Book Image

သိမ့်မွေ့သောလမ်း (The Gentle Way of Buddhist Meditation)

ဒေါက်တာအရှင်အရှင်အာစာရ

စာအုပ်အမည်။ ။ သိမ့်မွေ့သောလမ်း (The Gentle Way of Buddhist Meditation)


ပြန်ဆိုရေးသားသူ။ ။ ဒေါက်တာအရှင်အရှင်အာစာရ 

မူရင်းရေးသားသူ။ ။Godwin Samararatne

ပုံနိုပ်တိုက်။ ။ ဒီမိုးစာပေ

မျက်နှာဖုံး။ ။သာအေးည

မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ရှိ Liberal Art အစီစဉ်က BARS Religion မေဂျာကျောင်းသားတွေ ကို ဒုတိယနှစ်ကနေ စပြီး စာသင်ကြားဖြစ်တယ်။ ဒုတိယနှစ်အတွက် Basic Concept of Theravada Buddhism တတိယနှစ်အတွက် Buddhist Meditation နောက်ဆုံးနှစ်အတွက်ကတော့ Today Buddhism ဆိုပြီး အတန်း သုံးတန်း ကို ၃ ဘာသာ သင်ဖြစ်တယ်။ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှာ Religion Major ယူတဲ့ ကျောင်းသား အတော်နည်း တယ် အများဆုံး အတန်းက ၆ ယောက်လောက်ပဲရှိတယ်။ အနည်းဆုံးကတော့ ၁ ယောက်ပေါ့။ များသောအားဖြင့် ကျောင်းသားတွေက ခရစ်ယာန်ကျောင်းသားတွေပဲ များတယ်။ ဗုဒ္ဓဘာသာကို ဘာသာတရား အနေနဲ့ မဟုတ်ပဲ ဘာသာရပ်အနေလေ့လာကြတယ်။ သူတို့ကို သင်ကြားခွင့် ရရင်း ကျနော်ကိုယ်တိုင်လည်း လေ့လာဖြစ်တယ် ကျောင်းသားတွေရဲ့ ထက်မြက်ပြီး စူးစမ်းလိုတဲ့ မေးခွန်းတွေ ကြောင့် ကျနော်စာပို ဖတ်ဖြစ်တယ်။ 

Basic Concept of Theravada Buddhism နဲ့ Today Buddhism ဘာသာရပ်တွေ အတွက် သင်လျော်တဲ့ စာအုပ်တွေထဲက ကောင်းနိုးရာရာ ထုတ်နုတ်ပြီး သင်နိုင်ပေမယ့် Buddhist Meditation ဘာသာရပ်အတွက် တရားအားထုတ်နည်းနဲ့ အခြားသဘောတရားတွေကို ဗုဒ္ဓဘာသာဝင်မဟုတ်သူများ နားလည်အောင် ရေးထားတဲ့ စာအုပ်ကို ရှာဖွေနေတာ ကြာပါပြီ။ 

  
အခုတော့ အဲလို စာအုပ်မျိုး တွေ့ပါပြီ။ ဒါကတော့ သီရိလင်္ကာ နိုင်ငံက လူကမ္မာဌာနစရိယဆရာကြီး Godwin Samararatne ရဲ့ The Gentle Way of Buddhist Meditation ဆိုတဲ့စာအုပ်လေးကို နိုင်ငံတော်ပရိယတ္တိသံဃာတက္ကသိုလ်မှာ ပိဋိကတ် အင်္ဂလိပ်စာဌာနမှုးဆရာတော် ဒေါက်တာအာစာရ မှာ ဘာသာပြန်ဆိုထားပါတယ်။ 

ဒီစာအုပ်ဟာ လူပုဂ္ဂိုလ်ကမ္မဌာနစရိယဆရာကြီး Godwin Samararatne ဟာ ဟောင်ကောင် တရားစခန်း မှာ ဟောကြားထားတဲ့ တရားတော်တွေကို စုစည်းရေးသားထားပြီး ထုတ်ဝေထားခြင်းဖြစ်ပါတယ်။ ဒီစာအုပ် မှာ သဘော တရားဆိုင်ရာဟောပြောချက် (၆)ခု နှင့် ခုနှစ်ရက်တရားစခန်းမှ နေ့စဉ်ဟောပြောချက် (၇)ခု ကို စုစည်း ရေးသားထားခြင်းဖြစ်ပါတယ်။


ဟောပြောချက် (၇)ခုနဲ့ နေ့စဉ်အလုပ်ပေးတရားတွေဟာ တရားဟောသလိုပုံစံဖြစ်ပြီး တစ်ပုဒ်ဆုံးတိုင်း အမေး အဖြေ ကဏ္ဍနဲ့ ပိတ်ထားတဲ့ အတွက် ဟောပြောပွဲတစ်ပွဲမှှာ ကိုယ်ဝင်နားထောင်နေသလို ခံစား သိမြင်နိုင်ပါတယ်။ စာအုပ်ထဲက သုံးနှုန်းထားတဲ့ အသုံးအနှုန်းတွေက ရိုးရှင်ပြီး နားလည်ရလွယ်တယ်။ ဒီတရား ကို ဟောကြားတဲ့ Godwin ဟာ အသုံးမတည့်တဲ့ ဝိဝါဒကွဲပြားစရာတွေနဲ့  အချိန်ကုန်မခံပဲ လိုရင်းရောက် အောင် လမ်းညွန်နိုင်တယ်။ နောက်ကျနော် အကြိုက်ဆုံး အချက်ကတော့ သမားရိုးကျ လျောင်း ထိုင် ရပ် သွား က္ကရိယာပုဒ်များမှာ ဘယ်လို ကျင့်ကြံရမလဲ (Statics Meditation) ဆိုတာထက် နေ့စဉ်ရှင်သန်ဆဲ လူမှုဘဝမှာ လက်တွေ့ကျင့်သုံးရန်ဆိုတဲ့ (Dynamic Meditation) ဆိုတာကို နားလည်းအောင် ရှင်းလင်းထားလို့ပါပဲ။ နောက် တရားထိုင်သူ ကျင့်ကြံသူတစ်ယောက်အနေနဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်ရဲ့ ဖွားဖက်တော် များများသုံးဝါဒ (Consumerism) ရဲ့ အန္တရယ်တွေကိုပါ သတိရှိအောင် ဘယ်လိုနေထိုင်ရမလဲ ဆိုတာကို အရှင်းဆုံး အလွယ်ဆုံး လမ်းညွန်ထားပါတယ်။


ဟိုးအရင် ဗုဒ္ဓစာပေကို ဘာသာပြန်ရာမှာ မူရင်းပါဠိဘာသာအားကြီးလွန်းတာမို့ အချို့စကားလုံးများကို ဘာသာပြန်ရာမှာ မူရင်းပါဠိအတိုင်းပြန်အသုံးပြုတာကြောင့် သဘောပေါက်သင့်သလောက် မပေါက် ခရီးရောက်သင့်သလောက်မရောက်လို့ထင်တယ်။ ဒါကြောင့် ဗုဒ္ဓစာပေကို လေ့လာလိုတဲ့ ခေတ်လူငယ် တွေအတွက် အသုံးနှုန်းအချို့ဟာ တောင်တန်းကြီးတွေ ဖြစ်နေတာ အမှန်ပါပဲ။ ဒါတင်မက လက်တွေ့ ကမ္မဌာန်း ဘာဝနာ အားထုတ်လိုသူတွေ အတွက်လည်း ကမ္မဌာန်း ဘာဝနာဆိုင်ရာ လူငယ်နားနဲ့ နားမလည်နိုင်တဲ့ စကားလုံး အသုံးနှုန်းတွေဟာ အခက်အခဲဖြစ် နေပါတော့တယ်။ ဒီတော့ လူငယ်တွေ အခြားသော ဘာသာဝင်တွေ နားနဲ့ နားလည်နိုင်မယ့် ဗုဒ္ဓဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းတွေ ဟာ လိုအပ်ချက် တစ်ခုနေတာအမှန်ပါပဲ။ ဒီလိုအပ်ကို ဒီစာအုပ်က ဖြည့်ဆည်းပေးနေတယ်လို့လည်း ယူဆလို့ ရွှေလက်တို့လိုက်ပါတယ်။

မောင်ဥဂ္ဂါ
၉ ဇူလိုင် ၂၀၁၇
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ ၁၃၇၉ခုနှစ်


Publisher Name: ဒီမိုးစာပေ


Related Books

Book Review Image

မယိုင်လဲစတမ်း

နိုင်ရဲကျော်
Book Review Image

ယန်စီအလှ၊ဗီးဂတ်စ်ညနှင့်ကောင်းကင်မပြာသောမြို့ပြများ

သာထက်အောင်