Book Image

ဗုဒ္ဓ၏ အာရှတန်ဖိုး

အာကာမိုးသူ

ဗုဒ္ဓ၏ အာရှတန်ဖိုး 

(ဗုဒ္ဓ၏ စီမံခန့်ခွဲမှုများကို လေ့လာခြင်း)
 စာရေးသူ - အာကာမိုးသူ
 တန်ဖိုး - 9500 (ပထမအကြိမ်)
 စာမျက်နှာ - 288 မျက်နှာ 

 စာအုပ်မှာယူလိုပါက -



လောကီလူသားတို့ရထိုက်သည့် 

ဗုဒ္ဓ၏စီမံခန့်ခွဲမှုအရည်အသွေး . . .

ဤစာအုပ်တွင် ဗုဒ္ဓ၏စီမံခန့်ခွဲမှု(Management)ကို အာရှတန်ဖိုးထားမှုအမြင်ဖြင့် အဓိကထားလေ့လာတင်ပြထားသည်။ 

စီမံခန့်ခွဲမှု(Management)ရှုထောင့်ကကြည့်ပါက ဗုဒ္ဓသည် ရှေးအကျဆုံးသော စီမံခန့်ခွဲသူ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ 

လူသားတစ်ယောက်၏ဖြစ်တည်ခြင်း၊ လွတ်လပ်မှုနှင့် စီမံခန့်ခွဲမှုကို ရှေးအကျဆုံး ကိုယ်တိုင်နားလည် တည်ဆောက်ခဲ့သူဖြစ်သည်။

ဗုဒ္ဓသည် စီမံခန့်ခွဲမှုနည်းစနစ်များကို ကိုယ်တိုင်ဖော်ထုတ်ခဲ့ရုံသာမက ကိုယ်တိုင်ကျင့်သုံးအောင်မြင်သူလည်း ဖြစ်သည်။ ဗုဒ္ဓ၏စီမံခန့်ခွဲမှုကို လေ့လာသည့်အခါ ဗုဒ္ဓကိုယ်တိုင် လူ့အဖွဲ့အစည်းနှင့် ထိခိုက်နိုင်မှုအနည်းဆုံးကို အကြိမ်ကြိမ်ကျင့်သုံးခဲ့သည့် စီမံခန့်ခွဲမှုများအဖြစ်မြင်တွေ့ရပါသည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော်ကာလက သံဃာ့အဖွဲ့အစည်း၏ ခေါင်းဆောင်မှာ ပရိနိဗ္ဗာန်ပြုသွားသည့်တိုင် ယနေ့တိုင်အထိ သံဃာ့အဖွဲ့အစည်းပြိုကွဲမသွားရခြင်းမှာ ဗုဒ္ဓ၏စီမံခန့်ခွဲမှု ကျွမ်းကျင်မှုကို ဖော်ပြနေခြင်းဖြစ်သည်။

ဤစာအုပ်သည်စီမံခန့်ခွဲခြင်း အမည်ရှုထောင့်မှနေ၍ ဗုဒ္ဓကိုလေ့လာဖော်ထုတ်ထားခြင်းဖြစ်ပါသည်။ 
လောကုတ္တရာအလွှာမှကြည့်၍ ဗုဒ္ဓသည်စီမံခန့်ခွဲသူတစ်ယောက်ဖြစ်ပါသလားဟု မေးမြန်းလာခဲ့လျှင် ငြင်းဆိုခွင့်ရှိသင့်သော အခွင့်အရေးရှိပါသည်။ 

သို့သော် လောကီအလွှာမှသုံးသပ်လျှင် ဗုဒ္ဓသည် ခေါင်းဆောင်တစ်ဦး၏ အသွင်အပြင်လက္ခဏာများ ရှိနေသည်ကိုလည်း မြင်တွေ့နိုင်ပေလိမ့်မည်။ ဤစာအုပ်သည် လောကီလူသားတို့ရထိုက်သည့် ဗုဒ္ဓ၏စီမံခန့်ခွဲမှုအရည်အသွေးကို ထုတ်ဖော်တင်ပြရန် ရည်ရွယ်ခြင်းဖြစ်သည်။

 


Publisher Name: သားငယ်စာအုပ်တိုက်


Related Books

Book Review Image

အမရပူရ မဟာဂန္ဓာရုံဆရာ​တော်​ အရှင်​ဇနကာဘိဝံသ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ ( တစ်​ဘဝသံသရာ )

ဒေါက်တာသန်းထွန်း
Book Review Image

ZEN ဇင်ဗုဒ္ဓဘာသာ(အကျဉ်း)

ဘသန်း( ဓမ္မိက )
Book Review Image

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ဦးအေးမောင်
Book Review Image

ဓမ္မ - ဘဝတစ်လျှောက်နေသွားနည်းအတတ်ပညာ

ပါရဂူ
Book Review Image

ဗုဒ္ဓစကား

ပါရဂူ