Book Image

အမရပူရ မဟာဂန္ဓာရုံဆရာ​တော်​ အရှင်​ဇနကာဘိဝံသ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ ( တစ်​ဘဝသံသရာ )

ဒေါက်တာသန်းထွန်း

မန်​မာနိုင်​ငံက နှစ်​ဆယ်​ရာစု အထူးခြားဆုံးပုဂ္ဂိုလ်​ 

အမရပူရ မဟာဂန္ဓာရုံဆရာ​တော်​ အရှင်​ဇနကာဘိဝံသ
ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ ( တစ်​ဘဝသံသရာ ) အကျဉ်​း
အကျဉ်​း​ရေးသူ ​ဒေါက်​တာသန်​းထွန်​း
နှစ်​ကာလများစာ​ပေ၊
ဒုတိယအကြိမ်​ ၊ နိုဝင်​ဘာ ၂၀၁၈။
မျက်​နှာဖုံး - ပန်​းချီကိုကိုနိုင်​။
၁၃.၅ စင်​တီမီတာ x ၂၀.၈ စင်​တီမီတာ။
စာမျက်​နှာ - ၁၂၆ ၊ တန်​ဖိုး - ကျပ်​ ၂၀၀၀။

​ဒေါက်​တာသန်​းထွန်​း၏ အကျဉ်​း​ရေးသူရဲ့မှတ်​ချက်​၊ ၂၂ ဇန်​နဝါရီ ၁၉၇၀ က ​ရေးသားခဲ့​သော အရှင်​ဇနကာဘိဝံ သ၏အမှာ၊ ဓာတ်​ပုံစာရင်​း၊ အရှင်​ဇနကာဘိဝံသ ဖြစ်​စဉ်​ချုပ်​ တို့ပါရှိသည်​။

အရှင်​ဇနကာဘိဝံသ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ ( တစ်​ဘဝသံသရာ) အကျဉ်​း၊ အရှင်​ဇနကာဘိဝံသ ​ရေးသား ခဲ့​သောကျမ်​း များ စာရင်​းကျယ်​ နှင်​့ အရှင်​ဇနကာဘိဝံ သ ရဲ့နံနက်​ခင်​းသြဝါဒချုပ်​ ဟူ၍ အပိုင်​း ၃ ပိုင်​းခွဲကာ ​ဒေါက်​တာသန်​းထွန်​းက အကျဉ်​း​ရေးသားထားသည်​။



'' ဆရာ​တော်​ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ ( တစ်​ဘဝ သံသရာ ) ကို အချုပ်​​ရေးရာမှာ တချို့အစိတ်​အပိုင်​း​တွေ ကို သိပ်​ပြီး အကျယ်​တဝင်​့ရှင်​းပြ​နေတာ​တွေ မလိုဘူး ဆိုပြီး ဖြုတ်​ပစ်​ပါတယ်​။သမိုင်​းနည်​းနဲ့ ' ဒါက အ​ကြောင်​း ရင်​း၊ ဒါက အဖြစ်​အပျက်​၊ ဒါက ရလဒ်​' ဆိုပြီး နည်​းနည်​း တန်​တန်​ လိုသ​လောက်​ပဲ​ရေးပါတယ်​။ မူရင်​းက စာမျက်​နှာ ၅၄၂ မျက်​နှာရှိတယ်​ဆို​တော့ ကျမ်​း​လေးတယ်​လို့​ပြောရမယ်​ထင်​တယ်​။ အခု ချုံ့လိုက်​တဲ့အခါ စာမျက်​နှာ ၁၀၀ အတွင်​းပဲရှိမယ်​။ ဒီလိုချုံ့​ပေမဲ့ အ​ရေးပါတဲ့
အ​ကြောင်​းအရာ တစ်​ခုမှ မကျန်​​စေရပါဘူး လို့ အာမခံ ပါတယ်​ '' ဟု ​ဒေါက်​တာသန်​းထွန်​းက အကျဉ်​း​ရေးသူရဲ့ မှတ်​ချက်​တွင်​​ဖော်​ပြထားသည်​။

'' ဒီကမ ်ဘာမှာ တဏှာ
တဏှာ​စေရာ မငြင်​းသာ
​ဘေး​တွေ့တဲ့အခါ ကယ်​သူ မလာ
ဇရာ
မသာ
​သေမှာ သိရင်​
ကြိုပြင်​ဆင်​ 
မဂ်​လမ်​း ပွင်​့​စေချင်​ '' ဟု '' နိဒါန်​း '' ပျိုးထား​သော အရှင်​ဇနကာဘိဝံသ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ ( တစ်​ဘဝသံ သရာ ) အကျဉ်​း အား လူဖြစ်​စမှ သက်​​တော်​ ခုနစ်​ဆယ့် ရှစ်​နှစ်​အထိ ​နှင်​့ ဖြည်​့စွက်​ချက်​တို့ကို အကျဉ်​း​ရေးသား ထားသည်​။

'' ရဟန်​းတစ်​ပါး၊ ကိုရင်​နှစ်​ပါးက အမရပူရကို ​ရှေ့​ပြေး သွားနှင်​့တယ်​။ အဲဒီရဟန်​းက ( စာအုပ်​၊စာအုပ်​စင်​၊စား ပွဲ၊ကုလားထိုင်​ စတဲ့ ) ကိုယ်​ပိုင်​ပစ္စည်​း​တွေကို နွားလှည်​း ငါးစီးနဲ့ တင်​ယူသွားတယ်​။ ဘုန်​းကြီးက​တော့ လူစီး ဘတ်​စ်​ကားနဲ့သွားတယ်​။ အထွက်​မှာနှုတ်​ဆက်​မယ်​့လူ မရှိသလို အဝင်​မှာလည်​း ကြိုဆို နှုတ်​ဆက်​မယ်​့လူ လည်​းမရှိပါ။ '' ( စာမျက်​နှာ ၄၃ မှ )

'' တစ်​ခါက ဆရာ​တော်​ကြီး​တွေနဲ့ဆုံတုန်​း ဘုန်​းကြီးက
'ရွှေကျင်​ဂိုဏ်​းကို တည်​​ထောင်​ခါစလို 'သန်​့ရှင်​း'​စေချင်​တယ်​' လို့ ​လျှောက်​တဲ့အခါ ' ဘုန်​းကြီးအ​ရေအတွက်​ မများ​စေနဲ့' လို့အ​ဖြေထွက်​တယ်​။ ဆ်ိုလိုတာက ဘုန်​း ကြီးမစစ်​တာ​တွေရှိနေပြီ။ ဖယ်​ရှားပစ်​ရမှာပဲ​ပေါ့။ ဘုန်​း ကြီးကိုယ်​တိုင်​က​တော့ ဒီသင်္ကန်​းကို မစွန်​့ဘူး။ သင်္ကန်​း​ကြောင်​့သတ်​မယ်​ဆိုရင်​လည်​း အ​သေခံမယ်​​ပြောပြီးဖြစ်​တယ်​။ '' ( စာမျက်​နှာ ၄၄ မှ )

'' လူ့ခန္ဓာကိုယ်​မှာ ရုပ်​က​လေး​တွေ မိနစ်​တိုင်​း၊ စက္ကန်​့တိုင်​း ဖြစ်​လိုက်​ ပျက်​လိုက်​နဲ့ ​မွေးလိုက်​ ​သေလိုက်​​ပေါ့။ အဲဒါကို အမြဲ နှလုံးသွင်​းရမှာ။ တစ်​နှစ်​မှတစ်​ခါ သတိရ တယ်​ဆိုတာ လွန်​တာ​ပေါ့။ ပြီး​တော့ ဗုဒ္ဓမြတ်​စွာနဲ့ အဂ္ဂ သာဝက​တွေက ​မွေး​နေ့ပွဲ လုပ်​တယ်​လို့ မှတ်​တမ်​းမရှိ ပါ။'' ( စာမျက်​နှာ ၆၁ မှ )

အရှင်​ဇနကာဘိဝံသ ​ရေးသားပြုစုခဲ့တဲ့ကျမ်​းများ 
( စာရင်​းကျယ်​ ) အား ဦး​ဃောသိတ ​ရေးသားသည်​့ ''တစ်​ဘဝ သာသ နာ '' မှ စာရင်​းရယူ၍ ကျမ်​း​ပေါင်​း ၆၃ ကျမ်​း၏ ထုတ်​​ဝေနှစ်​၊ စာမျက်​နှာအ​ရေအတွက်​နှင်​့ကျမ်​း ပါအ​ကြောင်​းအရာများအား ဒေါက်​တာသန်​းထွန်​းက အကျဉ်​း​ရေးသားထားသည်​။

အရှင်​ဇနကာဘိဝံသရ​ဲ့ နံနက်​ခင်​းသြဝါဒချုပ်​ မှာ အမရ ပူရ မဟာဂန္ဓာရုံ၌ သီတင်​းသုံးလျက်​ရှိ​သော သံဃာ​တော်​ တို့အား ပဋိပတ္တိ နှင်​့ ပဋိ​ဝေဓ ကို အရင်​းမူလထား ပြီး ​နံနက်​ခင်​းတိုင်​း​ နာရီဝက်​ကြာ ပြောကြား​လေ့ရှိ​သော သြဝါဒတို့အား ​ဒေါက်​တာသန်​းထွန်​းက အကျဉ်​းချုပ်​​ရေးသားထားခြင်​းဖြစ်​သည်​။

အမရပူရ မဟာဂန္ဓာရုံဆရာ​တော်​ အရှင်​ဇနကာဘိဝံသ အား မြန်​မာနိုင်​ငံက နှစ်​ဆယ်​ရာစုအထူးခြားဆုံးပုဂ္ဂိုလ်​ အဖြစ်​ သတ်​မှတ်​ကာ ​ဒေါက်​တာသန်​းထွန်​း​ရေးသား ခဲ့သည်​့ တိုတို ကျဉ်​းကျဉ်​း ရှင်​းလင်​း​ရေးသားချက်​တို့မှာ ထူးခြားသည်​့ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိအကျဉ်​း 
အ​ရေးအသားတစ်​ခုဟု ယူဆမိပါသည်​။

မိုးမင်​းသိမ်​း
၃ ​ဖေ​ဖော်​ဝါရီ ၂၀၁၉


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ZEN ဇင်ဗုဒ္ဓဘာသာ(အကျဉ်း)

ဘသန်း( ဓမ္မိက )
Book Review Image

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ဦးအေးမောင်
Book Review Image

ဓမ္မ - ဘဝတစ်လျှောက်နေသွားနည်းအတတ်ပညာ

ပါရဂူ
Book Review Image

ဗုဒ္ဓစကား

ပါရဂူ
Book Review Image

ဗုဒ္ဓ၏ အာရှတန်ဖိုး

အာကာမိုးသူ