Book Image

လူလည် ကုလားထိုင် ရသ စာတမ်းများ

မောင်ဥယျာဉ်

လူလည် ကုလားထိုင် 

ရသ စာတမ်းများ

‌စာရေးဆရာ မောင်ဥယျာဉ်
တိုးမြစ်စာအုပ်တိုက် မှ ထုတ်ဝေသည်
ပထမ အကြိမ်၊ ၂၀၁၉ ဒီဇင်ဘာလ ၁၅
မျက်နှာဖုံးပန်းချီ- ဇော်မောင်
အုပ်ရေ ၁၀၀၀ 
တန်ဖိုး-၂၅၀၀ ကျပ်
စာမျက်နှာ အရေအတွက် ၁၂၄ မျက်နှာ 



ရသ စာတမ်း လို့ ညွှန်းဆိုထားတဲ့ အတိုင်း စာတမ်းပေါင်း (၁၈) ပုဒ် ပါ၀င်ပါတယ်။ 

ရသ စာတမ်းလို့ နာမည် တပ်ထားတဲ့ စာအုပ်ထဲမှာတော့ လွန်လေပြီးသော နှစ်များ၊ ကျန်ရစ်ခဲ့တဲ့ ကာလ များက အပိုင်းအစ အမှတ်တရ တွေကို တသသ ပြန်လွမ်းရမယ့် အမှတ်တရ အချိုးအကွေ့ လေးတွေ အကြောင်းပါ။ 

ဇာတ်ကောင် အသာပေး၊ အတွေးဖြစ်တည်မှုကို အလေးထားပြီး ရေးထားတာမဟုတ်ပဲ တကယ်ဖြစ်ရပ်မှန် ဖြတ်သန်းခဲ့ရတဲ့ ပျော်စရာ အတိတ်ရဲ့ ပုံရိပ်အပိုင်းအစ တွေကို တရေးရေးပုံဖော် ခံစားဖတ်ရမယ့် စာစု၊စာတမ်းမျိုး ဖြစ်ပါတယ်။ 

တမူး၊တပဲ၊ တစ်မတ်စေ-၂၅ ပြား။ လက်ဖက်ရည် တစ်ခွက် တစ်ကျပ်၊ စာအုပ် ဌားခ တစ်ရက် တစ်ကျပ် ခေတ်က လူတွေ အဖို့ တသသ ပြန်လွမ်းရမယ့် အရေးအသားပါ။ ဗီဒီယို ရုံ တိုးကြည့်ရတဲ့ ဖူးတဲ့လူတွေ အတွက် ပုံရိပ်တွေကို နောက်ပြန်ဆွဲ ခရီးနှင်စေမယ့် ဖြစ်ရပ်မှန် ကိုယ်ဖြတ်သန်းရတဲ့ ဘ၀ အချိုးအကွေ့လေးတွေပါ။ 

သူတို့လေးတွေရဲ့ ကလေးဘ၀ ကြီးပြင်းမှုက သိပ်ကို အရသာရှိပြီ အမှတ်ရစရာတွေ သိပ်များခဲ့မှာပါပဲ။ ကလေး တစ်ယောက်လို့ ကြီးပြင်းခဲ့လို့ယူဆ ရပါတယ်။

ဒီလိုပြောရင် ဒီလို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်  အားကောင်းခဲ့တဲ့ ခေတ်ကာလ တွေ ရဲ့ အ၀န်းအဝိုင်းကြားမှာ ကြီးပြင်းဖူးတဲ့ လူတန်းစားတွေကို ပိုပြီ ထိလွယ်ရှလွယ် အမှတ်ရလွယ်စေမယ့် ဓာတ်ပြားဟောင်းလေး ဆိုလည်း မမှားပါဘူး။ 

တကယ်တော့လည်း ခေတ်ရေစီးကြောင်းပြောင်းလာတဲ့ နောက်ပိုင်းမှာ 
ရပ်ဓလေ့ရွာဓလေ့ တွေလည်း တစစ တိမ်မြှပ်ပျောက်ကွယ်ခဲ့ရတာ မျက်မြင်ပါပဲ။ တအိမ်နဲ့တအိမ် ဟင်းပို့တာက အစ၊ ပတ်၀န်းကျင်မှာ အိမ်နားနီးချင်း ဆွေမျိုးရင်းလို့ ဖြစ်‌ခဲ့ကြတဲ့ မြန်မာနိုင်ငံရဲ့ အရင်ခေတ်က အသိုင်းအဝိုင်း ဟောင်းနွမ်းပျောက်ရှ ခဲ့တဲ့ တောတောင်၊ရေမြေ အပြင်၊ ယဉ်ကျေးမှု ထုံးတမ်းဓလေ့ နဲ့ ရင်းနှီးဖော်ရွေ့မှုတွေက သူစိမ်းဆန်ဆန် အသွင်ပြောင်းခဲ့ပြီး နွေးထွေးဗျူဌာတတ်တဲ့ မြန်မာနိုင်ငံသားတွေဟာ ခေတ်မှီလာတဲ့ နောက်ပိုင်း ဖွံ့ ဖြိုးတိုးတက်မှုနောက်ကို အပြေးအလွှားလိုက်နေကြရင်း နဲ့ ၀မ်းနည်းစရာကောင်းတဲ့ ဓလေ့ မှေးမိန် ပျောက်ကွယ်ကုန်တဲ့ အရေးအသားတွေကို ဖတ်ရမှာဖြစ်ပါတယ်။ 

စာအုပ်ရဲ့ ခေါင်းစည်းဖြစ်တဲ့ လူလည် ကုလားထိုင် ရဲ့ အကြောင်းအရာကတော့ ထွေထွေထူးထူးကြီးမဟုတ်ပါဘူးဗျာ သို့ပေမယ့် မှတ်မှတ်ရရ အမှတ်တရ ဖြစ်စေတဲ့ အရာဖြစ်ပါပဲ။ ဘာလဲဆိုတော့ ဆံသ ဆိုင် လူ က လိုက်လှည့်ပေးရတဲ့ လူလည် ကုလားထိုင်ပါပဲ။ သူ့ခေတ်၊သူခါက လူငယ်တွေရဲ့ ဘူမိနက်သန် စုရပ်က လက်ဖက်ရည်ဆိုင်မဟုတ်ပါဘူး ဆံသဆိုင် ပါ။ (ဆံသ ဆိုတဲ့ စကားစုတောင် ပျောက်နေပြ်ီထင်ပါရဲ့။)
ဆရာနေ၀င်းမြင့်ရဲ့ ဟောပြောပြချက်ထဲက အမှတ်တရလေးတစ်ခုနဲ့စာရေးဆရာရဲ့ အရေးအသားကို ပူးပေါင်းတင်ဆက်ထားတဲ့ အမှတ်တရပါ။

လူလိုက်လှည့်ပေးရတဲ့ ဆံသ ဆိုင်က လူလည် ကုလားထိုင်ပေါ်မှာ ကလေးတစ်ယောက်အဖို့ ဆံသ ဆရာရဲ့ အမိန့်ပေးမှု လှည့်ခိုင်းတဲ့အရပ်က ရာဟုထောင့် ၊ရာဟုထောင့်ကို မသိလို့ မလှည့်တတ်တဲ့ ကလေး ဆို ဆံသ ဆရာက မသိရိုးလားဆိုပြီး ခေါင်းခေါက်ခံရတဲ့ ဘ၀။ အဲ့တစ်ဆိုင်ပဲရှိတဲ့ ဆံသဆိုင်မို့ အဲ့ဆိုင်မှာညပ်ကိုညပ်ရမှာ ဖြစ်ပြီ ညပ်ဖို့သွားရင် ရာဟုထောင့် ကို မှတ်ထားရမယ့် အသိက ကလေးတိုင်းမှာ ရှိရမယ့် တ‌သွေးတသံ အသိပါပဲ။ 

ဒါကြောင့် ဒီစာအုပ်လေးဟာ လူကြီးတန်းတွေ အတွက် အတိတ်တချိန်က ဆွေးတမြေး‌မြေး ကလေးဘ၀ အဖြစ်အပျက်တွေထဲက စစ်မှန်တဲ့ အမှတ်တရ ‌နွေးထွေးမှုတွေကို ပြန်လည်အသက်သွင်းစေပြီး
လူငယ်၊ လူလတ်တန်းတွေအဖို့ ကျ ပုံပြင်တစ်ပုဒ်လိုလို မကြားဖူးတဲ့ တစ်မူး၊တစ်ပဲ နဲ့ လူကြီးတွေရဲ့ ဖြတ်သန်းရတဲ့ ကလေးဘ၀ ကို ခုံမင်စွာဖတ်ရမှာဖြစ်ပါတယ်။

စာဖတ်ခြင်းမှာ အချိန်ပေးပြီး မွေ့လျော်နိုင်ပါစေ
N????


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317

Publisher Phone Number: 09449523317


Related Books

Book Review Image

မန္တလေးဖြစ် အမျိုးသားစိတ်

ဒေါက်တာသန်းထွန်း
Book Review Image

ကံ့ကော်မြိုင်စာတမ်း

ကလောင်စုံ