Book Image

မိုးအဆုံး မြေအဆုံး

မြသန်းတင့်

မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/30/show


စာအုပ်အမည်_မိုးအဆုံး မြေအဆုံး

ဘာသာပြန်_မြသန်းတင့်
မူရင်းစာအုပ်_JAMILA
စာရေးဆရာ _ CHINGIZ AITMATOV
ထုတ်သည့်တိုက်_တိုးမြစ် စာအုပ်တိုက်
၁ ၊ ဧပြီလ ၊ ၂၀၁၇ (ဒုတိယအကြိမ်)
မျက်နှာဖုံးပန်းချီ _ဇော်မောင် 
စာမျက်နှာ_ ၇၈
တန်ဘိုး _၂၀၀၀

ဆရာမြသန်းတင့် ဆောင်းပါး တစ်ပိုဒ် ထဲမှာ ကာဂျစ် လူမျိုး စာရေးဆရာ Chingiz Aitmatov ရဲ့ စာပေရေးရာ အင်တာဗျူ း ကို ဖတ်ခဲ့ ရဖူးတယ် ။ 
အခု ဒီ စာအုပ် ပါးပါးလေး က အဲဒီ ကာဂျစ် စာရေးဆရာ ရေးတဲ့ ဝတ္ထုလတ် ကို ဘာသာပြန် ထားတာပါ ။ 
စာပေလုပ်သား မဂ္ဂဇင်း မှာ ဒီဇင်ဘာ ၊ ၁၉၈၅ 
နဲ့ ဇန်နဝါရီ ၊ ၁၉၈၆ ၂လဆက် ဖေါ်ပြခဲ့ ပြီး
မာတာ စာအုပ်တိုက် ကနေ သြဂုတ် ၊ ၂၀၀၂ မှာ ပထမအကြိမ် ထုတ်ဝေခဲ့တယ် လို့ ဆိုပါတယ် ။

 နိုင်ငံ တစ်နိုင်ငံ မှာ စစ် ဖြစ်ရင် စစ်သားတွေ ပဲ ဒုက္ခ ရောက်ကြတာ မဟုတ်ပဲ ကျန်ရစ်ခဲ့တဲ့ သူတွေ အားလုံး စစ်ရဲ့ အကျိုးဆက်တွေ ခံစားကြရတာ ကို စာရေးဆရာ က ဆိုချင်တယ်
လို့  ထင်မိပါတယ် ။

ဒီ ဇာတ်ကြောင်း ထဲမှာကို စာရေးဆရာ က "ယောက်ျားများ စစ်ထွက်သွားရာ လမ်းတစ်လျှောက်တွင် ကြမ်းတမ်းသော ခရီးကြမ်းကြီး ကျန်ရစ်ခဲ့သည် " လို့ ဆိုပါတယ်။

အရွယ်ကောင်း အမျိုးသား တွေ စစ်တိုက် နေချိန်မှာ ကျန်ရစ်ခဲ့သူတွေက စိုက်ပျိုးရေး တွေ လုပ်ရတယ် ၊ ထွက်လာတဲ့ ဂျုံ စတဲ့ ကောက်ပဲ သီးနှံ တွေကို စစ်တပ် အတွက် ရိက္ခာ သွင်းပေးရတယ် ။ အားနွဲ့တဲ့ အမျိုးသမီး တွေ ၊ အရွယ်မရောက် သေးတဲ့ ဆယ်ကျော်သက် ကောင်လေး တွေ နဲ့ ဒုက္ခိတ စတဲ့သူတွေ ဟာ ပင်ပန်းတကြီး နဲ့ စိုက်ကြ ပျိုးကြ ရိက္ခာ သွားသွင်းကြ နဲ့ သူတို့လဲ စစ်ပွဲ ရဲ့ ဒဏ် ကို ခံစားကြရ ပါတယ် ။

ကာဂျစ္စတန် နိုင်ငံ က စစ်အတွင်း ပါနေချိန် ကုက္ကရူ ရွာ လေး မှာ ကျန်ခဲ့ တဲ့ သူတွေ ရဲ့ အဖြစ်အပျက် ကို "ဆိတ်" ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေး က ဇာတ်ကြောင်း ပြန်ပြောတဲ့ ပုံစံ နဲ့ ရေးထားတာ။


သူ့ အကို ဆာဒစ် ရဲ့ မိန်းမ ဂျမီလာ ဟာ တောင်ပေါ်သူ ၊ မြင်းစီး ကျွမ်းကျင်သူ ဖြစ်တဲ့ အပြင် ပျော်ပျော်ရွှင်ရွှင် နဲ့ အလုပ် လုပ် တတ်သူ မိန်းမ ချော လေး တစ်ယောက် ဖြစ်ပါတယ် ။ "ဆိတ်" ရဲ့ ရင် ထဲမှာ ဂျမီလာ ကို တိတ်တခိုး.စွဲလမ်းမိနေတယ် ။ ယောက်ျားလေး တွေ ကို ရှက်ရွံ့ မနေပဲ ရဲရဲတင်းတင်း နဲ့ ပွင့်ပွင့်လင်းလင်း 

ဆက်ဆံတတ်တဲ့  ဂျမီလာ ရဲ့ စရိုက်  အဖွဲ့က မျက်စိ ထဲမှာ တောင် မြင်ယောင်လာမိတယ် ။

သူတို့ ရဲ့ ရွာလေး ကို တိုက်ပွဲ မှာ ဒဏ်ရာ ရလာလို့ ခြေတစ်ဖက် ဆာ နေတဲ့ ဓနိတ ဆိုတဲ့ စစ်သားဟောင်း တစ်ယောက် ရောက် လာပါတယ် ။
(စာဖတ်နေရင်း နဲ့ လေရူးသုန်သုန် ထဲမှာ ပြည်တွင်းစစ်ကြီး ဖြစ်နေချိန် မိန်းမသားတွေ နဲ့ ကလေးလေး ပဲ ရှိတဲ့ စကားလက် တို့ နေတဲ့
ဲ့ မြိုင်သာယာ ကို ခြေတစ်ဖက် ကျိုး နေတဲ့ ဝီလီ ဆိုတဲ့ စစ်သားဟောင်း ရောက်လာပြီး စကားလက် တို့ ဝါဂွမ်းစိုက်ခင်း တွေမှာ ကူညီ လုပ်ကိုင်ပေးတာ ကို မြင်ယောင်မိနေ ပြန်တယ် ။ )

သူတို့ ခေတ်က ကျေးရွာတွေ က စုပေါင်း စိုက်ပျိုးကြတဲ့ ဘုံစနစ် လယ်ယာတွေ ဖြစ်ပါတယ် ။
ဓနိတ ဟာ အလုပ်ကို မခိုမကပ် လုပ်တတ် ပေမယ့်  တစ်ကိုယ်တော် နေတတ်တဲ့ အထီးကျန် လူသား တစ်ယောက် ပါ ။

တစ်ရက်တော့ ဘူတာရုံ ရှိတဲ့ မြို့လေးကို 
ရိက္ခာ ဂျုံအိတ်တွေ လှည်း နဲ့ သွားပို့ဖို့ ဂျမီလာ ၊ ဆိတ် နဲ့ ဓနိတ တို့ သုံးယောက် ကို စုပေါင်းလယ်ယာအဖွဲ့ ခေါင်းဆောင် က တာဝန် ပေး ပါတယ် ။

အားတဲ့ အခါတိုင်း လွင်ပြင် နဲ့ တောင်တန်းကြီး တွေကို ငေးမော နေတတ်တဲ့ အထီးကျန် ဘဝသမား ဓနိတ ဟာ ရိုးသားပွင့်လင်း တဲ့ ဂျမီလာ ကို ခရီးအတူ သွားဖြစ် တဲ့ ပထမ အခေါက် မှာပဲ စွဲလန်းသွား မိတယ် ။ အတူတူ
ရိက္ခာ ပို့ သွားကြတဲ့ အခါတိုင်း ဂျမီလာ ကိုပဲ
ငေးကြည့် နေလေ့ ရှိတယ် ။ 

ရိက္ခာ ပို့ ပြီး ရွာ အပြန် နောက်ကျတဲ့ တစ်ည မှာ လှည်းမောင်းရင်း လွမ်းမောစရာ ကောင်းတဲ့ ဓနိတ သီချင်း တစ်ပိုဒ် ဆိုလိုက်ပါတယ် ။ အဲဒီ သီချင်း ရဲ့ အကျိုးဆက် ကတော့ .......
မချစ်တဲ့ ယောက်ျား ကို ယူထားရတဲ့ ၊မိဘအိမ် ကို လွမ်းနေတဲ့ ဂျမီလာ နဲ့ ဓနိတ ချစ်သူတွေ ဖြစ်သွားကြတယ် ။ 

ဒီ ကိစ္စ မျိုး ကို ဘယ်သူမှ လက်ခံမှာ မဟုတ်တဲ့ အတွက် သူတို့ နှစ်ယောက် ရွာကနေ တိတ်တိတ်လေး ထွက်ပြေးကြတယ် ။ အဲလို ထွက်ပြေးသွားတာ ကို "ဆိတ်" က မျက်မြင် ကိုယ်တွေ့ မြင်လိုက်ရတယ် ။

ပန်းချီဆွဲတာ ဝါသနာ ပါတဲ့ "ဆိတ်" က ရိက္ခာ တွေပို့ပြီး အပြန် ညတစ်ည ... လှည်းပေါ်မှာ သီချင်းဆို နေတဲ့ ဓနိတ ရဲ့ ပုခုံး ကို ဂျမီလာ က မှီနွဲ့ပြီး နားထောင် နေဟန် ကို ခဲ နဲ့ ပုံကြမ်း ခြစ်ထားလိုက်မိတယ် ။
ဂျမီလာ တို့နှစ်ယောက် ထွက်ပြေးပြီး နောက် ဆာဒစ် စစ်ပွဲ က ပြန်ရောက်လာပြီး အဲဒီ ပုံကြမ်း ကို မြင်သွားလို့ "ဆိတ်" ခမျာ သူ့ အကို က "သစ္စာဖောက် " လို့ တောင် အစွပ်စွဲ ခံခဲ့ရ တယ် ။ 

ဂျမီလာ နဲ့ ဓနိတ တို့ ရဲ့ အဖြစ်အပျက် ကြောင့် 
"ဆိတ်" ရင်ထဲမှာ  တကယ်လုပ်ချင်တဲ့ အလုပ်
ဆိုရင် ဘာပဲဖြစ်ဖြစ်  အကောင်အထည် ဖေါ်ရမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ချ ဖြစ်သွားပြီး မြို့ မှာ ပန်းချီကျောင်း သွားတက်ဖို့ အမေ ထံ မှာ ခွင့်တောင်းလိုက်ပါတော့တယ် ။

"ဆိတ်" ပန်းချီ ကျောင်း မှာ ပထမဆုံး ဆွဲဖြစ်တဲ့ ပန်းချီကား ကတော့ ......နောက်ခံက မှုန်မှိုင်း နေတဲ့ နွေနှောင်းကောင်းကင် က တိမ်တိုက်တွေ တောင်တန်းကြီး တွေဆီကို တရွေ့ရွေ့ လွင့်လျက် ၊ ရွှေအိုရောင် ခြယ်ထားတဲ့ ခင်တန်းတွေ ၊ မကြာခင်က မိုရွာထား လို့ စိုစိုစွတ်စွတ် ဖြစ်နေတဲ့ လမ်းကလေး ၊ လမ်းကလေး ဘေးနှစ်ဖက်မှာ မြက်ရှည်တော နဲ့ ဆူးချုံတွေက ဟိုတစ်ကွက် ဒီတစ်ကွက် ၊ လမ်းကလေး ပေါ်မှာ ခရီးသွား နှစ်ယောက် ရဲ့ ခြေရာများက အထင်းသား ၊ လမ်းကလေး တဖြည်းဖြည်း ဝေးသွားတာ နဲ့ သူတို့ရဲ့ ခြေရာလေးတွေ လဲ မှိန်သွားတယ် ။

ခရီးသွား နှစ်ယောက်က ဘယ်သူတွေလဲ လို့ ပြောစရာ မလိုတော့ ပါ .......

Ko Kyaw Lwin (12:00pm, 29.4.2017)


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317

Publisher Phone Number: 09449523317


Related Books

Book Review Image

ကျွန်မ မာလာလာ

ဟိန်းလတ်
Book Review Image

သန်းခေါင်ယံ လွတ်လပ်ရေး

မောင်ပေါ်ထွန်း
Book Review Image

စာအုပ်သူခိုး

ရာပြည့်