Book Image

ပျူ ​တွေ ဘယ်​​ပျောက်​သွားသလဲ

ဒေါက်တာသန်းထွန်း


"ပျူ ​တွေ ဘယ်​​ပျောက်​သွားသလဲ"
​ဒေါက်​တာသန်​းထွန်​း၊ 
ရန်​ကုန်​မြို ့၊ ယုံကြည်​ချက်​စာ​ပေ မှ ထုတ်​​ဝေပြီး 
သီရိ​ဆွေစာအုပ်​တိုက်​ှ ဖြန်​့ချိ ​ရေး၊ တန်​ဖိုး ၁၅၀၀ ကျပ်​၊
၂၁၈ စာ၊ ၁၈ စင်​တီ။ 


"ပျူ ​တွေ ဘယ်​​ရောက်​သွားသလ"ဲ ဆိုတဲ့ 
သမ်ိုင်​းပါ​မောက္ခတစ်​ဦးဖြစ်​တဲ့ ​ဒေါက်​တာသန်​းထွန်​း ရဲ့
သမိုင်​းဆိုင်​ရာ စိတ်​ဝင်​စားဖွယ်​ စာအုပ်​တစ်​အုပ်​ပါ။
အခန်​း ၁၂ ခန်​း ​ခေါင်​းစဉ်​ခွဲ ​ရေးသားထား၏။

@ ပျူ လူမျိုးတွေဟာ တိဗက်​-မြန်​မာ နွယ်​​တွေဖြစ်​တယ်​။
မြန်​မာနိုင်​ငံအလယ်​ပိုင်​း ဧရာဝတီမြစ်​ဂှမ်​းတစ်​​လျောက်​
ခရစ်​မ​ပေါ်မီ ၅ ရာစု ကတညိးက ဝင်​​ရောက်​အ​ခြေချခဲ့
ပျူ လူမျိုးတို့ရဲ့ ထင်​ရှားတဲ့မြို့ကြီး​တွေက ​. . . . .
ရွွေဘိုခရိုင်​ (ဟန်​လင်​းကြီး)၊ ​တောင်​တွင်​းကြီး 
(ဗိဿ     နိုး)၊ ပြည်​မြို ့ (သ​ရေ​ခေတ္တရာ) တို့ဖြစ်​တယ်​။ 
တစ်​​ကောင်​းမြိ နှင်​့ ၎င်း၏ ​အောက်​ဘက်​ ဧရာဝတီ မြစ်​ဝှမ်​းတစ်​​လျောက်​ ပျူ ​တွေ ​နေထိုင်​ခဲ့တာ အ​ထောက်​အထား အခိုင်​အမာနဲ့ ​မြေပုံကားချပ်​၊ ​တွေ့ရှိ​သော အမှတ်​အသား အချက်​အလက်​​တွေ နဲ့ ပူးတွဲတင်​ပြထားတယ်​။
:-) ပျူ ​တွေကို တရုတ်​လူမျိုး​တွေက "​ဖျောက်​" လို​ခေါ်၏။
ပျူ ​တွေက သူတို့ကိုယ်​ သူတို့ "ထု​လောကျူ " လို့​ခေါ်၏။
မွန်​ လူမျိူ း​တွေက "တိရ်​စုလ်​" လို့​ခေါ်၏။ 
ပျူ တို့၏ စကားတွင်​ ဗျည်​းမဲ့၍ အသံ​နေအသံထား 
၈ ခုရှိတယ်​ဆိုတယ်​။ အသံ ​လေးအ​ပေါ့ကို အစက်​များနဲ့ ညွန်​းတယ်​လို့ ဆိုတယ်​။ ပျူ သချိင်္ုင်​းစာများအရ သိရ၏။
ပျူ  လက်​​အောက်​ခံ ၁၈ ပြည်​​ထောင်​ ရှိတယ်​။ 
ပင်​မမြို့ကြီး​တွေကို လုံခြုံ​ရေးခံတပ်​ ၉ မြို့နဲ့ ဝိုင်​းထား၏။
- ဒီစာအုပ်​ထဲမှာ ဆရာကြီး​ဒေါက်​တာသန်​းထွန်​းရဲ့ 
သု​တေသနဇွဲ၊ ကိုးကားညွန်​ပြမွုအများကြီး​တွေ့ရတယ်​။
ပျူ တို့ရဲ့ မြို့ပြတည်​မွု စနစ်​တကျ ရှိပုံ​တွေ၊ စစ်​​ရေးအတွက်​ ကြိုတင်​တွက်​ဆ ပုံ​တွေ၊ ထို​ခေတ်​ ထိုအခါက 
ပျူ ​တွေဟာ လု​နေအိမ်​​တွေကို အုတ်​နဲ့ပဲ တည်​​ဆောက်​ပုံ၊ အိုးလုပ်​ငန်​း နှင်​့ စဉ်​့ထွင်​းအိုးများ အဆင်​့မြင်​့မွု၊ 
စဉ်​အုတ်​ဖြင်​့သာ မြို့ရိုးကိုတည်​​ဆောက်​တယ်​။ 
ပျူ မြို့ ​တွေက ​လေး​ဒေါင်​့ မဟုတ်​ရင်​ အဝိုင်​းပုံ တည်​၏။
ထူးခြားမွုက ပျူ ​တွေဟာ ​ကျောက်​ဆစ်​ပညာ၊ ပုံသွန်​းလုပ်​မွုပညာ၊ ရုပ်​ပြား ရုပ်​ကြွ အပြင်​ ပန်​းထိမ်​ ပညာကိုပါ
ကျွမ်​းကျင်​ ​ကြောင်​း အ​ထောက်​အထားများ သက်​​သေပြု
​ပြောပြထား၏။ ​ရေထိန်​သိမ်​းနည်​းနှင်​့ ဆည်​​မြောင်​း
အတတ်​ပညာ ကိုလည်​း တတ်​သိနားလည်​ခဲ့၏။
ဗုဒ္ဓဘာသာ ကိုအများစု ကိုကွယ်​ပြီး မဟာယာန၊ 
ဟိနယာန၊ ဗြာဟ္မဏဝါဒ၊ နတ်​ကိုးကွယ်​မွု ​တွေလည်​း 
ရှိခဲ့၏ ။ ​ဗေဒင်​ကိုလည်​း ယုံကြည်​ကြ၏။ 
အိန္ဒိယ ယဉ်​​ကျေးမွု လွွမ်​းမိုးမွုရှိ၏။ ​ထောင်​​ပေါင်​းများစွာ​သော ​မြေပုံဘုရားတို့ကိုလည်​း တည်​၏။ 
ဗုဒ္ဓရုပ်​ပွား​တော်​တို့ကိုလွတ်​လပ်​စွာ သင်​့သလို တီထွင်​၍
အနုပညာ ​မြောက်​စွာ ထုလုပ်​ကိုးကွယ်​ကြ၏။ 
အုတ်​ခွက်​ဘုရားများ လည်​းသွန်​းလုပ်​ကြသည်​့အပြင်​
ဗုဒ္ဓဆင်​းတု​တော်​တို့၏ မုဒြာလက်​ဟန်​အ​နေအထား၊ 
အာသန ​ခြေဟန်​အ​နေအထား တို့ကိုလည်​း အမျိုးမျိုး၊
ထုလုပ်​သုံးစွဲ ကိုးကွယ်​ကြ၏။ 
- ပျူ ​တွေမှာ ဝါဒအ​ထွေ​ထွေ​ရော​ထွေးတဲ့ အ​တွေး
အ​ခေါ် ​တွေရှိတာ​တွေ့ရတယ်​။ အသားအ​ရောင်​က
အနည်​းငယ်​မည်​းတယ်​။ ယဉ်​​ကျေးသိမ်​​မွေ့ပြီး 
စကား​ပြောနည်​းသူ​တွေလို့ ဆိုတယ်​။ 
ပျူ အမျိုးသား​တွေရဲ့ ဖက်​ရှင်​က စိတ်​ကူးကြည်​့ရင်​ 
စာဖတ်​သူ မြင်​နိုင်​မယ်​ - ပန်​းနု​ရောင်​ ဖျင်​စကို ​
ခေါင်​းမှာ ​ပေါင်​းချည်​ပြီး ပန်​း​တွေ၊ ငှက်​မြီး ငှက်​​တောင်​​တွေကို ​ခေါင်​း​ပေါင်​းမှာ ထိုးစိုက်​ထား​လေ့ရှ်ိတယ်​။ 
ပျူ အမျိုးသမီး​တွေ က ပန်​းနု​ရောင်​ပဂါရှည်​ကို လည်​စုံချ
အပြင်​ထွက်​ရင်​ လက်​မှာ ယပ်​​တောက်​တစ်​​ချောင်​းကို ကိုင်​ပြီး အဖိုးတန်​ ​ငွေထည်​၊ ပုလဲ၊ ​ကျောပ်​ပုတီး နဲ့
လက်​​ကောက်​​တွေ ဆင်​မြန်​းကြတယ်​။  
ဆံထုံးကိုဦး​ခေါင်​း အ​ပေါ်တည်​့တည်​့ထုံးထားတတ်​တယ်။ ပျူ လူမျိုး အားလုံးက ချည်​ထည်​ကိုပဲဝတ်​တယ်​။ 
ပိုးချည်​မသုံးဘူး။ ထမီအပြာ​ရောင်​မွိုင်​းမွိုင်​းနဲ့ အနီ​ရောင်​ 
အနီ​ရောင်​အရင်​့​တွေကို နှစ်​သက်​တယ်​။ တစ်​ဦးနဲ့ တစ်​ဦး နုတ်​ဆက်​ရင်​ တစ်​ယောက်​လက်​​မောင်​း 
တစ်​​ယောက်​ကိုင်​ပြီး​တော့ ဦးညွတ်​အရိုအ​သေ​ပေးတယ်​။ တရားစီရင်​​ရေးကို ဗုဒ္ဓရုပ်​ပွား​တော်​တို့ ​ရေှ့​မေှာက်​မှာ စစ်​​ဆေးပြီး စီရင်​​လေ့ရှိတယ်​။ ဥပ​ဒေမှာ ကြီး​လေးတဲ့ အပြစ်​မျိုး​ပေး​လေ့မရှိတာ​တွေ့ရတယ်​။ ထူးခြားချက်​ တစ်​ခုက သူတပါး အသက်​ကို သက်​ခြင်​းမှ 
အထူး ​ရေှာင်​ကျဉ်​ကြပြီး လူသတ်​မွုကို ​သေစား​သေ​စေ
ပြဌာန်​းတယ်​။ 
- ပျူ လူမျိုး တို့​သေလျင်​ မီးသင်္ဂြိုဟ်​တယ်​၊ ပြာကို အိုးနဲ့ သိမ်​းထည်​့ပြီး မျိုးစဉ်​ မျိုးဆက်​အတိုင်​း တစ်​​နေရာတည်​း မှာပဲ စုပြီးမြှုပ်​​လေ့ရှိတယ်​။ သာမာန်​အရပ်​သား​တွေက 
​မြေအိုးနဲ့ပဲမြှုပ်​တယ်​၊ ချမ်​းသာကြွယ်​ဝသူ​တွေက​တော့ 
ပြာအိုးကို ​ကြေးအိုး၊ ရှင်​ဘုရင်​၊မိဖုရား​တွေအတွက်​ ​
ကျောက်​အိုး​တွေသုံးပြီးမြှုပ်​ကြတယ်​။ ပြာအိုး​တွေ​ပေါ်မှာ
​သေဆုံးသူအမည်​၊ ​မွေးသက္ကရာဇ်​၊ ​သေဆုံးရက်​ ကို 
​ဖော်​ပြထား​လေ့ရှိတယ်​။ 
ပျူ လူမျိုး အ​ကြောင်​း ပျူ မြို့ ပြတည်​​ထောင်​မွု၊ ပျူ လူမွု 
အဖွဲ့အစည်​းနှင်​့ ပျူ တို့၏ ယဉ်​​ကျေးမွု တို့သည်​ 
အဆင်​့မြင်​့​သော စာ​ပေပညာရပ်​ရှိခြင်​း၊ ပန်​းထိမ်​ ပန်​ပု 
​ကျောက်​ဆစ်​ ပညာများအနုပညာလက်​ရာ မြင်​့မားခြင်​း၊
​ငွေဒင်္ဂါး သုံးစွဲမွု၊ သ​င်္ကေတများနှင်​့ ယုံကြည်​ ကိုးကွယ်​မွု
အ​ဆောက်​အဦးများ စသည်​ စသည် များကို​
လေ့လာ​ဖော်​ပြထား​သော စာအုပ်​​ကောင်​းတစ်​အုပ်​ဖြစ်​ သည်​။ 
ပျူ​ း​လူမျို း​တွေဟာ မြန်​မာနိုင်​ငံ အလယ်​ပိုင်​းကို ခရစ်​နှစ်​ မတိုင်​မီ ၅ ရာစု ​လောက်​က စတင်​ဝင်​​ရောက်​ပြီး 
ခရစ်​နှစ်​ အစပိုင်​းမှာ အင်​အားကြီးထွားလာပြီး 
ခရစ်​နှစ်​ ၄ ရာစု မှ ၉ ရာစုအထိ ကျယ်​ပြန်​့ ခဲ့တယ်​။ 
ပျူ ​တွေဟာ ပြည်​​ထောင်​စုနိုင်​ငံကို ပထမဆုံး 
မြန်​မာနိုင်​ငံမှာ စတင်​တည်​​ထောင်​​သော သူ​တွေဖြစ်​၏။ 
​ရေှး​ဟောင်​းယဉ်​​ကျေးမွု ဆိုင်​ရာ ထို ပျူ မြို့ များကို
ကမ္ဘာ​့ရေှး​ဟောင်​း အ​မွေအနှစ်​စာရင်​းအဖြစ်​
၂၀၁၁ နိုဝင်​ဘာလ မှာ တင်​သွင်​းခဲ့ပြီး ၂၂ ရက်​၊ 
ဇန်​နဝါရီလ၊ ၂၀၁၄ ခုနှစ်​တွင်​ ကမ္ဘာ့​ရေှး​ဟောင်​း
အ​မွေအနှစ်​စာရင်​းအဖြစ်​ သက်​မှတ်​ခြင်​းခံခဲ့ရပါတယ်​။

Phyo Nyan



Publisher Name: ယုံကြည်​ချက်​စာ​ပေ


Related Books

Book Review Image

လူ့သမိုင်း

ကျော်အောင်
Book Review Image

ဗြိတိသှျရာဇ၀င်အကျဉ်းနှင့် ခေတ်သစ်တရုတ်-ဂျပန်ရာဇ၀င်

ဒေါက်တာသန်းထွန်း
Book Review Image

ကျော်စွာ (၁၀၀)

ဒေါက်တာသန်းထွန်း
Book Review Image

ငါပြောချင်သမျှ ငါ့ အကြောင်း

ဒေါက်တာသန်းထွန်း
Book Review Image

ထားဝယ်ဥဒါန်း

မောင်သန်းဆွေ (ထားဝယ်)
Book Review Image

ကယားဦးစိန်၏မှတ်တမ်းများ

ကယားဦးစိန်