Book Image

ပညာရဲ့သဘောစာအုပ်ဟာ "ပညာ" နဲ့ ပတ်သက်ပြီး "သင့်ဘဝ အောင်မြင်ရေး" မဂ္ဂဇင်းက ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ကို မေးမြန်းထားတဲ့ အင်တာဗျူးဆောင်းပါးတွေကို စုစည်းထုတ်ဝေတာ ဖြစ်ပါတယ်။


ပညာရဲ့သဘောနဲ့ ပတ်သက်ပြီး ဆရာကြီးက ရှုထောင့်ပေါင်းစုံမှ နက်နက်နဲနဲ ရှင်းလင်းဖြေကြားထားပြီး နိုင်ငံတကာ ပညာရေးစနစ်တွေအကြောင်း၊ ပညာရေးမှာ သုတေသနဟာ အလွန်အရေးပါပုံ၊ ပညာရေးဟာ နိုင်ငံတိုးတက်ဖို့ အခြေခံအုတ်မြစ်ဖြစ်ပုံ၊ ဗုဒ္ဓဟောကြားခဲ့တဲ့ ပညာရေးရဲ့ အနက်အဓိပ္ပာယ် စသဖြင့် ဘက်ပေါင်းစုံမှ ပြည့်စုံစွာ ရှင်းပြခဲ့ပါတယ်။ 

~ ပုံနှိပ်မှတ်တမ်း ~
ဒုတိယအကြိမ် ၊ မေလ၊ ၂၀၁၉၊ ကံ့ကော်ဝတ်ရည်စာပေ
မျက်နှာဖုံးပန်းချီ -မြင့်မောင်ကျော်
တန်ဖိုး - ၂၀၀၀ကျပ်
စာမျက်နှာ - ၁၃၆



ဒီ အင်တာဗျူး အမေးအဖြေတဲက ဆရာ့ရဲ့ အဖြေတချို့ နဲ့ ဒီစာအုပ်ထဲမှာပါတဲ့ မေးခွန်းတချို့ကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။ 

???? Information ဆိုတာ သိခြင်းကို ပြောတာ၊ သိခြင်း ဆိုတာက ဘယ်လို သိခြင်းလဲ၊ ဘယ်လို သိနည်းနဲ့ သိထားတာလဲ။ ကြည့်ပြီး သိတာ ရှိတယ်၊ ကြားပြီး သိတာ ရှိတယ်။ သူများပြောတာကတစ်ဆင့် သိတာ ရှိတယ်။ သို့သော် Information ဆိုတဲ့ သိခြင်းသည် အာမခံချက် သိပ်မရှိဘူး။ သူ့မှာ မလွဲမသွေ မှန်ကန်မှု ရှိချင်မှ ရှိမယ်။ 

???? Knowledge ဆိုတာက သူက အမှန်တရားဘက်ကို နည်းနည်းကပ်တယ်။ အဲဒီလို သိခြင်းမျိုးကို ခေါ်တယ်။ ရှုကြည့်ခြင်း၊ လေ့လာခြင်း စတာတွေပေါ်မှာ ရရှိတဲ့ အချက်အလက် အစုအဝေးကို Knowledge လို့ ခေါ်တယ်။ တစ်ခုတည်း မဟုတ်ဘူး။ အဲဒီ အစုအစဝးမှာတင် ရပ်မနေဘဲ အဲဒီလို စုဆောင်းရရှိတဲ့ အချက်အလက်တွေပေါ်မှာ တည်ပြီးတော့ စဉ်းစားပြီး ကောက်ချက်ယူတဲ့သဘောတွေကို Knowledge လို့ ခေါ်တာ။

???? နောက်စကားတစ်ခု Learning ဆိုတာ များသောအားဖြင့် Learning ကို သင်ယူသည်လို့ ပြောနေကြတယ်။ သူ့ အနက်အဓိပ္ပာယ်ကတော့ လေ့လာသဖြင့် ရရှိသော သိနားလည်မှု။ များသောအားဖြင့်တော့ Philosophy တို့၊ ဘာသာစကားတို့ စတဲ့ နယ်ပယ်တွေက သိနားလည်မှု၊ လေ့လာမှုကို Learning လို့ ခေါ်တာ။ Knowledge နဲ့ Learningနဲ့က မတူဘူး။ ဆင်တာ။ ဒါပေမယ့် knowledge က ပိုကျယ်ဝန်းတယ်။ ပိုလည်း တိကျချင်တယ်။ 

???? နောက် ဒါတွေအကုန်လုံးနဲ့ သက်ဆိုင်တဲ့ အကျယ်ဝန်းဆုံးစကားက Wisdom။ Wisdom ကို 'ပညာ' လို့ ဆရာခေါ်ရတာက ပါဠိစကား၊ ပညာကို အင်္ဂလိပ်ဘာသာပြန်တဲ့ ဆရာတွေက Wisdom လို့ ပြန်ကြတာ ရှိလို့ပဲ။ သူကတော့ သာမန်သိမှုလေး မဟုတ်ဘူး။ သာမန်သိမှု အစုအပုံလေး မဟုတ်ဘူး။ သူက ကျယ်ပြန့်တဲ့ သိနားလည်မှုအပေါ်မှာ အခြေခံပြီး အဆင့်မြင့်တဲ့ ဆုံးဖြတ်စွမ်းမှု၊ နားလည်မှုကို ခေါ်တယ်။ 

???? ပါဠိလိုတော့ ပညာပုဗ္ဗင်္ဂမ ဆိုတဲ့ စကား ရှိတယ်။ အရိယာ သံဃာ အရှင်မြတ်တွေရဲ့ စိတ်မှာ ပညာသည် ရှေ့က အမြဲသွားတယ်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်။ လူသာမန်တွေက မကြာခဏ ပညာရှေ့မဆောင်ဘဲ ပညာမှတစ်ပါး အခြားသော အရာတွေက ရှေ့ဆောင်တဲ့အတွက် လောကကြီးမှာ ဝမ်းနည်းစရာတွေ၊ ကြေကွဲစရာတွေ အများကြီး ဖြစ်လာတယ်။ 

???? Education ကို The process of developing and training of knowledge etc., လို့ အင်္ဂလိပ်လို အဓိပ္ပာယ် ဖွင့်ဆိုတယ်။ ဒီမှာ Process ဆိုတာ အစဉ်သဘောကို ပြောအောင် လုပ်တာ။ ဖွံ့ဖြိုးမှု မရှိသေးတာကို ဖွံ့ဖြိုးမှုရှိအောင် လုပ်တာ။ အဲဒါ Education။

???? တစ်ခါ ပညာသင်ယူသူနဲ့ ပညာသင်ပေးသူကြားထဲမှာ ဆွေးနွေးခြင်း၊ မေးမြန်းခြင်း၊ စောဒကတက်ခြင်း ဒါတွေ ရှိလာတယ်။ ဒါ သိပ် အရေးကြီးတယ်။ အဲဒါတွေ မရှိဘဲနဲ့ ပညာစစ်၊ ပညာမှန် မရနိုင်ဘူး။

???? ခုနက ဂျပန်တိုးတက်စဉ်ကာလတုန်းက ဆရာတို့ သေချာလေ့လာခဲ့တာပေါ့။ ဂျပန်မှာ နိုင်ငံတော်အစိုးရက အပြင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ အစိုးရအနေနဲ့ အထွေထွေမူဝါဒ ချပေးတာ။ အသေးစိတ် မဟုတ်ဘူး။ အသေးစိတ်တွေကို ပညာရှင်တွေကို ယုံယုံကြည်ကြည် စိတ်ချလက်ချ လွှဲအပ်ထားတာ။ ပညာရှင်တွေကလည်း လွတ်လွတ်လပ်လပ် သစ္စာရှိရှိ လုပ်ကြတယ်။ ဒီနေရာမှာ ဆရာ ပြောချင်တာက လွတ်လပ်တာချည်းပဲလည်း မပြောနဲ့။ တိုင်းသူပြည်သားအပေါ်မှာ စေတနာရှိဖို့လည်း အရေးကြီးတယ်။ ဂျပန်မှာ အောင်မြင်သွားတာ ဒီနှစ်ချက်စလုံးနဲ့ ပြည့်စုံတယ်။ နိုင်ငံတော်ကလည်း ပံ့ပိုးတယ်။ ပညာရှင်တွေကလည်း သစ္စာရှိရှိ၊ လွတ်လွတ်လပ်လပ် တာဝန်သိသိ လုပ်ကြတယ်။ နှစ်ပိုင်းစလုံး အရေးကြီးတယ်။

???? တစ်နည်းအားဖြင့် ပညာဆိုတဲ့ သဘောက သငေ်္ဘာတစ်စင်းလို ကျောက်ချထားလို့ မရဘူး။ သွားနေရတယ်ဗျ။ သွားနေတာက သုတေသန။ သုတေသန မရှိဘဲ နေလို့ မရဘူး။ 

???? သုတေသနကို အားမပေးသော ပတ်ဝန်းကျင်ကြောင့် ခေတ်နောက်ကျန်ရစ်ခဲ့တဲ့ တိုင်းပြည်တွေ အများကြီးပဲ။ အကောင်းဆုံးနမူနာက ရုရှား။ တရားဝင်သဘောအရတော့ သုတေသနရှိတယ် ပြောတာပဲ။ ဒါပေမယ့် ပညာရှင်တွေက လုပ်ချင်တာ လုပ်လို့ မရဘူး လုပ်စေချင်တာကိုသာ လုပ်ကြရတဲ့အတွက် သုတေသနပတ်ဝန်းကျင် ရာခိုင်နှုန်းတစ်ရာ မပြည့်တဲ့အတွက် သူ့ခမျာ တိုးတက်သင့်သလောက် မတိုးတက်ဘူး။

ဒီစာအုပ်ထဲမှာ ဆရာ့ကို မေးမြန်းထားတဲ့ မေးခွန်းတချို့ကိုလည်း ဖော်ပြလိုက်ပါတယ်။ 
❓ပညာကို ဘယ်လို ရနိုင်ပါသလဲ ဆရာ။
❓ ပညာရေး သဘောစနစ်တွေကော ဘယ်လို ပေါ်လာသလဲ ဆရာ။
❓ အဲဒီလိုဆိုရင် ဆရာ၊ ' အတတ် ' နဲ့ ' ပညာ ' ဘယ်လို ကွဲသလဲဆိုတာ။
❓ Ph.D ဆိုတဲ့ကိစ္စမှာ Ph.D ရခြင်း၊ မရခြင်းဟာ သက်ဆိုင်ရာပညာရပ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုများ ရှိနိုင်မလဲ ဆရာ။


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

အညတရ မှတ်တမ်း

သရဝဏ် (ပြည်)