ဒီစာအုပ်ဟာ နိုင်ငံတကာမှာ အုပ်ရေတစ်သန်းကျော် ရောင်းချခဲ့ရတဲ့ Bestseller စာအုပ်တစ်အုပ်ဖြစ်ပြီး အောင်မြင်ရေးစာအုပ် မဟုတ်သလို သူဌေးဖြစ်နည်း စာအုပ်လဲ မဟုတ်ပါဘူး။ အမြန်ဆုံး စိတ်ချမ်းသာနည်းတွေ စုထားတဲ့ ဆုံးမစကားပေါင်းချုပ်လည်း မဟုတ်ပါဘူး။ တက်ကျမ်းစာအုပ်လဲ မဟုတ်ပါဘူး။ လူ့ဘဝရဲ့ ရေှာင်မရတဲ့ ပြဿနာပေါင်း မြောက်များစွာကို ရင်ဆိုင်နိုင်ဖို့၊ ရွုပ်ထွေးတဲ့ ပတ်ဝန်းကျင်ကို နည်းနည်းလေး ပိုရှင်းအောင် မြင်တတ်ဖို့၊ အရာရာတိုင်းကို ဂရုစိုက်နေရတဲ့ ဒီနေ့ လူသားတွေအတွက် ဂရုမစိုက်ခြင်း အနုပညာကို ရိုးရိုးလေးပဲ ပြောပြတဲ့ စာအုပ်လို့ ဘာသာပြန်သူ ဆရာ ချမ်းမြေ့ဝင်းက ဆိုပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အချိန်မှာ စိတ်ချမ်းသာသွားတာ မဟုတ်ပေမယ့် စိတ်ဆင်းရဲမွုတွေကို ပိုပြီးတော့ နားလည်လာမယ်။ ဒုက္ခဆိုတဲ့ စက်ယန္တရားရဲ့ အသေးစိတ်လည်ပတ်ပုံတွေကို သဘောပေါက်လာမယ်။ ပြဿနာတွေကို စနစ်တကျ ရင်ဆိုင်ဖို့ ပိုသိလာမယ်လို့ ဆိုပါတယ်။
#ဒုက္ခသည်ရောဂါ#
ဘဝကိုဖြတ်သန်းနေတဲ့ လူတိုင်း အမာရွတ်တော့ ရှိကြတာပဲမဟုတ်လား။
တချိ ု့သူတွေရဲ့ဒုက္ခတွေက ပိုကြီးတာတော့ အမှန်ပါပဲ။
အဆိုးဆုးံအခြေအနေတွေနဲ့ ကြုံရသူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲစိတ်မကောင်းဖြစ်ဖြစ်၊
ဘယ်လောက်ပဲကြောက်ဖို့ကောင်းကောင်း၊
ဘယ်လောက်ပဲ လက်မခံချင်ပေမဲ့ အမှန်တရားကတော့မပြောင်းလဲပါ။
တစ်ဦးတစ်ယောက်ချင်းမှာတော့ တာဝန်ဆိုတဲ့ ဒီညီမှျခြင်းကအကျုးံဝင်ဆဲပါ။
တာဝန်နဲ့ အပြစ်ဆိုတာကို နားမလည်မွုကြောင့်
တချို့လူတွေဟာ သူများကို အပြစ်ပုံချတတ်တဲ့ စိတ်တွေပိုများလာတယ်။ တာဝန်ယူမွုဆိုတဲ့အရာကို လူများခေါင်းပေါ်ပစ်တင်လိုက်ရတာကို အရသာတွေ့သူတွေလည်းရှိတယ်။ ကိုယ့်ကိုယ်ကိုမှန်တယ်လို့ခံစားရတာကိုး။
အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကြောင့် အပြစ်ပုံချရတာ
အင်မတန်လွယ်လာတာတော့ အမှန်ပဲ။ အသေးဆုးံသော ပိစိကွေးပြဿ နာတွေကအစ၊ အဖွဲ့အစည်းတစ်ခုခုပေါ်၊
လူတစ်ယောက်ယောက်ပေါ်ကို အပြစ်ပုံချရတာကို နှစ်သက်စွဲလမ်းလာကြတယ်။ ဒီလိုလုပ်မှ မိုက်တယ်ဆိုပြီး
ထင်လာတာတွေတောင်ရှိသေး။ မတရားဘူးဟေ့ဆိုပြီး လူပုံအလယ်မှာ ငိုချင်းချမှ လူအများဂရုစိုက်မွု၊ ကြင်နာသနားမွုကိုရတယ်ဆိုပြီး ထင်လာကြတယ်။
ထာဝရဒုက္ခသည်ကြီးတွေ ဖြစ်လေလေ၊ လူဂရုစိုက်ခံရလေလေဆိုပြီး ထင်တဲ့သူတွေရှိလာတယ်။
ဒုက္ခသည်ရောဂါဟာ အထက်မှာရော အောက်မှာပါ ကူးစက်နေပြီ။ ဆင်းရဲမရွေး၊ ချမ်းသာမရွေး အကုန်အဖျားတက်နေကြပြီ။ ကျွန်တော်ထင်တယ်၊ ဒီခေတ်ကာလဟာ လူ့သမိုင်းမှာရှားရှားပါးပါးပဲ။
ဘယ်အလွွာတွေကိုကြည့်ကြည့်ငါတို့သာ ဒုက္ခသည်တွေပါဆိုပြီး ဝိုင်းအော်နေကြတာ။ ဒီလိုပြောနေရတာကို သဘောတွေ့နေကြတာ။
ဒုက္ခသည်ရောဂါရဲ့ပြဿ နာအစစ်က ဘာလည်းဆိုတော့
အမှန်တကယ် ဒုက္ခခံနေရတဲ့သူတွေကို မြင်ဖို့ခက်လာတာပဲ။
လူတိုင်းက ဒုက္ခသည်တွေပါဆိုပြီး ဝိုင်းအော်လေလေ၊ တကယ်ဒုက္ခရောက်နေတဲ့ သူတွေက မေှးမှိန်သွားလေလေပဲ မဟုတ်လား။
ဒီရောဂါဟာ ကြာလာတော့ စွဲသွားရော။ ငါမှန်တယ်၊ ငါ့ကိုဝိုင်းအနိုင်ကျင့်နေသူတွေသာ မှားတာဆိုတဲ့ စိတ်ကကြာတော့ သာယာမွုတစ်ခုဖြစ်လာတယ်။ ဒါမတရားဘူးဟေ့၊ ငါပြောသလိုလုပ်မှတရားမယ်ဆိုတဲ့
စိတ်ကြီးဝင်မွုကို ကြိုက်လာတယ်။ ဘေးက ဝိုင်းပို့သူတွေကလည်းအများသား။
ဒါပေမဲ့ ဒီမိုကရေစီဆိုတဲ့အရာ၊ လွတ်လပ်မွုဆိုတဲ့အရာကိုလိုချင်ရင် ကိုယ်နဲ့အမြင်မတူသူတွေကိုလည်း လိုချင်မှရမယ် မဟုတ်လား။
တော်တော်များများက ဒါကိုမေ့သွားကြပြီ။
ကျွန်တော်တို့ရဲ့စစ်ပွဲတွေကို သေသေချာချာရွေးဖို့လိုတယ်။
ရန်သူကိုလည်းနားလည်ဖို့ ကြိုးစားရဦးမယ်။ ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်သူတိုင်းကို ဝါးလုးံနဲ့ပတ်ရမ်းနေလို့မဖြစ်ဘူး။ ဆိုရှယ်မီဒီယာကိုလည်းချင့်ယုံမှရမယ်။ ရိုးသားမွု၊ ပွင့်လင်းမွု၊ စဉ်းစားဆင်ခြင်မွုဆိုတဲ့ တန်ဖိုးတွေကို ပိုပြီးအရေးထားဖို့လိုတယ်။ အမြဲမှန်ချင်စိတ်၊ လက်စားခြေမွု၊ အသနားခံလိုမွု ဆိုတဲ့တန်ဖိုးအမှားတွေကို ထိန်းဖို့လိုပါတယ်။
ဆူညံပွက်လောရိုက်နေတဲ့ ဒီနေ့ပတ်ဝန်းကျင်မှာ တန်ဖိုးအမှန်တွေကိုရှာရတာ ကောက်ရိုးပုံထဲရောက်နေသလိုဖြစ်နေတယ်။ ဒါပေမဲ့ အရုှးံပေးလို့မဖြစ်ပြန်ဘူး။
တည်ငြိမ်တဲ့ လူ့ပတ်ဝန်းကျင်ကိုတည်ဆောက်ဖို့
တာဝန်ယူတတ်တဲ့စိတ်ကိုမွေးပြီး အပြစ်တင်စိတ်ကိုလျော့မှဖြစ်မယ်လေ။
****************************
(ချမ်းမြေ့ဝင်း ဘာသာပြန်ရေးသားသောMARK MANSON၏ #ဂရုမစိုက်ခြင်းအနုပညာ# ဘာသာပြန်စာအုပ်မှ စာမျက်နှာ ၁၁၃ မှ ၁၁၅ထိကြိုက်နှစ်သက်သောစာသားများအား ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဒီစာအုပ်ကို သောက်ဂရုမစိုက်ခြင်း အနုပညာလို့ နာမည်ပေးထားပေမယ့် တကယ့်တကယ် ဆိုလိုရင်းက အရာရာကို သောက်ဂရုစိုက်မနေနဲ့လို့ ပြောထားတာတော့ မဟုတ်ဘူး။ ဘယ်အရာတွေကိုသာ ပိုဂရုစိုက်သင့်တယ်ဆိုတာ ရွေးချယ်ဖို့ ပြောထားတာတွေပါ။
တက်ကျမ်းမဟုတ်ဘူးလို့ စာအုပ်မှာ ရေးထားတာလည်း တွေ့ရတယ်။ သို့သော် တက်ကျမ်းအမျိုးအစားတွေထဲက တစ်မျိုးပါပဲ။ တခြားတက်ကျမ်းရေးသားနည်းတွေနဲ့ ကွဲပြီး အကန်ဘက်ကနေ ရေးသားထားတဲ့တက်ကျမ်းမျိုးပါ။ deadpool နဲ့ spiderman တို့ ironman တို့ ကွာသလို ကွာတာပေါ့။
စာရေးသူ Mark Manson က အသက် ၃၄ နှစ်သာ ရှိသေးတဲ့ လူငယ်စာရေးဆရာတစ်ယောက် ဖြစ်တယ်။ သူ စာအုပ် နှစ်အုပ်သာ ထုတ်ဖူးသေးပေမယ့် ရောင်းအကောင်းဆုံး စာရေးဆရာစာရင်းတော့ ဝင်နေပြီ။ ဒီစာအုပ်က ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ဒုတိယမြောက်စာအုပ်ဖြစ်ပြီး သူ့ကို self-help author အဖြစ် လူသိများတယ်။ ဒါတွေက စာအုပ်ထဲ မပါပါဘူး။ အင်တာနက်မှာ ရှာဖတ်ကြည့်လို့ တွေ့တာတွေပါ။
စာအုပ်အကြောင်းဆက်ရရင် ဒီစာအုပ်ကို အခန်း ၉ ခန်းနဲ့ ဖွဲ့စည်းထားတယ်။ တက်ကျမ်းတွေမှာ တွေ့နေကျ ပုံစံတွေအတိုင်း အခန်းတိုင်းမှာ စာရေးသူရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ၊ တစ်ဆင့်သိ ဖြစ်ရပ်တွေ၊ အဆိုအမိန့်တွေ၊ လမ်းညွှန်ချက်တွေနဲ့ စည်းမျဉ်းတွေကို တွေ့ရပါလိမ့်မယ်။ တွေးခေါ်ပညာရှင်တွေနဲ့ နာမည်ကျော်တွေရဲ့ စာကိုးစကားကိုးတွေကိုလည်း ဖတ်ရှုရပါလိမ့်မယ်။
ဒီစာအုပ်ဖတ်ပြီး စိတ်ချမ်းသာရမှာတော့ မဟုတ်။ စိတ်ဆင်းရဲမှုတို့ ဒုက္ခတို့ကို ပိုသိလာတာပဲ ရှိမယ်။ ဒုက္ခကို ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ သဘောပေါက်လာမယ်။ ဒုက္ခမဟုတ်တာကို ဒုက္ခလုပ်နေမိတဲ့စိတ်အခြေအနေတွေကို နားလည်လာမယ်။ ဒုက္ခနဲ့ မကင်းနိုင်တာကြောင့် ဒုက္ခတွေထဲက ဘယ်ဒုက္ခကို ရွေးချယ်ယူပြီး ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ သိလာမယ်။
လူတွေ သတ်မှတ်ထားတဲ့ လူတော်၊ လူလိမ္မာဆိုတဲ့ ပုံစံခွက်တွေထဲ နေမနေဖို့၊ ကိုယ်ထင်ရာ ကိုယ်လုပ်ရဲဖို့၊ အကောင်ကြီးတွေကို စေ့စေ့ကြည့်ပြီး လက်ခလယ်ထောင်ပြရဲဖို့၊ အမှန်ပြောတဲ့အခါ ကြောက်စိတ်ရှိမနေဖို့၊ ခြိမ်းခြောက်တာတွေကို သောက်ဂရုစိုက်မနေဖို့၊ ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး ညှာနေတာထက် သတ္တိရှိလာအောင် လုပ်ဖို့ စတာတွေကို တိုက်တွန်းထားတာလည်း တွေ့ရတယ်။
ရင့်ကျက်တယ်ဆိုတာ ဘာကိုမှ မစိုးရိမ်တော့တာ မဟုတ်ဘဲ ရွေးချယ်ပြီး စိုးရိမ်တတ်လာတာဖြစ်ကြောင်းတို့၊ ဘဝမှာ မျှော်လင့်ချက်ကြီးကြီးထားတတ်ရင် မျှော်လင့်ချက်တွေကို သေးမွှားအောင် ပုံဖျက်ပြီး ယူသင့်ယူရကြောင်း သဘောပေါက်ဖို့ စတာတွေကိုလည်း ပြောဆိုထားတယ်။
ကိုယ့်ကိုယ်ကိုယ် ညှာပြီး ' အခွင့်ထူးခံလူ ' အဖြစ်နေတာထက် လူသာမန်အဖြစ် နေတာကသာ စိတ်ဖိစီးမှုတွေနဲ့ ပိုမိုကင်းဝေးကြောင်း၊ ဘဝမှာ အပိုင်တွက်တတ်တာကို လျှော့ချဖို့လိုကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခသည်အဖြစ် ရှုမြင်ပြီး အပြောသာရှိ အလုပ်မရှိသူတွေဟာ အမြဲ ' အခွင့်ထူးခံလူတွေ ' ဖြစ်နေကြောင်း၊ အခက်အခဲဆိုတာ ရှိလို့သာ ပျော်ရွှင်ခြင်းဆိုတာ ဖြစ်လာကြောင်း၊ သူများတွေနဲ့ မတူတဲ့ငါဆိုတဲ့ စိတ်ရောဂါရဲ့အနက်အရှိုင်းအကြောင်း၊ အရာရာနဲ့ နှိုင်းယှဉ်တန်ဖိုးဖြတ်နေရင် နေ့စဉ် စိတ်ဓာတ်ကျစရာတွေသာ ရရှိနေမည်ဖြစ်ကြောင်း၊ ယုံကြည်ချက်တွေကို အသေဖက်တွယ်တတ်ခြင်းဟာ မသေချာခြင်းတွေကို လျစ်လျူရှုခြင်း ဖြစ်ကြောင်း စတာတွေကိုလည်း ရှင်းလင်းချက်တွေနဲ့ အတူ ဖတ်ရှုရပါလိမ့်မယ်။
အဓိကအချက်တွေကို အထက်မှာပြောခဲ့သလို ဖတ်ရတာ သိပ်မကောင်းပါဘူး။ စာအုပ်ပါ ဖြစ်ရပ်၊ အဆိုစကားတွေနဲ့ တွဲစပ်ဖတ်ရှုမှသာ ပိုကောင်းပါလိမ့်မယ်။ တက်ကျမ်းကြိုက်သူတွေ ဖတ်ကြည့်ချင် ဖတ်ကြည့်လို့ရအောင် ညွှန်းလိုက်ပါတယ်။ တက်ကျမ်းဆိုတာ မစားကောင်းတဲ့အသီးလည်း မဟုတ်ပါဘူး။ သို့သော် လွတ်လပ်စွာ နေထိုင်လိုသူတွေကိုတော့ တက်ကျမ်းထဲက စကားတွေ သွားမပြောနဲ့ပေါ့ဗျာ။
စာကြွင်း။ ။ စာအုပ်ဆိုင်တွေမှာ အရောင်းပြတ်တဲ့အထိ ရောင်းကောင်းနေတဲ့စာတစ်အုပ်ပါ။ Top Ten မှာ တင်ဖို့ စာတစ်အုပ်တောင် မချန်နိုင်တဲ့အထိ ရောင်းကောင်းနေတဲ့စာအုပ်လည်း ဖြစ်ပါတယ်။ နောက်ထပ်လည်း အုပ်ရေများစွာ ဆက်လက်ရောင်းချနေရဦးမယ်ဆိုတာ သေချာတယ်။
#လူသာမန်
20.5.2018; 7:07 pm
ဂရုမစိုက်ခြင်း အနုပညာ
**********************
ဇွန်လစကတည်းက ချမ်းမြေ့ဝင်း ဘာသာပြန်တဲ့ ဂရုမစိုက်ခြင်း အနုပညာကိုပဲ ဖတ်နေခဲ့ပါတယ်။ ဖတ်လိုက် စဉ်းစားလိုက်၊ လက်တွေ့ပြသနာတွေနဲ့ ချိန်ထိုးလိုက်နဲ့ပဲ တစ်လတိတိအကြာမှပဲ စာအုပ်ဖတ်ပြီးသွားပါတယ်။
ဖတ်ပြီးလိုက်တဲ့နောက်မှာ ဂရုမစိုက်ခြင်းဆိုတာထက် လွှတ်ချနည်းတွေကို တွေ့လာခဲ့ပါတယ်။ တစ်ခါတလေမှာ တစ်ယောက်ယောက်ကြောင့် စိတ်ညစ်ရတာမဟုတ်ဘဲ သူနဲ့ ပတ်သက်ပြီး လွှတ်မချနိုင်တာကြောင့် ကိုယ်က ပိတ်မိတာပါပဲ။
လူတွေရဲ့ ပြသနာတွေ၊ လိုအပ်ချက်တွေ၊ ကူညီခြင်းတွေစတဲ့ သူတစ်ပါးပြသနာတွေထဲ ခေါင်းနှစ်လို့ တန်ဖိုးထားစရာတွေဆီကနေ ဝေးကွာရင်း တဖြည်းဖြည်းနဲ့ ဒေါသတွေ နောင်တတွေပဲ များလာပါတယ်။ လွှတ်ချဖို့ဆိုတာ နားလည်ခဲ့ပါပြီ။
တလောကလုံး ပြသနာဟာ ငါ့ပြသနာမှမဟုတ်တာ၊ လူတွေက ဘယ်လိုထင်မလဲဆိုတာတွေထဲ ပိတ်မိရတာ ပင်ပန်းစရာပဲ၊ ထူးခြားမယ်ထင်နေတာကိုက မထူးခြားတာပဲ၊ ဟုတ်နိုးနိုးနဲ့ အချိန်တွေလည်း ကုန်ခဲ့ပြီ စတာတွေကို စာအုပ်ဖတ်ရင်း နားလည်လာမိတယ်။ ဖတ်ပြီးတဲ့နောက် ပေါ့ပါးလာတယ်။ ရှာတွေ့သွားတယ်။
ဒီနေ့ကစလို လွှတ်ချစရာဆို အားမနာတော့ဘူး။
ချစ်ခြင်းတရားကို မတွန့်တိုတော့ဘူး။
တန်ဖိုးထားစရာကို နောင်တမရစေရဘူး။
ကြိုးစားစရာဆို ဇွဲမာန်ထည့်ရုံပဲ။
မဆိုင်တာတွေထဲ ပိတ်မိနေရတာ ပင်ပန်းလှပြီလေ။ ဘဝဆိုတာ တိုတိုလေးမဟုတ်လား။ ထမ်းရတာများလေ ပူလောင်လေ၊ ဝန်ပိလေ ဘဝက စိတ်ပျက်စရာကောင်းလေပဲ။ ဂရုစိုက်စရာတွေကို သေချာဂရုစိုက်ကြစို့၊ ဂရုစိုက်ဖို့ မလိုတာဆို မေ့လိုက်ကြစို့။
စာဖတ်တယ်ဆိုတာ အဖြေကို ရှာတွေဖို့၊ အားမာန်သစ်ရဖို့၊ အသိတွေ တိုးဖို့ပါ။ အတွေးတစ်ခု ရနိုင်မယ်လို့ ထင်လို့ ချမ်းမြေ့ဝင်း ဘာသာပြန်တဲ့ ဂရုမစိုက်ခြင်းအနုပညာကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်နော်။
လေးစားလျက်
ခင်နှင်းကြည်သာ
01/07/2018