Book Image

စာအုပ်သူခိုး

ရာပြည့်

ရာပြည့်
စာအုပ်သူခိုး
Markus Zusak ၏ The Book Thief ကိုဘာသာပြန်သည်။
မဟာစာပေ ၊
ပထမအကြိမ် ၊ ၂၀၁၇ ခုနှစ် ၊ အောက်တိုဘာလ ။
ခေါင်းစဉ်စာလုံးဒီဇိုင်း - မောင်နိုး ။
မျက်နှာဖုံးဒီဇိုင်း - ကိုလတ်။
၁၄.၁ စင်တီမီတာ x ၂၀.၉ စင်တီမီတာ ။
စာမျက်နှာ - ၆၅၄ ၊ တန်ဖိုး - ၆၅၀၀ ကျပ် ။

၂၀၀၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့်မူရင်းစာအုပ်ကို ( ၂၂၊ မတ်၊၂၀၁၇ ) ၌ ဆရာရာပြည့်ဘာသာပြန်ဆိုပြီးစီးခဲ့ သည့် ဒုတိယကမ ္ဘာစစ်ကာလနောက်ခံဝတ္ထုရှည်ဖြစ်သည်။နိဒါန်း၊နိဂုံးစကား နှင့်အခန်းအမှတ်စဉ် ၁ မှ ၁၀ ပါရှိပြီးမူရင်းစာရေးသူ၏ကျေးဇူးတင်လွှာ၊ပထမအကြိမ်ထုတ်ဝေပြီးဆယ်နှစ်အကြာ၌ မူရင်းစာရေးသူ၏The Book Thief ဝတ္ထုအားပြန်လည်သုံးသပ်ချက်၊မူရင်းစာရေးသူနှင့်တွေ့ဆုံခြင်းတို့ကိုလည်းဘာသာပြန်ဆိုထည့် သွင်းထားသည်။


ဝတ္ထုဇာတ်လမ်းတစ်ပုဒ်လုံးအား''သေမင်း''ကပြန်ပြောင်းပြောပြဟန်ဖြင့်ရေးဖွဲ့ထားသည်။သေမင်းကညွှန်းဆိုထားသည့်အရောင်များဖြင့်လည်းပတ်ဝန်းကျင်အခင်း အကျင်းတို့ကိုရေးဖွဲ့ထားသည်။

မွေးစားမည့်မိဘများရှိရာမြူးနစ်မြို့သို့ မိခင်၊မောင်လေး တို့နှင့် အတူရထားစီးကာခရီးထွက်လာသည့်အသက်ကိုးနှစ်ကျော်အရွယ်မိန်းကလေး''လစ်ဇာမာမင်ဂါ''။အ ချိန်က ၁၉၃၉ခုနှစ်၊ ဇန်နဝါရီလ။ရထားပေါ်တွင်အသက်ခြောက်နှစ်သားအရွယ်မောင်လေး''ဗယ်ရ်နာ''ဆုံးပါး သွားရာလမ်းခရီး၌ဖြစ်သလိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ရသည်။ သုဘရာဇာတို့ထံမှကျကျန်ရစ်သော သုဘရာဇာလက်စွဲကျမ်းစာအုပ်လေးအားလစ်ဇာကောက်ယူလာခဲ့သည်။ အဖုံး၌ငွေရောင်စာတန်းရိုက်နှိပ်ထားသောစာအုပ်အ နက်ရောင်လေးဖြစ်သည်။ယင်းစာအုပ်လေးကောက်ယူလာခဲ့ခြင်းကြောင့်လည်း''စာအုပ်သူခိုး''ဟုလစ်ဇာ အားသေမင်းကကင်ပွန်းတပ်လိုက်ခြင်းဖြစ်သည်။

မြူးနစ်မြို့ဆင်ခြေဖုံးရပ်ကွက်များအလွန်၌ရှိသည့်''မိုလ်ခင်မြို့''ရှိကောင်းကင်ဘုံလမ်းဟုအမည်ရသောဟင်း မားလ်လမ်း၊အိမ်နံပါတ် ၃၃ သို့လစ်ဇာတို့ရောက်ရှိလာ ကြသည်။အရပ်အတော်မြင့်သောဟန်းစ်ဟယူးဘားမန်း နှင့်အရပ်ပုပျပ်ပျပ်၊ကိုယ်လုံးဖိုင့်ဖိုင့်ဇနီးသည်ရိုဇာဟယူး ဘားမန်းတို့မှာလစ်ဇာ၏မွေးစားမိဘတို့ပင်ဖြစ်သည်။

ဟန်းစ်ဟယူးဘားမန်းသည်ပထမကမ ္ဘာစစ်ကာလက စစ်ပြန်တစ်ဦးဖြစ်၏။အိမ်ဆေးသုတ်သမားတစ်ဦးဖြစ်ပြီး အကော်ဒီယံတီးတတ်သည်။ဆောင်းတွင်းရာသီဆိုလျှင်မိုလ်ခင်မြို့ထဲရှိ ဘီယာဆိုင်တို့၌အကော်ဒီယံတီးကာဝင်ငွေရှာတတ်သည်။စီးကရက်ကိုကိုယ်တိုင်လိပ်၍သောက်လေ့ရှိသည်။

ရိုဇာဟယူးဘားမန်းသည်မိသားစုဝင်ငွေပိုမိုရရှိရေး အတွက် မိုလ်ခင်မြို့ထဲမှသူေဋ္ဌးအိမ်ငါးအိမ်ခန့်တွင်အဝတ်လျှော်၊မီးပူတိုက်သည့်အလုပ်ကိုလုပ်သည်။တွေ့သည့်သူတိုင်းနှင့်ပြဿနာဖြစ်တတ်ပြီးဟင်းချက်သည့်လက်ရာညံ့ဖျင်းလွန်းသူဖြစ်သည်။

ဟယူးဘားမန်းဇနီးမောင်နှံ၌သားသမီးအရင်းနှစ်ယောက်ရှိသည့်တိုင်အရွယ်ရောက်ကုန်ပြီဖြစ်ရာအတူမနေကြတော့ပေ။လစ်ဇာအားဟန်းစ်ဟယူးဘားမန်းက စာသင်ပေးသည်။သုဘ ရာဇာလက်စွဲကျမ်းမှာပြဋ္ဌာန်း စာအုပ်တစ်အုပ်သဖွယ်ဖြစ်လာသည်။

လစ်ဇာနှင့်အရင်းနှီးဆုံးသူငယ်ချင်းဖြစ်လာသူမှာ သူ့ ထက်အသက်ရှစ်လကြီးသော''ရူဒီရှတိုင်းနား''ဖြစ်ပြီး ဂျက်ဆီအိုဝင်ကဲ့သို့အပြေးချန်ပီယံဖြစ်လိုသူဖြစ်သည်။

၁၉၄၀ပြည့်နှစ်၊မေလတွင် အမှတ်၃၃၊ဟင်းမားလ်လမ်း သို့ ''မက်စ်ဖန်ဒင်ဘာ့ဂ်''ရောက်လာသည်။အသက်၂၄နှစ်အရွယ် ဂျူးလက်ဝှေ့သမားတစ်ဦးဖြစ်ပြီးဟယူး ဘားမန်းတို့အိမ်၌ပုန်းခိုရန်ရောက်လာခြင်းဖြစ်သည်။

မိုလ်ခင်မြို့နှင့်ဟင်းမားလ်လမ်းရှိမိသားစုတစ်စုချင်းစီ၏ စရိုက်တို့နှင့်တွေးထောင့်အသီးသီးတို့ကိုဒုတိယကမ ္ဘာ စစ်အတွင်း နိုင်ငံရေးအခြေအနေတို့နှင့်ရောယှက်ကာသေမင်းကပြောပြသွားသည်။နာဇီပါတီအားမနှစ်မြို့ကြ သည့်အခြားတစ်ဖက်မှ ဂျာမန်လူမျိုးတို့အကြောင်းနှင့် ဂျူးလူမျိုးတို့အပေါ်သဘောထားတို့ကိုလည်းသေမင်း ကတစ်နည်းတစ်ဖုံပြောပြထား၏။

ဝါဒဖြန့်ချိရေးမှိုင်းလုံးများအောက်တွင်ရှင်သန်နေထိုင်ကြရ သည့်အခြားဘက်တစ်ခြမ်းအားလှပစွာရေးဖွဲ့ထား သည်ကို ဆရာရာပြည့်၏သေသပ်သောဘာသာပြန်အရေးအသားတို့ဖြင့်ဖတ်ရှုရသည့်စာအုပ်ကောင်းတစ်အုပ်ဟုယူဆမိပါသည်။

မမသ
၄ ၊ ဇန်နဝါရီ ၊ ၂၀၁၈
No automatic alt text available


Publisher Name: ရာပြည့်စာအုပ်တိုက်

Publisher Address: အမှတ် ၂၆၂(ခ)၊ ပန်းဆိုးတန်း (အထက်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၁ ၂၄၃၃၅၁

Publisher Phone Number: 01243351


Related Books

Book Review Image

ကျွန်မ မာလာလာ

ဟိန်းလတ်
Book Review Image

သန်းခေါင်ယံ လွတ်လပ်ရေး

မောင်ပေါ်ထွန်း
Book Review Image

မိုးအဆုံး မြေအဆုံး

မြသန်းတင့်