Book Image

မြန်မာ့စီးပွားထူးချွန်သူများ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

ယခုစာအုပ်သည် Myanmar B2B Management Magazine လစဉ်ထုတ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော မျက်နှာဖုံးရှင်များ၏ အင်တာဗျူး အမေးအဖြေများကို ပြန်လည်စုစည်းထားသော စာအုပ်ဖြစ်သည်။ ပထမဆုံး ထုတ်ဝေခဲ့သော စာအုပ်မှ တစ်နှစ်ပြည့်စာအုပ်အထိ ပါဝင်ခဲ့သည်များကို စုစည်းထားခြင်းလည်း ဖြစ်သည်။ Myanmar B2B Management Magazine ၏ အဓိက ထားခြားချက် တစ်ခုမှာ မျက်နှာဖုံးရှင်များနှင့် စကားဝိုင်းများကို ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ကိုယ်တိုင် မေးမြန်းပေးထားခြင်း ဖြစ်သည်။


Myanmar B2B Magazine ကို ကျွန်တော် ပြတ်တောင်းပြတ်တောင်း ဖတ်ဖူးနေခဲ့တာကြာပြီ ဖြစ်သည်။ ဦးဖိလစ်မောင်အင်တာဗျုး တွေ့စဉ်ကတစ်ခါ၊ ဆရာ ဦးတင်ဝင်းအောင် အင်တာဗျူး တွေ့စဉ်ကတစ်ခါ ဝယ်ဖတ်ဖြစ်သည်။ မေးမြန်းဆွေးနွေးသူက ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ဆိုတော့ ပိုပြီးတော့ သဘောကျနှစ်သက်မိသည်။ အင်တာဗျူးများအားလုံး တစ်စတစ်စည်းတည်း ဖတ်ရလျှင် ကောင်းမှာပဲဟု တွေးမိနေတာ ကြာပြီ။ အခုတော့ ကျွန်တော့် ဆန္ဒပြည့်ပါပြီ။ စာအုပ်အရောင်းဆိုင်က စင်မှာတွေ့လိုက်တော့ ထခုန်မတတ်ပျော်သွားမိသည်။ 

နယ်ပယ်စုံက ယခုလက်ရှိ စီးပွားရေး တိုင်ကွန်းကြီးများကို အင်တာဗျူးထားသည့်အတွက် အမြင်မျိုးစုံကိုလဲ တွေ့နိုင်သည်။ ထူးခြားသည့်အချက်တစ်ခုမှာ ကျွန်တော်တို့ အမြဲတမ်းပြောနေသည့် ခေတ်ပျက်ကြီးဆိုသည် စစ်အစိုးရ လက်ထက်တွင် သူတို့ ယခုလောက်အထိ ချမ်းသာအောင် လုပ်လာနိုင်သည် အခြေခံအကြောင်းတရားများကို ဖတ်ရှုနိုင်မည် ဖြစ်သည်။ (ဦးဖိလစ်မောင်ကတော့ အားလုံးမတူ ကွဲပြားနေသည်ဟု ဆိုနိုင်ပါသည်) ဒေါက်တာ စိုင်းဆမ်ထွန်း၏ International Corporation ကြီးများ မြန်မာနိုင်ငံအဝင်အပေါ် အမြင်များကို ဖတ်ရှုရသည်။ ပြည်တွင်း လူ့စွမ်းအားအရင်းအမြစ်အပေါ် အမြင်များကို တွေ့နိုင်သည်။ နောက်တော့ ကွမ်းယာသည်မှာ အောင်သမာဓိ ဖြစ်လာသော အောင်ဆန်းဝင်း (အောင်သမာဓိရွှေဆိုင်)နှင့် အင်တာဗျူးကို ဖတ်ရသည်။ (ကျွန်​တော်အနှစ်သက်ဆုံး အင်တာဗျူးမှာ ဦးအောင်ဆန်းဝင်း - အောင်သမာဓိ ရွှေဆိုင်နှင့် အင်တာဗျူးဖြစ်သည်။) နောက်တော့ YKKO ဆိုသည့် ကြေးအိုးဆိုင်များ ပိုင်ရှင်နှင့် အင်တာဗျူးကို ဆက်ဖတ်ဖြစ်သည်။ ထိုမှတစ်ဆင့် ဦးဖိလစ်မောင် ... လက်ကမချနိုင်လောက်အောင် ဖတ်လို့ကောင်းသော စာအုပ်ဖြစ်သည်။

ကျွန်တော် ဒီစာအုပ်ကိုတော့ ဝယ်ဖတ်ဖို့ တိုက်တွန်းစရာ မလိုဟု ကျွန်တော် ထင်သည်။ စာအုပ်ဆိုင်၏ စာအုပ်စင်တွင် အရောင်းရဆုံးများထဲတွင် ထိပ်ဆုံးက ပါပြီး ဖြစ်နေသည့်အတွက် ဖြစ်သည်။

ဖတ်ညွှန်းရေးသားသူ - စိုးသီဟနောင်


Publisher Name: Hub Myanmar

Publisher Address: အမှတ် (၂၄/၂၆)၊ ၄ ဘီ/စီ၊ မြင်းပြိုင်ကွင်းကွန်ဒို၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

Publisher Phone Number: 01 401422


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဂရုမစိုက်ခြင်းအနုပညာ

ချမ်းမြေ့ဝင်း
Book Review Image

ပညာရှင်​များ​ခေတ်​

ကျော်ဝင်း
Book Review Image

ဗုဒ္ဓ၏စီးပွား​ရေးဝါဒ

ဘသန်း( ဓမ္မိက )
Book Review Image

စီးပွားရေးစီမံခန့်ခွဲမှု စည်းမျဉ်း ၁၀၀

ကြည်ရွှန်း
Book Review Image

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမှုပညာ

ကြည်ရွှန်း