Book Image

ယန်စီအလှ၊ဗီးဂတ်စ်ညနှင့်ကောင်းကင်မပြာသောမြို့ပြများ

သာထက်အောင်

စာရေးသူ သာထက်အောင်

ယန်စီအလှ၊ဗီးဂတ်စ်ညနှင့်ကောင်းကင်မပြာသောမြို့ပြများ
တန်ဖိုး  ၂၅၀၀ ကျပ်
ပထမအကြိမ်၊ ဇန်နဝါရီလ၊ ၂၀၁၇

 မဟေသီမဂဇင်းတွင်ရေးသားခဲ့တဲ့ ကမ္ဘာ့အရှေ့ခြမ်းတရုတ်ပြည်နှင့် ကမ္ဘာ့အနောက်ခြမ်း အမေရိကားသွား ခရီးသွားဆောင်းပါးများကို စုစည်းထုတ်ဝေထားတာပါ။ 


အရှေ့၊ အနောက်ယဉ်းကျေးမှုများကို တပြိုင်တည်း နှိုင်းယှဉ်ဖတ်ရမှာပါ။ ယနေ့မြန်မာပြည်ကြီးလည်း အထိုက်အလျောက် ပွင့်လင်းတိုးတက်လာတဲ့အလျောက်ပြည်သူတွေ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံမှုတွေ၊ ခရီးသွားလည်ပတ်မှုတွေပိုများလာပါပီ။ ကိုယ်သွားချင်တဲ့နိုင်ငံ၊ ဒါမှမဟုတ်မြို့၊ ၁၀ရက်ခရီး၊ ၁၄ ရက်ခရီး စတဲ့ ဝန်ဆောင်မှုအမျိုးမျိုးနဲ့ရွေးချယ်စရာ ခရီးသွားအေးဂျင့်တွေလည်း များလာပါပီ။ ဘယ်လောက်ပဲ အကွက်စေ့အောင် စီစဉ်ထားပေမယ့်လည်း ယဉ်ကျေးမှု၊ ရာသီဥတု၊ အစားအစာ မတူတဲ့တိုင်းပြည်များရောက်တဲ့အခါ စိတ်ကသိကအောင့်ဖြစ်စရာ အဆင်မပြေမှုများနဲ့တွေ့ရတတ်သေးတာပါ။ ဒီလိုဘဲ နိုင်ငံတကာမှ ခရီးသွားဝင်ရောက်မှုတွေလည်း ပိုများလာပါပီ။ သူများနိုင်ငံတွေမှာ ဧည့်သည်တွေဆီကငွေကို ဘယ်လိုနည်းတွေနဲ့သဲ့ယူနေကြသလဲ၊ ဘယ်လို ဝန်ဆောင်မှုတွေပြန်ပေးနေကြလဲ ဒါတွေသိဖို့ပြင်ဆင်ထားဖို့လိုလာပါပီ။ အဲ့ဒီလိုအပ်ချက်တွေကို ယုခုလို ခရီးသွားစာပေတွေက အထောက်အကူပြုနိုင်မှာပါ။ ခရီးသွားစာပေများ ဒိထက်ဖွံ့ဖြိုးလာမယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေ နားကျယ်၊ မျက်စိကျယ်၊ အသံကျယ်၊ ဉာဏ်ကျယ်တွေဖြစ်လာမှာသေချာပါတယ်။ စာရေးသူ ဆရာသာထက်အောင်ကတော့ တိုင်းပြည်ကြီးပွားတိုးတက်ဖို့ကိစ္စမှာ အမြင်ကျယ်ဖို့၊ အသိဉာဏ်ကြီးဖို့၊ ဗဟုသုတများဖို့၊စေတနာမှန်ဖို့လိုတာကြောင့် လူတိုင်း ဥခွံထဲကခေါင်းပြူကြည့်ဖို့၊ ဝါးလုံးခေါင်းထဲကထွက်ခဲ့ဖို့၊ ကိုယ့်ဝပ်ကျင်းလေးကိုပဲ ကမ္ဘာကြီး ထင်မနေဖို့ ဒီစာအုပ်လေးကတဆင့် တိုက်တွန်းထားပါသေးတယ်။

ဖတ်ညွှန်း -စာနဒီ


Publisher Name: စာနဒီ စာအုပ်တိုက်

Publisher Address: အမှတ်-၉၇၃၊ ပျဉ်းမမြိုင်လမ်း၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Publisher Phone Number: 095071196, 095071197


Related Books

Book Review Image

မယိုင်လဲစတမ်း

နိုင်ရဲကျော်
Book Review Image

သိမ့်မွေ့သောလမ်း (The Gentle Way of Buddhist Meditation)

ဒေါက်တာအရှင်အရှင်အာစာရ