ဒေါက်တာသန်းထွန်း၏ ဘဝဖြစ်စဉ်နှင့် စာပေမှတ်တမ်းအကျဉ်း ( ၁၉၂၃ - ၂၀၀၅ )
၁၉၂၃၊ ဧပြီ ( ၆ ) - သောကြာနေ့ ... မှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးရွာမှ အဖဦးဘိုးတွေ၊ အမိဒေါ်သင်တို့မှ မွေးတယ်။ မွေးချင်းငါးယောက်မှာ ဒုတိယမြောက်၊ အမည်ရင်း သန်းထွန်း။
၁၉၃၈၊ မတ် ... ငါးသိုင်းချောင်း အမျိုးသားအထက်တန်းကျောင်းက ဟိုက်စကူးဖိုင်နယ် စာမေးပွဲအောင်မြင်။
၁၉၃၉၊ သြဂုတ် ... ရန်ကုန် ယူနီဘာစီတီမှာ ပညာစသင်။
၁၉၄၁၊ မတ် ... အိုင်အေ ( ဝိဇ္ဇာအောက်တန်း ) အောင်။
၁၉၄၂ ... ဂျပန်ခေတ်မှာ ဖခင်တိုက်တွန်းမှုနဲ့ ငါးသိုင်းချောင်းဘုရားကြီးတိုက်၊ ဦးဉာဏိဿရထံ၌ ဇာတာဖွဲ့နည်း၊ ပြက္ခဒိန်လုပ်နည်း၊ နေကြတ်လကြတ်၊ အာယုဒါယတို့ သင်ကြား၊ သင်္ကြန်စာရေးသားပြီး အစိုးရထုတ်ဝေခွင့်ရပြီးမှ ေုံးကျတဲ့အထဲ ပါသွားတာကြောင့် ပုံနှိပ်ခြင်းမပြုခဲ့ရ။
၁၉၄၃ ... ငါးသိုင်းချောင်း အာရှလူငယ် အတွင်းရေးမှူး။
၁၉၄၅ ... ငါးသိုင်းချောင်း၊ ဖ-ဆ-ပ-လ ရဲ့ ပထမဦးဆုံး ဥက္ကဋ္ဌ၊ ဇွန် ... မှာ ရန်ကုန်၊ မဂိုလမ်း အရေးပေါ်ကောလိပ် ဝိဇ္ဇာအထက်တန်းပညာဆက်သင်။
၁၉၄၆၊ မတ် ... ဝိဇ္ဇာဘွဲ့၊ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့၊ ဇွန် ၁ ... ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၌ အချိန်ပိုင်းနည်းပြ၊ ဝိဇ္ဇာဂုဏ်ထူးတန်း ဆက်တက်။
၁၉၄၇၊ မတ် ... ဝိဇ္ဇာ ( ဂုဏ်ထူး ) ဘွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်ခဲ့။ ဇွန် ၁ ... မှာ အချိန်ပြည့်နည်းပြ။ ညီညီ ( လင်းယုန်နီ ) ထုတ်ဝေသူအဖြစ် ဆောင်ရွက်တဲ့ ကျောင်းသားဟစ်တိုင် မဟာဝိဇ္ဇာသင်တန်း ဆက်တက်။
၁၉၄၈ ... လွတ်လပ်ရေးရပြီး နိုင်ငံရေးကို စွန့်လွှတ်၊ သမိုင်းနဲ့စာပေကို ပိုလေ့လာ၊ အောင်တိုဘာ ၁၉ ... ငါးသိုင်းချောင်း၊ ကွမ်းယားရွာက ဦးဘိုးမြိုင်၊ ဒေါ်မြတို့ရဲ့ သမီး - ဒေါ်ခင်ရီနဲ့ လက်ထပ်။
၁၉၅၀၊ မတ် ... သမိုင်းမဟာဝိဇ္ဇာဘွဲ့၊ ဇွန် ၁၀ ... လက်ထောက်ကထိက။
၁၉၅၁ ... ဥပဒေသင်တန်းတက်။
၁၉၅၂ ... ဥပဒေဘွဲ့၊ ကိုလံဘိုစီမံကိန်းနဲ့ အမေရိကန်နိုင်ငံ ကော်နဲလ်တက္ကသိုလ်ပညာသင်ဆုရ၊ အစိုးရပညာတော်သင်အဖြစ်လည်း အရွေးခံရလို့ မိမိဆန္ဒဖြင့် လန်ဒန်တက္ကသိုလ်ကို ရွေးချယ်၊ အောက်တိုဘာမှ ၁၉၅၆ ဇန်နဝါရီအထိ လန်ဒန်တက္ကသိုလ်တွင် ပါရဂူဘွဲ့သင်တန်းတက်၊ ပါမောက္ခလူ့စ်၏ တိုက်တွန်းမှုဖြင့် ပုဂံခေတ်သာသနာဝင် Buddhist Church in Pagan Period စာတမ်းကို တင်သွင်း၍ ပါရဂူဘွဲ့ရ၊ စာတမ်းကြီးကြပ်သူမှာ ပါမောက္ခဟော ဖြစ်ပြီး ယင်းစာတမ်းအတွက် ဘီစီလောဆုရ။
၁၉၅၆၊ မေ ၁ ... တွင် ရန်ကုန်ပြန်ရောက်၊ ဇွန် ၁၁ ... တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက၊ မြန်မာနိုင်ငံသုတေသနအသင်း ရာသက်ပန်အသင်းဝင်၊ နိုဝင်ဘာ ၃ ... တွင် တပ်မတော် မော်ကွန်းတိုက်၌ သုတေသန အရာရှိချုပ်နှင့် အယ်ဒီတာချုပ်။
၁၉၅၇၊ ဇန်နဝါရီ ၈ ... တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၌ လက်ထောက်ကထိက။
၁၉၅၇ - ၅၈ ... တွင် အီဂျစ်နှင့် ဆီးရီးယားနိုင်ငံများ၌ ကျင်းပသော အာရှ၊ အာဖရိက စည်းလုံးညီညွတ်ရေး ကွန်ဂရက်သို့ တက်ရောက်လေ့လာ။
၁၉၅၈၊ ဇွန် ၁ ... တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန အနောက်တိုင်းရာဇဝင် ကထိက။
၁၉၆၀၊ နိုဝင်ဘာ ၅ ... တွင် အရှေ့တိုင်းသမိုင်း ကထိက။
၁၉၅၈ - ၆၁ ... မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အယ်ဒီတာ။
၁၉၅၉ - ၆၁ ... မြန်မာ့သမိုင်းကော်မရှင်က ထုတ်ဝေသော သမိုင်းတံခွန်ဂျာနယ်တွင် တွဲဖက်အယ်ဒီတာ။
၁၉၆၅ - ၈၂၊ အောက်တိုဘာ ၁ ... တွင် မန္တလေးတက္ကသိုလ် သမိုင်းဌာန ပါမောက္ခ။
၁၉၇၅ ... အသစ်မြင် မြန်မာ့သမိုင်းစာအုပ် ပြုစုထုတ်ဝေ။
၁၉၈၂၊ စက်တင်ဘာ ၁၇ ... တွင် ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှဌာနတွင် သုတေသနပညာရှင်အဖြစ် အမှုထမ်း။
၁၉၈၃၊ ဧပြီ ၆ ... တွင် မြန်မာနိုင်ငံဝန်ထမ်းဘဝမှ အသက် ၆၀ပြည့် အငြိမ်းစားယူ၍ ဂျပန်နိုင်ငံတွင် ဆက်လက်တာဝန်ထမ်းဆောင်။
၁၉၈၃၊ အောက်တိုဘာ ၁ ... တွင် တိုကျိုနိုင်ငံခြားဘာသာသင်တက္ကသိုလ် အာရှနှင့် အာဖရိက ဘာသာစကားနှင့် ယဉ်ကျေးမှုလေ့လာရေးဌာနတွင် သုတေသနပညာရှင်၊ အင်ဒိုတရုတ်ဌာန မြန်မာဘာသာစကား ဧည့်ပါမောက္ခ။
၁၉၈၇၊ ဇွန် ၁ ... တွင် အမေရိကန်မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေး ဧည့်ပါမောက္ခ။
၁၉၈၈၊ ဇန်နဝါရီ ၁ ... တွင် မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် သမိုင်းဌာန ဧည့်ပါမောက္ခ။
၁၉၉၀၊ မတ် ၁၅ ... တွင် မြန်မာ့သမိုင်းလေ့လာရေးအတွက် ပြုစုခဲ့သော မြန်မာနိုင်ငံ အမိန့်တော်များ၊ အေဒီ ၁၅၉၈
- ၁၈၈၅ ( The Role Orders of Burma. A.D 1598 - 1885 ( ROB 10 VOLs. ) အတွက် လန်ဒန်တက္ကသိုလ်က ဒီလစ်ပါရဂူဘွဲ့ချီးမြှင့်။ မြန်မာနိုင်ငံ အမိန့်တော်များ ၁၀ တွဲကို ၁၉၈၃ - ၉၀ ပြည့်နှစ်အတွင်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ တာဝန်ယူပုံနှိပ်ထုတ်ဝေ။
၁၉၉၀၊ ဧပြီ ၁ ... တွင် ရန်ကုန်ပြန်ရောက်။
၁၉၉၁၊ ဖေဖော်ဝါရီ ၁၃ ... တွင် မြန်မာစာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရ၍ မြန်မာအင်္ဂလိပ်အဘိဓာန် ပြုစုရေးတွင် ပါဝင်ဆောင်ရွက်။ စက်တင်ဘာ ၂၆ တွင် မြန်မာသမိုင်းကော်မရှင် အဖွဲ့ဝင်။
၁၉၉၂၊ ဒီဇင်ဘာ ၁၄ ... တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာန ဂုဏ်ထူးဆောင် ပါမောက္ခ။
၁၉၉၆၊ ဇွန် ၁ ... တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ခန့်အပ်ခံရ။
၁၉၉၇၊ ဒီဇင်ဘာမှာ ... "အရင်ဧကရာဇ် အခုလူ" စာအုပ် ရေးသားထုတ်ဝေ။
၂၀၀၀၊ ဇွန် ၂၆ မှာ ... ( ၁၁ ) ကြိမ်မြောက် ဂျပန်နိုင်ငံ ဖုကုအိုကအာရှဓလေ့ ( ပညာရေးကဏ္႑ ) ဆုရရှိကြောင်းသိရ၊ စက်တင်ဘာ၌ ဂျပန်နိုင်ငံ ဖုကုအိုမြို့တွင် ယင်းဆုကို သွားရောက်လက်ခံ။
၂၀၀၁၊ ဇန်နဝါရီ ... The 100: A ranking of the most influential persons in history by Michael H. Hart ကို ပြန်ဆိုသည့် "ကျော်စွာ ၁၀၀" စာအုပ်ထုတ်ဝေ။
၂၀၀၁၊ မေ မှာ ... ကိုယ်တိုင်ရေးအတၳုပ္ပတ္တိ တစ်စိတ်တစ်ပိုင်းအတွက် "ငါပြောချင်သမျှငါ့အကြောင်း" စာအုပ် ရေးသားထုတ်ဝေ။
၂၀၀၁၊ ဇွန် ၁ ... တွင် ရန်ကုန်တက္ကသိုလ်၊ အရှေ့ပိုင်းပညာဌာန အချ်ိန်ပိုင်း ပါမောက္ခ။
၂၀၀၃၊ မေ ... ယခင်က အင်္ဂလိပ်လိုပြုစုထားသည့် Research Methodology စာအုပ်ကို ကိုယ်တိုင်မြန်မာလို ပြန်ဆို၍ "သုတေသနထုံး" စာအုပ် ပြုစုထုတ်ဝေခဲ့။
ဘဝတစ်လျှောက်လုံး သုတေသနကိစ္စ ကျမ်းပြုစု၊ စာရေးစာဖတ်ကိစ္စတို့ကိုသာ စွဲစွဲမြဲမြဲလုပ်ခဲ့၊ နယ်လှည့်ရာဇဝင်၊ ဂျပန်လူမှုတစ်ရာ၊ လူကျော်၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း၊ ထွေထွေရာရာ မြန်မာသမိုင်း၊ သမိုင်းထဲကဒီဇိုင်း စာအုပ်များနဲ့ သုတေသနစာတမ်းများ၊ သမိုင်းဆိုင်ရာဆောင်းပါးများ၊ ကျမ်းများ၊ ကဗျာ၊ ဝတၳုဘာသာပြန်များ၊ အများအပြား ရေးသားပြုစု ထုတ်ဝေခဲ့သည်။
၂၀၀၅၊ နိုဝင်ဘာ ၃၀၊ နံနက် ၂:၃၀ မှာ မန္တလေးကို ခေတ္တရောက်ရှိစဉ် နှလုံးရောဂါနဲ့သေတယ်။ အမရပူရမြို့၊ တောင်သမန်အင်းအနီးမှာ ဂူသွင်းသင်္ဂြိုလ်တယ်။ ဇနီးဒေါ်ခင်ရီနဲ့ သားသမီး ၅ ယောက် ကျန်ရစ်တယ်။
( မှတ်ချက်။ ဆရာ့ ဘဝဖြစ်စဉ်အကျဉ်းကို ဆရာ့အကြိုက် 'ဆင်သွားမူ' နဲ့ ရေးပါတယ်။ စာအုပ်ဈေးစာအုပ်တိုက် )
[ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ___ မှ ပြန်လည်ဖော်ပြသည်။ ]
...............................................
သမိုင်းပညာရှာ ဆရာကြီးဒေါက်တာသန်းထွန်း [ ဦးသန်းထွတ် ]
https://m.facebook.com/story.php?story_fbid=601943496819999&id=100010130614181