Book Image

ရာဇဝင်နှင့် သူရဲကောင်း

နတ်နွယ်

နတ်နွယ်

ရာဇဝင်နှင့် သူရဲကောင်း
စိတ်ကူးချိုချိုအနုပညာ
ပထမအကြိမ်၊ သြဂုတ် ၂၀၂၀။
မျက်နှာဖုံးပန်းချီ - တော်တီဆွေ။
၁၀.၉ စင်တီမီတာ x ၁၈.၆ စင်တီမီတာ။
စာမျက်နှာ - ၈၆၊ တန်ဖိုး - ကျပ် ၁၀၀၀။

စိတ်ကူးချိုချို စာအုပ်တိုက်၏ ၂၁ ပြည့် အမှတ်တရ ၂၁ အုပ် ထုတ်ဝေခြင်း အစီအစဉ် ဖြစ်သည်။ ဒဿနဝတ္ထု ဟု အမည်တပ်ထားသည်။ ဒဿနအတွေးအမြင်ကဲသော နတ်နွယ်၏ တစ်မူထူးခြားသော '' မဂ္ဂဇင်း ဝတ္ထု ရှည်တစ်ပုဒ် '' ဟုလည်း ဖော်ပြထားသည်။




စုံထောက်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောဝတ္ထုရှည်ဖြစ်သည်။ ကနဦးဖော်ပြခဲ့သည့် မဂ္ဂဇင်းသရုပ်ဖော်ပန်းချီကိုလည်း ထည့်သွင်းဖော်ပြထားသည်။

စုံထောက် ကျော်ဝင်း၊ ရာဇဝတ်အုပ် ကိုတင်ဝင်း၊ အောင်မြင်လျက်ရှိသော စာရေးဆရာမ ရတနာနန်းမယ်၊ သတင်းထောက်အောင်ကျော်၊ မန ္တလေးတက္ကသိုလ်မှ လွတ်မြောက်နယ်မြေသို့ရောက်သွားသည့် ကျောင်း သားခေါင်းဆောင် နီယဉ်ဦး၊ တောသူအိမ်ဖော်မလေး နှောင်းအေး၊ ဘာသာရေး နိုင်ငံရေး အရေခြုံတို့အား ဆက်တိုက်သတ်ဖြတ်သုတ်သင်လျက်ရှိသည့် လက်မရွံ့ စသည့် ဇာတ်ကောင်များဖြင့် ရေးခြယ်ထားသည့် ဖဆပလခေတ်နောက်ခံ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။

'' တကယ်တော့ စနစ်တစ်ခုလုံးက ကောင်းနေတာကို တစ်ယောက်တလေ သတ်ပစ်ရုံနဲ့ ဘယ်နည်းနဲ့မှ အရာ မရောက်ဘူး။ အရင်းရှင်စနစ်ကို ဖြိုခွဲရာမှာ အရင်းရှင်တစ်ယောက်နှစ်ယောက်ဟာ ဘာမှတန်ဖိုးရှိတာမဟုတ်ဘူး။ ပြီးတော့ စနစ်တစ်ခုကို ပြောင်းရာမှာလည်း တစ်ယောက်တည်း သူရဲကောင်းဆန်ဆန် လုပ်နေလို့ မရ ဘူး။ လူထုကြီးတစ်ရပ်လုံးကိုက အုံကြွတော်လှန်ဖို့ရာ လိုတယ်။ အဲဒီတော့ ဒီအကြမ်းဖက်မှုတွေဟာ 
တော်လှန်ရေးကို မှေးမှိန်စေတယ်။ ဒီသူရဲကောင်း ဝါဒ ကြီးဟာ စိတ်ကူးယဉ်နေတာပဲ။ မိုးတိမ်ထဲမှာ လှေစီးပြီး ကျောက်ဆောင်နဲ့ မတိုက်အောင် ပဲ့ကိုင်ပေးနေတာနဲ့ တူနေတယ်။ '' ( စာမျက်နှာ ၇၈ မှ )

မိုးမင်းသိမ်း
၁၈ စက်တင်ဘာ ၂၀၂၀


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

လူ့သမိုင်း

ကျော်အောင်
Book Review Image

ဗြိတိသှျရာဇ၀င်အကျဉ်းနှင့် ခေတ်သစ်တရုတ်-ဂျပန်ရာဇ၀င်

ဒေါက်တာသန်းထွန်း
Book Review Image

ကျော်စွာ (၁၀၀)

ဒေါက်တာသန်းထွန်း
Book Review Image

ငါပြောချင်သမျှ ငါ့ အကြောင်း

ဒေါက်တာသန်းထွန်း
Book Review Image

ပျူ ​တွေ ဘယ်​​ပျောက်​သွားသလဲ

ဒေါက်တာသန်းထွန်း
Book Review Image

ထားဝယ်ဥဒါန်း

မောင်သန်းဆွေ (ထားဝယ်)
Book Review Image

ကယားဦးစိန်၏မှတ်တမ်းများ

ကယားဦးစိန်
Book Review Image

ပုဂံခေတ်ဗိသုကာနှင့်အနုပညာများ ပေါ်ပေါက်တိုးတက်ပြောင်းလဲလာပုံ

ဗိုလ်မှူးဘရှင်
Book Review Image

ဂျဝါဟာလားနေရူး၏လျှပ်တစ်ပြက်ကမ္ဘာ့​သမိုင်း ( ရှေးဟောင်းနှင့်ခေတ်အလယ်ပိုင်း )

ဘိုးလှိုင်
Book Review Image

မြသန်းတင့်ရဲ့ စာအုပ် (၄) အုပ်

မြသန်းတင့်
Book Review Image

သမိုင်းနှင့် စာပေအတွေးအမြင်

ဒေါက်တာတိုးလှ