Book Image

ဓမ္မ - ဘဝတစ်လျှောက်နေသွားနည်းအတတ်ပညာ

ပါရဂူ

ဓမ္မ - ဘဝတစ်လျှောက်နေသွားနည်းအတတ်ပညာ

စိတ်ကူးချိုချိုစာပေ
တတိယအကြိမ်၊၂၀၁၄
ရောင်းစျေး - ၃၂၀၀ ကျပ်

ပါရဂူ
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)



ဂရုမစိုက်ခြင်းအနုပညာ စာအုပ်အကြောင်း ဖတ်ညွှန်းရေးတာတွေဖတ်ရတော့ ဖတ်ခဲ့ဖူးတဲ့စာအုပ်လေးတစ်အုပ်ကိုသတိရမိပါတယ် အဲ့စာအုပ်က " ဓမ္မ - ဘဝတစ်လျှောက်နေသွားနည်းအတတ်ပညာ " ဆိုတဲ့ ရှရီဆတျ နာရာယန်း ဂိုအင်ကာ ရဲ့ " ဓရမ္မ-ဂျီဝနိဂျီနေကီကလာ" ကို ဆရာပါရဂူ က ဟိန္ဒီဘာသာကနေ ဘာသာပြန်ထားတဲ့စာအုပ် ပါ

အရင်တုန်းကလည်း တက်တိုးရဲ့သောကကင်းဝေးနေထိုင်ရေးဆိုတဲ့စာအုပ် လည်းနာမည်ကြီးခဲ့တာရှိပါတယ် အဓိက အဲ့ဒီစာအုပ်တွေရဲ့ဆိုလိုရင်းက စိတ်ကို ဘယ်လိုထားရမယ်၊ဘယ်လိုကျင့်ကြံရမယ်ဆိုတာမျိုး ကို အဓိကထားရေးသားထားကြတဲ့စာအုပ်တွေလို့မြင်မိပါတယ်

တကယ်တော့စိတ်နဲ့ပတ်သက်ရင် ဗုဒ္ဓရဲ့နည်းကို လေ့လာ ကျင့်ကြံတာ အကောင်းဆုံးလို့မြင်မိတဲ့အတွက် ဒီဖတ်ညွှန်းလေးကိုရေးရတာပါ ဒီနေရာမှာ ကျင့်ကြံတယ်ဆိုတဲ့စကားကို သုံးထားပါတယ် ဝိဇ္ဇာ ၊စရဏ ပေါ့ တကယ်တော့ စိတ်ဆိုတာ ဘယ်လိုထားရတယ် ဘယ်လိုလေးနေဆိုပြီး ပြောရုံနဲ့ပြောတဲ့အတိုင်း ဖြစ်လာတာမဟုတ်ပါဘူး ကျင့်ကြံ ကြဖို့လိုပါတယ် စာအုပ်ဖတ်ရုံ စာသားတွေကိုနှစ်သက်ရုံနဲ့စိတ်ကို ထိန်းချုပ်လို့မရပါဘူး ဒါကြောင့် အသိနဲ့အကျင့် အကြောင်းပြည့်ပြည့်စုံစုံရေးသားထားတဲ့ ရှင်းရှင်းလင်းလင်း ဘာသာပြန်ထားတဲ့ ဆရာပါရဂူ ရဲ့ဘာသာပြန်စာအုပ်လေးကိုဖတ်ကြည့်စေချင်ပါတယ်

ကျွန်တော်တို့ဟာ လူနဲ့တရားကိုခွဲကြည့်တတ်ဖို့အတွက် ဓမ္မစာအုပ်တွေကို အားထုတ်ဖတ်ကြည့်တာ အကောင်းဆုံးပါ

ကျွန်တော်တို့ကိုယ်တိုင် တရားအကြောင်းပြောတဲ့လူတစ်ချို့ကြောင့် အဲ့လူတွေရဲ့အကျင့်စရိုက်ကြောင့် ဗုဒ္ဓတရားတွေနဲ့ဝေးကွာခဲ့ရတဲ့ ကာလတွေရှိခဲ့ပါတယ် ဆိုလိုတာက ဗုဒ္ဓတရားတွေဟာ ရုတ်တရက် နားလည်ဖို့မလွယ်သလို လူတစ်ချို့ရဲ့အပြောကြောင့်လည်း လူငယ်တွေအနေနဲ့ တန်ဖိုးရှိတဲ့ အသိတရားတွေနဲ့ဝေးကွာ ရတာမျိုးတွေ ကျွန်တော်တို့မျိုးဆက်မှာ အတွေ့များနေရလို့ပါ

ဒါကြောင့်သေချာလေ့လာပြီး အားထုတ်ကြစေချင်မိပါတယ် ဦးဂိုအင်ကာတည်ထောင်ထားတဲ့ ဓမ္မဇောတိတရားစခန်းကိုလည်း တစ်ကြိမ်လောက်ဝင်ကြည့်သင့်ပါတယ်

ကျွန်တော်တို့အဘိဓမ္မာ သင်ကြတုန်းကလည်း သေသေချာချာနားမလည်ခဲ့ကြပါဘူး ဒါပေမယ့် ဆရာကြီးဦးဘခင်ရဲ့ ၁၀ ရက်စခန်း ဝင်တဲ့အခါ နည်းနည်းပိုနားလည်လာပါတယ် ဒါကြောင့် စိတ်ကို ထိန်းချုပ်နိုင်ဖို့ Positive Thinking များဖို့အတွက် အသိနဲ့အတူ အကျင့်ပါလိုအပ်ကြောင်း ဒီစာအုပ်လေး ကပြောပြပါလိမ့်မယ်

စာအုပ်ထဲက ကောက်နုတ်ချက်လေး တစ်ခုပါ

"ဝိပဿနာသည် မိမိနှင့်သူတစ်ပါးအား ငြိမ်းချမ်းစွာ နေသွားနိုင်ရန် ကောင်းကျိုးပြုသည့် ဘဝတစ်လျှောက် နေထိုင်သွားနည်း ဖြစ်သည်။

ဝိပဿနာသည် ကိုယ့်ကိုယ်ကို အားကိုးခြင်း ဖြစ်သည်။
ကိုယ့်ကိုယ်ကို စိစစ်ခြင်း ဖြစ်သည်။
ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း ဖြစ်သည်။ "

အချုပ်ဆိုရရင်
မိရိုးဖလာဗုဒ္ဓဘာသာမဟုတ်ဘဲ ဗုဒ္ဓတရားတွေကိုလေ့လာဖြစ်အောင် တွန်းအားပေးခဲ့တာကတော့ ကာလမသုတ်ကြောင့်ပါ 

ဗုဒ္ဓမြတ်စွာဟောကြားခဲ့သော ကေသမုတ္တိသုတ် (သို့) ကာလမသုတ်၏ အနှစ်ချုပ်

ဘုရားရှင်သည် နယ်စပ်ရွာကြီးတစ်ရွာဖြစ်သော ကေသမုတ္တိရွာကြီးသို့ ရောက်ရှိခဲ့စဉ် ၎င်းရွာကြီးတွင် ဘုရားရှင်အရှေ့ဦးစွာ တတ္ထိပုဂ္ဂိုလ် (၆) ဦးမှ ငါဟောတာယုံ၊ သူများပြောတာမယုံနဲ့ဆိုပြီးမှားယွင်းသော အယူဝါဒများစွာကိုေ ဟာကြားခဲ့ပြီးဖြစ်လို့ ရွာသားများအားလုံး အယူဝါဒနဲ့ ပတ်သက်ပြီး တွေဝေနေကြသောအချိန်တွင် ဘုရားရှင်မှ ကေသမုတ္တိသုတ် ကို ဟောတော်မူခဲ့သည်။
၎င်းသုတ္တန်သည် ယနေ့ကမ္ဘာပေါ်တွင် ရှိသမျှသော အတွေးအခေါ် ပညာရှင်ကြီးများ အားလုံးမှ အထူးလေးစားဆုံးနှင့် ချီးမွမ်းရဆုံးသော သုတ္တန်တစ်ခု ဖြစ်ခဲ့ပြီး---

(၁) The Bravest Announcement
အရဲရင့်ဆုံးသော ကြွေးကြော်သံ

(၂) The Freedom of Thought
အတွေးအခေါ် ပိုင်းဆိုင်ရာ လွတ်လွတ်လပ်လပ် တွေးနိုင်ခြင်း ဖြစ်ကြောင်း မှတ်တမ်းတင်ဂုဏ်ယူနေသော သုတ္တန်ဖြစ်ပေသည်။

၎င်းသုတ္တန်တွင် အချက် (၁၀) ချက် ကို ပြခဲ့ပြီး ၎င်း (၁၀) ချက်ကို အလွယ်တကူ လက်ခံယုံကြည်ခြင်းမပြုဘဲ ခေတ္တထားပြီး သေချာစီစစ်ပြီးမှ ယုံရန်ဖြစ်သည်။

(၁) ဆင့် - တစ်ဆင့်စကားပြောလာသော စကားကို မယုံနဲ့အုံး၊

(၂) ကော - ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး၊

(၃) စာ - စာအုပ်ထဲကပြောတိုင်းလည်း မယုံနဲ့အုံး၊

(၄) စဉ် - အစဉ်အလာ ဘိုးဘွားစဉ်ဆက် စကားကိုလည်း မယုံနဲ့အုံး၊

(၅) ကူး - ဟိုနည်းဒီနည်း နည်းကူးချပြီးလည်း မယုံနဲ့အုံး၊

(၆) တွေး - အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊

(၇) ဆင် - ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး၊

(၈) ငါ့ - ငါ့အယူဝါဒသာ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊

(၉) လေး - လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး၊

(၁၀) ရာ - ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။

မည်သည့်အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင်သိအောင်လုပ်ကြ ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်လျှင် မှား / မှန်၊ ဆိုး / ကောင်း ကို ကိုယ်တိုင်သိမြင်ပြီးမှ လက်ခံယုံကြည်ကျင့်သုံးကြရန် ဖြစ်ပေသည်။

Positive Thinking များတဲ့ လူအဖွဲ့အစည်း ထွန်းကားပါစေ

#အိုစိုး



Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

အမရပူရ မဟာဂန္ဓာရုံဆရာ​တော်​ အရှင်​ဇနကာဘိဝံသ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ ( တစ်​ဘဝသံသရာ )

ဒေါက်တာသန်းထွန်း
Book Review Image

ZEN ဇင်ဗုဒ္ဓဘာသာ(အကျဉ်း)

ဘသန်း( ဓမ္မိက )
Book Review Image

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ဦးအေးမောင်
Book Review Image

ဗုဒ္ဓစကား

ပါရဂူ
Book Review Image

ဗုဒ္ဓ၏ အာရှတန်ဖိုး

အာကာမိုးသူ