Book Image

အတိတ်တစ္ဆေ

မောင်မိုးသူ

မောင်မိုးသူ

(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/10/show


"အတိတ်တစ္ဆေ''

ဘာသာပြန်သူ - မောင်မိုးသူ
မူရင်း -The Phantom Conspiracy by Michael Barak
တန်ဖိုး - ၇၀၀၀ကျပ်
ထုတ်ဝေသည့်စာပေ - ရန်ကုန်လမ်းမများ


ဘာသာပြန်ဝတ္ထုတွေကို နှစ်ခြိုက်စွာ စောင့်မျှော်ဖတ်ရှု လေ့ရှိကြတဲ့ စာဖတ်သူများအတွက် ဆရာမောင်မိုးသူရဲ့ "အတိတ်တစ္ဆေ'' ပြန်လည် ထွက်ရှိ လာပါပြီ။ ဒီဝတ္ထုဟာ Michael Barak ရဲ့ The Phantom Conspiracy ကိုဘာသာပြန်ထားခြင်း ဖြစ်ပြီး စာဖတ်ပရိတ်သတ်များနဲ့ ရင်းကျွမ်းဝင်ပြီးသား ဝထ္တုတစ်ပုဒ်ပါ။ အရင်က ပထမပိုင်းနဲ့ ဒုတိယပိုင်း နှစ်အုပ်ခွဲပြီး ထုတ်ဝေခဲ့ပေမဲ့ ယခု "ရန်ကုန်လမ်းမများ''က နှစ်အုပ်တွဲပေါင်းပြီး (စ/ဆုံး)စုစည်း ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။


အတိတ်တစ္ဆေ ဝတ္ထုဟာ နာဇီခေတ်နောက်ခံ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံ မက္ကဆီကိုနိုင်ငံ ရုရှနိုင်ငံ ဆွစ်ဇာလန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ မြို့ကြီးများအပြင် အဲဒီ နိုင်ငံတွေရဲ့ ကမ္ဘာကျော်လူသိများတဲ့ အထင်ကရ နေရာတွေမှာ ဝတ္ထုရဲ့ ဇာတ်ဝင်ခန်းများကို တည်ဆောက်ထားပါတယ်။

ဒီဝတ္ထုထဲမှာ နာဇီ စစ်ဗိုလ်ချုပ် ဂိုးရင်း ဝှက်ထားတဲ့ ရတနာသိုက် နဲ့ ထိုအကြောင်းအရာတို့ကို စုံစမ်းနေသော အမေရိကန် သမိုင်းစာရေးဆရာ "ကလင့်ကရက်''၏ စုံစမ်းရေးခရီးစဉ်။ ထို ခရီးစဉ်အတွင်း မမျှော်လင့်ထာသည့် သည်းထိတ်ရင်ဖို လျှို့ဝှက် ဇာတ်လမ်းများ...။

နာဇီဗိုလ်ချုပ်ဂိုရင်းမှာ နောက်ဆုံးတွင် နုရင်ဘတ်ခုံရုံးကို ပြုံးပြုံးကြီး ရင်ဆိုင်ခဲ့ပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ပုံ..။ သူဝှက်ထားသော ရတနာသိုက်အကြောင်း...။ ထိုအကြောင်း စာအုပ်ပြုစုရင်း သမိုင်းစာရေးဆရာ ကလင့်ကရက် တွေ့ကြုံခဲ့ရသော စိတ်လှုပ်ရှားဖွယ်များ နှင့် အမေရိကန် သမ္မတရွေးကောက်ပွဲ... စသဖြင့် အတိတ်ဖြစ်ရပ်ဟောင်းမှ မျက်မှောက် နိုင်ငံတကာရေးရာများ အထိ ရေပက်မဝင် လက်မှ မချနိုင်အောင် ရေးသားထားသော ဝတ္ထုကောင်း တစ်ပုဒ်ပါ။


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

မယိုင်လဲစတမ်း

နိုင်ရဲကျော်
Book Review Image

အရူးအမူး

စိန်၀င်းစိန်