Book Image

ကယားဦးစိန်၏မှတ်တမ်းများ

ကယားဦးစိန်

ကယားဦးစိန်

၁၉၆၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း
ပြည်ထောင်စုမြန်မာနိုင်ငံကို အာဏာသိမ်းယူသော 
ကယားဦးစိန်၏မှတ်တမ်းများ
နေရီရီစာအုပ်တိုက်၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၈။
မျက်နှာဖုံးဒီဇိုင်း - NN ။
၁၃ စင်တီမီတာ x ၂၀.၅ စင်တီမီတာ။
စာမျက်နှာ - ၁၅၇ ၊ တန်ဖိုး - ကျပ် ၂၇၀၀။

ကယားဦးစိန်၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း၊ ကယား ဦးစိန်၏ မြေးဖြစ်သူ ဒေါ်တင်မေဦး၏ ၂၆ နိုဝင်ဘာ ၂၀၁၈ ရက်စွဲဖြင့် ရေးသားထားသော '' ချစ်လှစွာသော ဘိုးဘိုးအတွက် မေတ္တာစာ'' ၊ မြန်မာ့သမိုင်းအဖွဲ့ အဖွဲ့ဝင် ဦးကျော်ငြိမ်း၏ ၁ နိုဝင်ဘာ ၂၀၁၈ ရက်စွဲဖြင့် ရေးသား ထားသော '' မဟာသရေစည်သူ ဦးစိန် ( ကယား ) ၏ အတ္ထုပ္ပတ္တိ ''တို့ပါရှိသည်။



၂ မတ် ၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးနေဝင်းကအာဏာသိမ်း ယူပြီးသည့်နောက် အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်း ခြင်းခံရသူတို့တွင် ကယားဦးစိန် လည်း တစ်ဦးအပါ အ ဝင်ဖြစ်သည်။

၂၄ ဖေဖော်ဝါရီ ၁၉၆၂ တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အသံလွှင့်ရုံ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရ နိုင်ငံခြားရေးနှင့် ရှမ်းပြည်နယ်ဝန်ကြီး စဝ်ခွန်ချို တင်သွင်းသော ဖက်ဒရယ်မူ အား ထောက်ခံဆွေးနွေးခဲ့ သူလည်းဖြစ်သည်။

၂ ဇူလိုင် ၁၉၆၂ တွင် ထောင်တွင်း၌ မှတ်တမ်းများကို စတင်ရေးသားခဲ့သော်လည်း လက်ကျင်သည့်ရောဂါကြောင့် ခဲတံကိုင်နိုင်ခြင်းမရှိဘဲ ၃၀ ဇွန် ၁၉၆၆ မှသာ မှတ်တမ်းတို့ အား ပြန်လည်ရေးသားနိုင်ခဲ့သည် ဟု ဖော်ပြထားသည်။

အင်းစိန်ထောင်၌ ၆ နှစ်နီးပါး ထိန်းသိမ်းခံရပြီးသည့်နောက် ၂၇ ဖေဖော်ဝါရီ ၁၉၆၈ တွင် ပြန်လည်လွတ်မြောက်လာခဲ့ သည်။ ယခု စာမူ၏ စာပြီးနှစ်မှာ ၂၀ နိုဝင်ဘာ ၁၉၇၃ ဖြစ်သည်။

အထောက်တော်သတင်းစာ၌ ဖော်ပြခဲ့သည့် ဖက်ဒရယ်မူနှင့် ပတ်သက်သော ကောက်နုတ်ချက်များ၊ ဦးနု အစိုး ရအဖွဲ့ ကောက်နုတ်ချက် ( ၁၉၆၀ ) တို့အား ဖော်ပြထား သည့်အပြင် အတိတ်နိမိတ်များ၊ ဟောကိန်းများ၊ သဲပုံစေတီဟောကိန်းများ နှင့် မြန်မာပြည်ဟောကိန်းတို့ကို လည်း ဖော်ပြထားသည်။

၂ မတ် ၁၉၆၂ ၌ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသော စာရင်း အား အသေးစိတ်ဖော်ပြထားသည်။ ၁၉၆၃ ခုနှစ် မှ ၁၉၆၈ ခုနှစ်အထိ အင်းစိန်ထောင်တွင်း နေထိုင်စားသောက်ရသည့်အခြေအနေများအား ရေဒီ ယိုနှင့်သတင်းစာများတွင် ပါရှိသည့်ကမ ္ဘာ့သတင်းထူး ခြားဖြစ်စဉ်တို့နှင့်အတူ မိသားစု ထူးခြားဖြစ်စဉ်တို့ကိုပါ တစ်ရက်ချင်း မှတ်တမ်းတင်ဖော်ပြထားသည်။

ထိုခေတ်ထိုအခါက တပ်မတော်ခေါင်းဆောင်အချို့နှင့်
စာနယ်ဇင်းသမားအချို့တို့၏ ဖက်ဒရယ်မူအပေါ် 
သဘောထားတို့ကို တစေ့တစောင်းတွေ့ရှိရသည့် 
မှတ်တမ်းများလည်း ဖြစ်သည်။ 

အချို့သောအချက်တို့အား အောက်ခြေမှတ်စု ပြည့်ပြည့် စုံစုံ ဖြင့် ဖော်ပြပါလျှင် ပို၍ အကျိုးများဖွယ်ရှိပါမည်။

မည်သို့ပင်ဖြစ်ကောမူ ၁၉၆၂ အာဏာသိမ်းဖြစ်စဉ်အား လေ့လာရာတွင် ကယားဦးစိန်၏မှတ်တမ်းတို့ကလည်း တစ်နည်းတစ်ဖုံ အထောက်အကူပြုမည်ဟု ယူဆမိပါ သည်။

မိုးမင်းသိမ်း
၄ ဧပြီ ၂၀၁၉


Publisher Name: နေရီရီ


Related Books

Book Review Image

လူ့သမိုင်း

ကျော်အောင်
Book Review Image

ဗြိတိသှျရာဇ၀င်အကျဉ်းနှင့် ခေတ်သစ်တရုတ်-ဂျပန်ရာဇ၀င်

ဒေါက်တာသန်းထွန်း
Book Review Image

ကျော်စွာ (၁၀၀)

ဒေါက်တာသန်းထွန်း
Book Review Image

ငါပြောချင်သမျှ ငါ့ အကြောင်း

ဒေါက်တာသန်းထွန်း
Book Review Image

ပျူ ​တွေ ဘယ်​​ပျောက်​သွားသလဲ

ဒေါက်တာသန်းထွန်း
Book Review Image

ထားဝယ်ဥဒါန်း

မောင်သန်းဆွေ (ထားဝယ်)
Book Review Image

ပုဂံခေတ်ဗိသုကာနှင့်အနုပညာများ ပေါ်ပေါက်တိုးတက်ပြောင်းလဲလာပုံ

ဗိုလ်မှူးဘရှင်
Book Review Image

ဂျဝါဟာလားနေရူး၏လျှပ်တစ်ပြက်ကမ္ဘာ့​သမိုင်း ( ရှေးဟောင်းနှင့်ခေတ်အလယ်ပိုင်း )

ဘိုးလှိုင်
Book Review Image

ရာဇဝင်နှင့် သူရဲကောင်း

နတ်နွယ်
Book Review Image

မြသန်းတင့်ရဲ့ စာအုပ် (၄) အုပ်

မြသန်းတင့်
Book Review Image

သမိုင်းနှင့် စာပေအတွေးအမြင်

ဒေါက်တာတိုးလှ