Book Image

မန္တလေးဖြစ် အမျိုးသားစိတ်

ဒေါက်တာသန်းထွန်း

ဒေါက်တာသန်းထွန်း

မန္တလေးဖြစ် အမျိုးသားစိတ်
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဇွန် ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - pexels image ။
၁၀.၇ စင်တီမီတာ x ၁၆.၅ စင်တီမီတာ ။
စာမျက်နှာ - ၅၁ ၊ တန်ဖိုး - ကျပ် ၅၀၀။

စိတ်ကူးချိုချို စာအုပ်တိုက် နှစ် ၂၀ ပြည့် အမှတ်တရ စာမွန်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။

၁၀ မေ ၁၉၆၉ က ရေးသားခဲ့ပြီး ကဗျာအကြောင်းစာအကြောင်း၌ ဖော်ပြခဲ့သည့်စာတမ်းကို ထုတ်ဝေထားခြင်း ဖြစ်သည်။


စီပီခင်မောင် က ၁၉၂၁ စက်တင်ဘာတွင် ထုတ်ဝေ သည့် မြန်မာအသင်းအတ္ထုပ္ပတ္တိ၊ ၁၉၂၁ ဒီဇင်ဘာထုတ် မြန်မာနိုင်ငံလုံး ဆိုင်ရာ နဝမမြောက်ကွန်ဖရင့် အစည်း အဝေးကြီး၏ ဆုံးဖြတ်ချက်များနှင့် သူကောင်းဖြစ်

(အေတီအမ်)ဘွဲ့တံဆိပ်ကို မြန်မာပြည်တွင် ပထမဦးစွာ အစိုးရထံသို့ပြန်အပ်သော ပညာရှိမင်း ဦးကျော်ရန်၏ အတ္ထုပ္ပတ္တိစာတမ်း၊ သပိတ်မှောက်ကောင်စီက အင်္ဂလိပ်ဘာသာထုတ်ပြန်ချက်များ စုစည်းပုံနှိပ်ထားသော The Voice of young Burma ၊ ၁၉၀၅ နိုဝင်ဘာ တွင် ထုတ်ဝေသည့် ဦးဘဦး၏ ၁၂၈၂ ခုနှစ် ရန်ကုန်တက္ကသိုလ် ဥပဒေ သပိတ်မှောက်ခြင်းနှင့် မြန်မာအမျိုးသားနေ့ဖြစ်ပေါ် လာပုံ ရာဇဝင်အကျဉ်းချုပ်၊ ၁ ဇန်နဝါရီ ၁၉၂၁ မှ ၂၁ မေ ၁၉၂၁ အထိ မန ္တလေးဗဟိုရ်စည် ဂျာနယ် တို့အား ကိုးကား၍ ရေးသားခဲ့သည့် စာတမ်းဖြစ်သည်။

ဂျီစီဘီအေ ( General Council of Buddhist Associations ) ၏ နှစ်လည်အစည်းအဝေးများ၌ တင်ပြဆွေးနွေးချက်တို့ကို အခြေခံကာ အမျိုးသားစိတ်နှင့် နိုင်ငံရေးအခြေအနေတိုးတက်ဖြစ်ထွန်းမှုတို့ကို သုံးသပ်တင်ပြထားသည်။

အမျိုးသားကျောင်းများပေါ်ထွန်းလာပြီးနောက်ပိုင်း မန ္တလေးမြို့၌ ဖြစ်ထွန်းလာသည့် နိုင်ငံရေးနိုးကြားမှုများ၊ ဗြိတိသျှအစိုးရ၏ အမျိုးသားကျောင်းများဟန့်တားရေး စီမံချက်များအားထောင့်ပေါင်းစုံမှ ချဉ်းကပ်သုံးသပ်ပြ ထားသည့် စာတမ်းတစ်စောင်လည်းဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ စာတမ်း၌ ဖော်ပြထားသည်ကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

'' နောက်တစ်ခါ စည်းဝေးကြပြန်တော့ ၁၈ ဇွန် ၁၉၂၂ မှာ အမှုဆောင်က '' အမျိုးသားနေ့ထူးနေ့မြတ်'' ဖြစ်ရန် 
၁ ရက်တည်း လိုရင် ကျောင်းသားသပိတ်စတင်တဲ့နေ့၊ ၂ ရက်အများလိုရင် ပါတော်မူနေ့ကစပြီး ကျောင်းသားနေ့ကို အဆုံးထားလို့ တန်ဆောင်မုန်းလဆုတ် ၈ ရက်က ၁၀ ရက်အထိယူပါလို့ နှစ်ခွ တင်တယ်။

အဲဒီတော့ အုတ်ဖိုကိုယ်စားလှယ် ဦးဟန်က 
တန်ဆောင်မုန်း လဆုတ် ၁၀ ရက် ကျောင်းသားသပိတ်စတဲ့နေ့ကို ကြိုက်တယ်လို့ အပြတ်ဖြတ်လိုက်မှ နှစ်စဉ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ဟာ ''အမျိုးသားနေ့ထူးနေ့မြတ်'' ဖြစ်လာတယ်။ နောင်ကာလရွေ့လျောတော့မှ ''အမျိုးသားအောင်ပွဲနေ့''လို့ ခေါ်လာကြတယ်။

ဒီနေ့ကို လုပ်ဖို့ မူလစိတ်ကူးရတာက မန ္တလေးမှာ အစည်းအဝေးလုပ်တုန်းက ကြီးဒေါင့်ကန်ဦးဘသော် ဖြစ်တယ်။ သူစပြောတဲ့နေ့က ၂၄ အောက်တိုဘာ ၁၉၂၁ ဖြစ်တယ်။ အဲဒီ ကျောင်းသားသပိတ်စတဲ့နေ့ကိုပဲ လက်ခံအောင် နောက်ဆုံး အပြတ်ဖြတ်တာကတော့ အုတ်ဖိုဦးဟန် ဖြစ်တယ်။ ဒီလို ပြီးပြတ်တဲ့နေ့က ၁၈ ဇွန် ၁၉၂၂ ဖြစ်ပါတယ်။ 

အရင်းမူလကတော့ မန္တလေးပါပဲ။ ဒါကြောင့် ဒီအကျိုး အကြောင်းကို ရှင်းလင်းရေးသားတဲ့ ဒီစာတမ်းကို ကျွန်တော်က '' မန္တလေးဖြစ် အမျိုးသားစိတ်'' လို့ အမည်ပေး လိုက်ပါတယ်။ ''နေ့'' နဲ့အတူ '' စိတ်'' ဟာ ရှင်သန်လာပါ တယ်။ '' 
( စာမျက်နှာ ၅၀ နှင့် ၅၁ မှ )

မိုးမင်းသိမ်း
၆ ဇွန် ၂၀၁၉ဒေါက်တာသန်းထွန်း
မန ္တလေးဖြစ် အမျိုးသားစိတ်
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဇွန် ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - pexels image ။
၁၀.၇ စင်တီမီတာ x ၁၆.၅ စင်တီမီတာ ။
စာမျက်နှာ - ၅၁ ၊ တန်ဖိုး - ကျပ် ၅၀၀။

စိတ်ကူးချိုချို စာအုပ်တိုက် နှစ် ၂၀ ပြည့် အမှတ်တရ စာမွန်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။

၁၀ မေ ၁၉၆၉ က ရေးသားခဲ့ပြီး ကဗျာအကြောင်းစာအကြောင်း၌ ဖော်ပြခဲ့သည့်စာတမ်းကို ထုတ်ဝေထားခြင်း ဖြစ်သည်။

စီပီခင်မောင် က ၁၉၂၁ စက်တင်ဘာတွင် ထုတ်ဝေ သည့် မြန်မာအသင်းအတ္ထုပ္ပတ္တိ၊ ၁၉၂၁ ဒီဇင်ဘာထုတ် မြန်မာနိုင်ငံလုံး ဆိုင်ရာ နဝမမြောက်ကွန်ဖရင့် အစည်း အဝေးကြီး၏ ဆုံးဖြတ်ချက်များနှင့် သူကောင်းဖြစ်
(အေတီအမ်)ဘွဲ့တံဆိပ်ကို မြန်မာပြည်တွင် ပထမဦးစွာ အစိုးရထံသို့ပြန်အပ်သော ပညာရှိမင်း ဦးကျော်ရန်၏ အတ္ထုပ္ပတ္တိစာတမ်း၊ သပိတ်မှောက်ကောင်စီက အင်္ဂလိပ်ဘာသာထုတ်ပြန်ချက်များ စုစည်းပုံနှိပ်ထားသော The Voice of young Burma ၊ ၁၉၀၅ နိုဝင်ဘာ တွင် ထုတ်ဝေသည့် ဦးဘဦး၏ ၁၂၈၂ ခုနှစ် ရန်ကုန်တက္ကသိုလ် ဥပဒေ သပိတ်မှောက်ခြင်းနှင့် မြန်မာအမျိုးသားနေ့ဖြစ်ပေါ် လာပုံ ရာဇဝင်အကျဉ်းချုပ်၊ ၁ ဇန်နဝါရီ ၁၉၂၁ မှ ၂၁ မေ ၁၉၂၁ အထိ မန ္တလေးဗဟိုရ်စည် ဂျာနယ် တို့အား ကိုးကား၍ ရေးသားခဲ့သည့် စာတမ်းဖြစ်သည်။

ဂျီစီဘီအေ ( General Council of Buddhist Associations ) ၏ နှစ်လည်အစည်းအဝေးများ၌ တင်ပြဆွေးနွေးချက်တို့ကို အခြေခံကာ အမျိုးသားစိတ်နှင့် နိုင်ငံရေးအခြေအနေတိုးတက်ဖြစ်ထွန်းမှုတို့ကို သုံးသပ်တင်ပြထားသည်။

အမျိုးသားကျောင်းများပေါ်ထွန်းလာပြီးနောက်ပိုင်း မန ္တလေးမြို့၌ ဖြစ်ထွန်းလာသည့် နိုင်ငံရေးနိုးကြားမှုများ၊ ဗြိတိသျှအစိုးရ၏ အမျိုးသားကျောင်းများဟန့်တားရေး စီမံချက်များအားထောင့်ပေါင်းစုံမှ ချဉ်းကပ်သုံးသပ်ပြ ထားသည့် စာတမ်းတစ်စောင်လည်းဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ စာတမ်း၌ ဖော်ပြထားသည်ကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

'' နောက်တစ်ခါ စည်းဝေးကြပြန်တော့ ၁၈ ဇွန် ၁၉၂၂ မှာ အမှုဆောင်က '' အမျိုးသားနေ့ထူးနေ့မြတ်'' ဖြစ်ရန် 
၁ ရက်တည်း လိုရင် ကျောင်းသားသပိတ်စတင်တဲ့နေ့၊ ၂ ရက်အများလိုရင် ပါတော်မူနေ့ကစပြီး ကျောင်းသားနေ့ကို အဆုံးထားလို့ တန်ဆောင်မုန်းလဆုတ် ၈ ရက်က ၁၀ ရက်အထိယူပါလို့ နှစ်ခွ တင်တယ်။

အဲဒီတော့ အုတ်ဖိုကိုယ်စားလှယ် ဦးဟန်က 
တန်ဆောင်မုန်း လဆုတ် ၁၀ ရက် ကျောင်းသားသပိတ်စတဲ့နေ့ကို ကြိုက်တယ်လို့ အပြတ်ဖြတ်လိုက်မှ နှစ်စဉ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ဟာ ''အမျိုးသားနေ့ထူးနေ့မြတ်'' ဖြစ်လာတယ်။ နောင်ကာလရွေ့လျောတော့မှ ''အမျိုးသားအောင်ပွဲနေ့''လို့ ခေါ်လာကြတယ်။

ဒီနေ့ကို လုပ်ဖို့ မူလစိတ်ကူးရတာက မန ္တလေးမှာ အစည်းအဝေးလုပ်တုန်းက ကြီးဒေါင့်ကန်ဦးဘသော် ဖြစ်တယ်။ သူစပြောတဲ့နေ့က ၂၄ အောက်တိုဘာ ၁၉၂၁ ဖြစ်တယ်။ အဲဒီ ကျောင်းသားသပိတ်စတဲ့နေ့ကိုပဲ လက်ခံအောင် နောက်ဆုံး အပြတ်ဖြတ်တာကတော့ အုတ်ဖိုဦးဟန် ဖြစ်တယ်။ ဒီလို ပြီးပြတ်တဲ့နေ့က ၁၈ ဇွန် ၁၉၂၂ ဖြစ်ပါတယ်။ 

အရင်းမူလကတော့ မန ္တလေးပါပဲ။ ဒါကြောင့် ဒီအကျိုး အကြောင်းကို ရှင်းလင်းရေးသားတဲ့ ဒီစာတမ်းကို ကျွန်တော်က '' မန ္တလေးဖြစ် အမျိုးသားစိတ်'' လို့ အမည်ပေး လိုက်ပါတယ်။ ''နေ့'' နဲ့အတူ '' စိတ်'' ဟာ ရှင်သန်လာပါ တယ်။ '' 
( စာမျက်နှာ ၅၀ နှင့် ၅၁ မှ )

မိုးမင်းသိမ်း
၆ ဇွန် ၂၀၁၉


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

လူလည် ကုလားထိုင် ရသ စာတမ်းများ

မောင်ဥယျာဉ်
Book Review Image

ကံ့ကော်မြိုင်စာတမ်း

ကလောင်စုံ