ပြင်ဆင်ရန်များ ကိုလည်းတင်ပြထားပြီး နောက်ဆက်တွဲအနေဖြင့် အီကွေဒေါနိုင်ငံ ကြုံတွေ့နေရသည့်အခြေအနေများကိုဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် တစ်နည်းတစ်ဖုံ ဆက်စပ်ပတ်သက်လျက်ရှိသည့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ် - မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့တွင် ကြုံတွေ့လာရမည့် ပြဿနာတို့အား မှတ်ချက်များအဖြစ်တင်ပြထားရာ ခြေခြေမြစ်မြစ်လေ့လာလိုသူများအတွက် အသုံးတည့်မည့် စာအုပ်တစ်အုပ်ဟု ယူဆမိ ပါသည်။
မိုးမင်းသိမ်း
၃ ဖေဖော်ဝါရီ ၂၀၁၉