စာအုပ်အမည် - လူ့သမိုင်း
လောက၌ ဖြစ်မြဲတည်ရှိနေသမျှ အရာအားလုံးတွင် ပထမဦးဆုံးထွက်ပေါ်ဖြစ်တည်ရာ ပဟေဋိဆန်ဆန် `အစ´ ဟူသောဖြစ်ရပ်တစ်ခုရှိပေသည်။ဤစာဖတ်နေသူတွင် မွေးဖွားသန့်စင်ရာအစရှိသကဲ့သို့၊ ဤစာကိုမြင်တွေ့ရသည့်နေရာဒေသမှာလည်းထူးခြားသည့်အစရှိပေလိမ့်မည်။ထို့အပြင် မိမိတို့ပတ်ဝန်းကျင်ရှိ သိပ္ပံ၊စက်မှု၊လက်မှုနှင့်ပတ်သက်သောပစ္စည်းမှန်သမျှ၊ အစားအစာများနှင့်ပတ်သက်သမျှ၊ ဝတ်ဆင်နေထိုင်ရာမှန်သမျှတို့တွင် ဒဏ္ဍာရီဆန်သော ဇာတ်လမ်းလေးများ တစ်ပုဒ်မကရှိနေပေမည်။ ဤစာအုပ်သည် ထင်ရှားသောပြည်တွင်းပြည်ပ သမိုင်းကျမ်းများကိုမှီငြမ်းကိုးကားထားသော ကျမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ ကမ္ဘာကြီးဖြစ်ပေါ်လာရာအစမှသည် ရေခဲခေတ်အစ၊စက်မှုခေတ်အစများကို ဖြတ်သန်း၍ လူသားများတီထွင်ကြံဆပုံနည်းလမ်းများနှင့်သမိုင်းမှတ်တမ်းများကို စိတ်ဝင်စားဖွယ်ရေးသားထားသည်။ ထို့အပြင်နိုင်ငံရှိမြစ်ဝှမ်းများကိုအခြေပြု၍ယဉ်ကျေးမှုခေတ်များထူထောင်ကြပုံ၊ အနုပညာလက်ရာများ၏မြစ်ဖျားခံရာများကို မြန်မာနိုင်ငံ၏သမိုင်းမှတ်တမ်းများနှင့်ယှဉ်တွဲဖတ်ရှုလေ့လာနိုင်ပါသည်။ ခေတ်အပြောင်းအလဲတစ်ခုဖြစ်စေမည့် အံ့ဖွယ်တွေ့ရှိချက်များ၏ သမိုင်းများပါဝင်သည်။ စာအုပ်ပါစက်ယန္တရားတွေ့ရှိချက်များကို ဒေဝကျမ်းများတွင်ကြိုတင်မှန်းဆ ရေးသားထားသည်မှာလည်းထူးဆန်းအံ့ဖွယ်ရာဖြစ်ပါသည်။(ဆရာဆန်းလွင်၏ လူတို့ကိုးကွယ်ရာ ဘာသာကြီးများစာအုပ်တွင်တွေ့နိုင်ပါသည်) ကမ္ဘာတစ်ဝန်းလုံးမှသမိုင်းမှတ်တမ်းများ၊ဖြတ်သန်းခဲ့သမျှ ကမ္ဘာ့နိုင်ငံရေးပုံရိပ်များကို ရုပ်ပုံပန်းချီများနှင့်တကွ လှပစွာယှဉ်တွဲဖော်ပြထားသည်။အခန်း ၁၀ ခန်းပါဝင်၍ မတူညီသည့်အရပ်ဒေသမှာအကြောင်းအရာများကို နားလည်ရလွယ်ကူအောင် ပိုင်ခြားရေးသားထားသည်။ ဗဟုသုတရဖွယ် အချက်အလက်များစွာပါဝင်သည့် ဆရာကျော်အောင်၏ လက်ရာမွန်ကောင်းတစ်ခုပင်ဖြစ်ပါသည်။
Publisher Name: ရာပြည့်စာအုပ်တိုက်
Publisher Address: အမှတ် ၂၆၂(ခ)၊ ပန်းဆိုးတန်း (အထက်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၁ ၂၄၃၃၅၁
Publisher Phone Number: 01243351