Book Image

ပုဂံခေတ်ဗိသုကာနှင့်အနုပညာများ ပေါ်ပေါက်တိုးတက်ပြောင်းလဲလာပုံ

ဗိုလ်မှူးဘရှင်

ဗိုလ်မှူးဘရှင်
ပုဂံခေတ်ဗိသုကာနှင့်အနုပညာများ ပေါ်ပေါက်တိုးတက်ပြောင်းလဲလာပုံ
The Key Collection Press
ပထမအကြိမ် ၊ နိုဝင်ဘာ ၂၀၁၈။
မျက်နှာဖုံး - မောင်ဒေး။
၁၃.၃ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - ၁၂၆ ၊ တန်ဖိုး - ကျပ် ၂၀၀၀။

ဗိုလ်မှူးဘရှင်၏ကိုယ်ရေးအကျဉ်း နှင့် The Key Collection ၏ ''ပုဂံ ၊မြန်မာမှန်ပုဂံရောက်ရမည်'' အမှာ စကားတို့ပါရှိသည်။



၁၉၆၇ ခုနှစ် မတ်လ ၂၂ ရက်နေ့၌ ကျင်းပခဲ့သော ဒုတိ ယအကြိမ် မြန်မာနိုင်ငံ သုတေသန ဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့ပြီး ၁၉၆၉ ခုနှစ် မေလထုတ် မြန်မာနိုင်ငံ စာပေ နှင့်လူမှုရေးသိပ္ပံ ဂျာနယ်၊ အတွဲ ၂ အမှတ် ၂ တွင်ဖော်ပြခဲ့သည့် စာတမ်းအား ထုတ်ဝေထားခြင်းဖြစ်သည်။ ဗိုလ်မှူးဘရှင်၏ လက်ရေးမူ အဖြစ်ကျန်ရစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလထုတ် Myanmar Studies Journal No.1တွင်ဖော်ပြခဲ့သည့် '' ပုဂံခေတ်ဦး ပိဋကတ်တော်များ'' စာတမ်းကိုလည်း နောက်ဆက်တွဲအဖြစ် ထည့်သွင်းဖော်ပြထားသည်။

'' ပုဂံခေတ်ဗိသုကာနှင့်အနုပညာများပေါ်ပေါက်တိုး တက်ပြောင်းလဲလာပုံ'' ကို '' ပန္နက်ပုံ၊ ဗိသုကာလက်ရာ ဟန်တို့၏ အဓိကကွဲပြားမှုနှင့်ကျောက်စာအထောက်အ ထားတို့ကိုလိုက်၍ ပုဂံဗိသုကာလက်ရာ တိုးတက်လာ ရာတွင် အနည်းဆုံး ခေတ်လေးခေတ်ရှိသည်ဟု ဆိုနိုင်၏။
၁။ စတင်ပုံတည်သည့်ခေတ် ၁၀၇၇ အေဒီခန့်အထိ
၂။ ခေတ်ဦးကာလ ' မွန်ဟန်' ၁၀၇၇ အေဒီခန့်က ၁၁၁၃အေဒီခန့်အထိ
၃။ ခေတ်ပြောင်းကာလ ၁၁၁၃ အေဒီခန့်က ၁၁၇၄ အေ ဒီခန့် အထိ
၄။ ခေတ်နှောင်းကာလ ' မြန်မာဟန်' ၁၁၇၄ အေဒီခန့်က ၁၃၀၀ အေဒီအထိ '' ( စာမျက်နှာ - ၁၆ မှ ) ဟု ဗိုလ်မှူးဘရှင်က ပိုင်းခြားကာ ခေါင်းစဉ်ခွဲပေါင်း ၁၀၇ ခုခွဲ၍ သုံးသပ်တင်ပြထားသည်။

'' ပဒေသရာဇ်ခေတ်၏ အစဉ်အလာအရ 'သူကြီးဘုရား ရွာသားကုသိုလ်' ဟု ဆိုသည့်အတိုင်း ဤပြောင်မြောက်သော အဆောက်အအုံတို့ကို တည်ဆောက်ခဲ့သော အတတ်ပညာရှင်၊ အနုပညာရှင် နှင့် အလုပ်သမားတို့၏ အကြောင်းကို အလွန်ပင်အသိရနည်းပေသည်။ 

ကုသိုလ်ရှင်ပုဂ္ဂိုလ်မင်း၊ မှူးမတ်၊ သူဋ္ဌေး သူကြွယ် မင်းဆွေ မင်းမျိုးတို့၏ဂုဏ်ပုဒ်ကိုသာ သိရပေသည်။ အမှန်စင်စစ် ကုသိုလ်ရှင်ပုဂ္ဂိုလ်တို့၏ စေတနာသဒ္ဓါ တရားကို ဖြည့်စွက်ကူညီကြကုန်သော ပုဂံခေတ် အတတ်ပညာ ရှင်နှင့် အလုပ်သမားတို့၏ ကျွမ်းကျင်မှုအတတ်ပညာ များ၊ ကြိုးစားမှု၊ ဇွဲရှိမှု၊ စည်းကမ်းရှိမှု၊ သဒ္ဓါတရားထက်သန်မှု၊ ယုံကြည်မှုတို့ကို အခြေခံသောလုပ်အားဖြင့်သာ လျှင် ဤခံ့ညားကြီးကျယ်၍ အနုပညာလက်ရာမြောက်လှသော ယဉ်ကျေးမှုအဆောက်အအုံကြီးများ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။

မင်းအာဏာ၊ စီးပွားဥစ္စာ ရတနာတို့ဖြင့်သာဆိုလျှင် ဤ ကဲ့သို့သောလက်ရာမွန်မျိုးကို ရရှိရန်မလွယ်ကူပါ။ ကိုယ်တိုင်ကိုယ်ကျပါဝင်တည်ဆောက် မွမ်းမံကြသူတို့၏ ယုံ ကြည်မှု၊ စေတနာ၊ သဒ္ဓါတရားနှင့် တီထွင်မှုတို့ပါခဲ့၍ သာလျှင် ကမ ္ဘာ့အံ့ချီးဖွယ်ရာတစ်ရပ်အဖြစ် တည်တံ့နေသော ဤ ပုဂံဗိသုကာနှင့် အနုပညာလက်ရာများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ပေသည်။ ''( စာမျက်နှာ - ၁၀၁ နှင့် ၁၀၂ မှ ) ဟုလည်း ဗိုလ်မှူးဘရှင်က စာတမ်းအား ကောက်ချက်ဆွဲ နိဂုံးချုပ်ထားသည်။

နောက်ဆက်တွဲအဖြစ်ဖော်ပြထားသော '' ပုဂံခေတ်ဦး ပိဋကတ်တော်များ'' စာတမ်းကို ရာမညတိုင်းသား မွန်အမျိုးသားတို့၏ ဗုဒ္ဓသာသနာဆိုင်ရာ ပိဋကတ်တိုက်ဖွင့် ပွဲအခမ်းအနား တစ်ခု၌ ဖတ်ကြားတင်ပြခဲ့ဟန်ရှိသည်။ ခေါင်းစဉ်ခွဲပေါင်း ၄၀ ဖြင့်တင်ပြထားသည့် စာတမ်းတစ်စောင်လည်းဖြစ်သည်။

ပိဋကတ်တော်တို့ ကြွလာရာမူရင်းတိုင်းပြည်ကို သီဟိုဠ်နိုင်ငံ ဟုဆိုဖွယ်ရာရှိကြောင်းတင်ပြထားပြီး '' မည်သို့ပင်ဖြစ်စေ အဓိကအားဖြင့် အနော်ရထာမင်းကြီး၏ ကျေးဇူးကြောင့် ပုဂံခေတ် ဗုဒ္ဓဝါဒီတို့သည် အားလုံးမဟုတ်သည့် တိုင်အောင် ထိုခေတ် ဗုဒ္ဓဝါဒစာပေအများစုကို ရရှိကြပြီ ဖြစ်၏။ အခြေခိုင်သော ဗုဒ္ဓဝါဒအစဉ်အလာကိုလည်း ချ မှတ်ပေးခဲ့ကြ၏။ ယင်း သာသနာစာပေများဖြစ်ကြသော ပိဋကတ်တော်တို့နှင့် ပုဂံခေတ် ဗုဒ္ဓဘာသာအစဉ်အလာ တို့သည် ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံ၏ သာသနာရေးဘဝကို လွှမ်းမိုးလျက်ရှိနေပေသည်။ ပြည်ထောင်စု တိုင်းရင်းသားတို့အားလည်း အကျိုးပြု လျက်ရှိနေပေ သည်။'' ( စာမျက်နှာ - ၁၂၆ မှ ) ဟု နိဂုံးချုပ်တင်ပြထား သည်။

ပုဂံခေတ် ဗိသုကာနှင့် အနုပညာများအား စိတ်ဝင်တစား ရှိကြသူတို့နှစ်ခြိုက်ကြမည့် စာတမ်း နှစ်စောင် ဟု ယူဆ မိပါသည်။

မိုးမင်းသိမ်း
၁၃ ဇန်နဝါရီ ၂၀၁၉


Publisher Name: the key collection press

Publisher Address: ၅(ခ) ၅လွှာ ဒဂုံတာဝါ ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်။ ဖုန်း ၀၁-၅၅၈၁၆၁၊၀၉-၂၅၂၆၅၇၆၅၂

Publisher Phone Number: 01558161,09252657652


Related Books

Book Review Image

လူ့သမိုင်း

ကျော်အောင်
Book Review Image

ဗြိတိသှျရာဇ၀င်အကျဉ်းနှင့် ခေတ်သစ်တရုတ်-ဂျပန်ရာဇ၀င်

ဒေါက်တာသန်းထွန်း
Book Review Image

ကျော်စွာ (၁၀၀)

ဒေါက်တာသန်းထွန်း
Book Review Image

ငါပြောချင်သမျှ ငါ့ အကြောင်း

ဒေါက်တာသန်းထွန်း
Book Review Image

ပျူ ​တွေ ဘယ်​​ပျောက်​သွားသလဲ

ဒေါက်တာသန်းထွန်း
Book Review Image

ထားဝယ်ဥဒါန်း

မောင်သန်းဆွေ (ထားဝယ်)
Book Review Image

ကယားဦးစိန်၏မှတ်တမ်းများ

ကယားဦးစိန်
Book Review Image

ဂျဝါဟာလားနေရူး၏လျှပ်တစ်ပြက်ကမ္ဘာ့​သမိုင်း ( ရှေးဟောင်းနှင့်ခေတ်အလယ်ပိုင်း )

ဘိုးလှိုင်
Book Review Image

ရာဇဝင်နှင့် သူရဲကောင်း

နတ်နွယ်
Book Review Image

မြသန်းတင့်ရဲ့ စာအုပ် (၄) အုပ်

မြသန်းတင့်
Book Review Image

သမိုင်းနှင့် စာပေအတွေးအမြင်

ဒေါက်တာတိုးလှ