Book Image

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ဦးအေးမောင်

ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ သည် ဦးအေးမောင်၏ ထင်ရှားသည့် ဗုဒ္ဓဘာသာစာပေတစ်ခု ဖြစ်၏။ ဦးအေးမောင်သည် ဤစာအုပ်ကို အင်္ဂလိပ်ဘာသာသို့လည်း “THE BUDDHA AND HIS TEACHING” ဟူသော အမည်ဖြင့် ပြန်ဆိုရေးသားခဲ့သည်။

ရန်အောင်စာပေမှထုတ်ဝေသည်


ဒီစာအုပ်ဟာ ဘာသာရေးလောကကို ဗုံးတစ်လုံးပစ်ချလိုက်သကဲ့သို့ ပွက်လောရိုက်သွားစေသည်ဟု ဦးကြီးမောင်(ငွေဥဒေါင်း) ကအမှာစာမှာ ပြောထားတာတွေ့လိုက်ရတယ် 


ဆရာအောင်သင်းနဲ့ အင်တာဗျူးမှာ ဆရာအေးမောင်ဟာ ဗုဒ္ဓဘာသာအကြောင်းဆန်းစစ်လေ့လာရာတွင် ဗုဒ္ဓဝါဒီကို လက်ကိုင်မထားဘဲ အပြင်ကနေ လေ့လာထားတဲ့ပုံစံဖြစ်တယ်လို့ ဆရာအောင်သင်းက ဆိုထားတယ် 

ဘာသာရေးနဲ့ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ရာမှာ မိမိရဲ့ မိရိုးဖလာ ဘာသာကို ပြန်လည်ဆန်းစစ်ရတာ တော်တော်လေးခက်ပါတယ် ၊ ဘာသာရေးအချို့ဟာ အကြောက်တရားနဲ့ထိန်းချုပ်တယ် လွတ်လပ်စွာ တွေးခေါ်ခြင်းကို တားမြစ်ထားတယ် ၊ မိမိကိုးကိုယ်ရာဘာသာအကြောင်းတောင် သေချာမသိဘဲ လူ့ဘ၀ကနေ ပျောက်ဆုံးသွားကြတဲ့ လူတွေ တပုံကြီးပါ

တဖြေးဖြေး ချဲ့ကားလာကြတဲ့ စကားလုံးတွေရဲ့နောက်က အမှန်တရားကို ပြန်ရှာဖွေရတာ ခက်ခဲပါတယ် ၊ ကျမ်းကိုးကျမ်းကားတွေနဲ့ ဖော်ပြထားခြင်း ခံရတဲ့ အကြောင်းအရာတွေဆို ပစ်ယုံတတ်တဲ့ လူတွေကို ပြန်ရှင်းရတာ ပိုခက်ခဲပါတယ်

ကျွန်တော်တို့ လူသားတွေရဲ့ အကျင့်ဟာ ချီးကျူးချင်တဲ့အရာဆို ပိုချီးကျူးတယ် ၊ ပိုပြီးတော့ကောင်းအောင် Creative လုပ်ချင်တယ် ( ဒီနေရာမှာ ကိုယ်ပိုင်အမြင်လေးတစ်ခု ပြောချင်တာက ဘုရားရှင်ရဲ့ ရုပ်ပွားတော်ကို မင်းမြောက်တန်ဆာလိုလို အဆောင်အယောင်တွေ ထည့်လာကြတယ် ၊ ဘုရားကို ကြည်ညိုဖွယ် အဆင်းဖြစ်ဖို့ အဓိကမထားဘဲ ဆင်းတုတော်ကြီးမားဖို့ကို ဦးတည်လာကြသလားပဲ )  

ရှေးရှေးက ဆရာကြီးတွေဟာ ဗုဒ္ဓကို တန်ခိုးရှင်အဖြစ်ဖန်ဆင်းခဲ့ကြတယ် တကယ်တော့ ဗုဒ္ဓဟာ တန်ခိုးပြခြင်းကိုတောင် တားမြစ်ခဲ့သေးတယ် 

ဒီထဲမှာပါတဲ့ လေ့လာဆန်းစစ်ချက်တွေဆို ဗုဒ္ဓဘာသာတွေ တော်တော်များများ မမြင်တဲ့အချက်တွေကို သေသေချာချာလေး ဆန်းစစ်ထားတာကိုတွေ့ရတယ် 

အနောက်နိုင်ငံက ဗုဒ္ဓဘာသာ၀င် မဟုတ်တဲ့သူတွေတောင် ဗုဒ္ဓကို မြင့်မြတ်တဲ့လူသားအဖြစ် တလေးတစား အသိအမှတ်ပြုကြတယ် 

ဗုဒ္ဓဟာ ကိုယ်တိုင်ဆန်းစစ်ပြီးမှ လက်ခံ ငါဘုရားဟောဆိုတိုင်းလည်း လက်မခံနဲ့လို့ ဟောကြားခဲ့ဖူးတယ် 

ဒီနေရာမှာ ဆရာအေးမောင်ရဲ့ အသိပညာရှာရာတွင် သိထားသင့်တဲ့ အချက်တစ်ချက်ကို ဖော်ပြချင်တယ် " အသိပညာရှာတဲ့အခါမှာ သံသယစိတ် လွန်ကဲမှုနဲ့ မျက်စိမှိတ် ယုံကြည်မှုဆိုတဲ့ အစွန်းနှစ်ခုကို ရှောင်ပြီး အလယ်လမ်းကို လိုက်ဖို့လိုပါတယ် " 

ဒီစာအုပ်ဟာ ပိတ်ထားတဲ့အမြင်တွေ ပွင့်လာအောင် လုပ်နိင်စွမ်းတယ် ၊ မင်းနန်(မော်ကျွန်း)ရဲ့ အထက်တန်းစား ဗုဒ္ဓဘာသာ၀င်နဲ့ အရှင်ဇနကာဘိဝံသရဲ့ အနာဂတ် သာသနာရေး လိုပဲ အရမ်းကြိုက်မိတဲ့ စာအုပ်တစ်အုပ်ဖြစ်သွားခဲ့တယ် ......

#ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ
#ဦးအေးမောင်

#PyaeArKar


Publisher Name: ရန်အောင်စာပေ


Related Books

Book Review Image

အမရပူရ မဟာဂန္ဓာရုံဆရာ​တော်​ အရှင်​ဇနကာဘိဝံသ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ ( တစ်​ဘဝသံသရာ )

ဒေါက်တာသန်းထွန်း
Book Review Image

ZEN ဇင်ဗုဒ္ဓဘာသာ(အကျဉ်း)

ဘသန်း( ဓမ္မိက )
Book Review Image

ဓမ္မ - ဘဝတစ်လျှောက်နေသွားနည်းအတတ်ပညာ

ပါရဂူ
Book Review Image

ဗုဒ္ဓစကား

ပါရဂူ
Book Review Image

ဗုဒ္ဓ၏ အာရှတန်ဖိုး

အာကာမိုးသူ