Book Image

ဗုဒ္ဓ၏စီးပွား​ရေးဝါဒ

ဘသန်း( ဓမ္မိက )

ဗုဒ္ဓ၏စီးပွား​ရေးဝါဒ

E.F.Schumacher ၏ Small is Beautiful စာအုပ်​မှ
Buddhist Economics အခန်​းကို ဘာသာပြန်​သည်​။
တိုးမြစ်​စာအုပ်​တိုက်​၊ ပထမအကြိမ်​၊၂၅ ဇန်​နဝါရီ ၂၀၁၉။
မျက်​နှာဖုံးပန်​းချီနှင်​့ဒီဇိုင်​း - ​ဇော်​​မောင်​။
၁၁.၅ စင်​တီမီတာ x ၁၈.၅ စင်​တီမီတာ။
စာမျက်​နှာ - က မှ ဍ နှင်​့ ၄၅ ၊ တန်​ဖိုး - ကျပ်​ ၁၅၀၀။

အ​တွေးအမြင်​စာစဉ်​ ၇၅ နှင်​့ ၇၆ ( ၁၉၉၂ ခုနှစ်​၊ ဇန်​နဝါရီ နှင်​့ ​ဖေ​ဖော်​ဝါရီ ) တွင်​​ဖော်​ပြခဲ့သည်​့ ​ဆောင်​းပါးအား မူရင်​း အ​ရေးအသားနှင်​့ပူးတွဲ၍ သီးခြားစာအုပ်​ငယ်​အဖြစ်​ စီစဉ်​ထုတ်​​ဝေထားခြင်​းဖြစ်​သည်​။

 ၂၅ နိုဝင်​ဘာ ၂၀၁၈ ရက်​စွဲဖြင်​့​ရေးသားထားသည်​့ တိုးမြစ်​စာအုပ်​တိုက်​၏မှတ်​ချက်​၊ ရှူး​မေကာ၏ မူရင်​းအ​ရေးအသား၊ အက္ခရာစဉ်​အညွှန်​းနှင်​့ ဘသန်​း( ဓမ္မိက ) ၏ကိုယ်​​ရေးအကျဉ်​းတို့ကို ထည်​့သွင်​း​ဖော်​ပြထားသည်​။



''ဗုဒ္ဓ​ဟောကြားညွှန်​ပြ​တော်​မူ​သော လူ့လွတ်​​မြောက်​​ရေး မဂ္ဂင်​လမ်​းဟူသည်​့ မဂ္ဂင်​ရှစ်​ပါးတွင်​ အင်္ဂါတစ်​ပါးအ​နေ ဖြင်​့ သမ္မာအာဇီဝ - မှန်​ကန်​​သော သက်​​မွေးဝမ်​း​ကျောင်​း မှု ဟုပါရှိ​လေသည်​။ ထို့​ကြောင်​့ပင်​ ဗုဒ္ဓ၏ စီးပွား​ရေးဝါဒ ဟူ၍ ရှိရမည်​မှာ ထင်​ရှား​နေ​ပေသည်​။

'' Right Livelihood '' is one of the requirements of the Buddha's Noble Eightfold Path. It is clear , therefore , that there must be such a thing as Buddhist economics.'' 
( စာမျက်​နှာ - ၁ နှင်​့ ၂၉ မှ ) ဟု စာတမ်​းအား အစပျိုး ထားသည်​။

​​''​ခေတ်​​ပေါ်စီးပွား​ရေးဝါဒ သည်​ လူ့ဘဝ၏ ရုပ်​ပိုင်​းကိုသာ အဓိကထား​သော(ဝါ)ရုပ်​ဝါဒဆန်​​သော လူ​နေမှုစနစ်​များ မှ ​ပေါက်​ဖွားလာခြင်​းဖြစ်​သည်​့နည်​းတူ ဗုဒ္ဓဝါဒဆန်​​သော လူ​နေမှုစနစ်​မျိုးမှလည်​း ဗုဒ္ဓဓမ္မ စီးပွား​ရေးဝါဒတစ်​မျိုး ​ပေါ်ထွန်​းလာသင်​့​ပေသည်​။

No one seems to think that a Buddhist way of life would call for Buddhist economics , just as the modern materialist way of life has brought forth modern economics. ( စာမျက်​နှာ - ၂ နှင်​့ ၃၀ မှ ) ဟု ရှူး​မေကာ က တင်​ပြထားသည်​။

​ခေတ်​​ပေါ်စီးပွား​ရေးဝါဒ ဆိုင်​ရာ ပြဿနာရပ်​တို့ကို ဗုဒ္ဓဝါ ဒ အမြင်​ဖြင်​့ ချဉ်​းကပ်​သုံးသပ်​ကာ ဘဝ​နေထိုင်​မှု ဝန်​ပိုး နှင်​့ ဘဝရာဂ အရှိန်​အဟုန်​ ( Pressure and Strain of Living ) သည်​ အ​မေရိကန်​ပြည်​​ထောင်​စုမှာထက်​ မြန်​မာနိုင်​ငံ၌ ပို၍​ပေါ့ပါးညင်​သာ​နေသည်​ ဟုဆို၏။

''စီးပွား​ရေးတိုးတက်​ဖွံ့ဖြိုးမှုကို မည်​သည်​့ဘာသာ​ရေး စံထုံးများထက်​မဆို ပို၍အ​ရေးကြီးသည်​ဟု ယုံကြည်​​နေကြကုန်​​သော ပုဂ္ဂိုလ်​များ​သော်​ပင်​ ဤသည်​့ ​လော​လောဆယ်​အ​တွေ့ အကြုံများနှင်​့ ​နောက်​ ​နောက်​ ​ရေ ရှည်​အလားအလာများကို ချင်​့ချိန်​၍ ဗုဒ္ဓ၏ စီးပွား​ရေး ဝါဒကို ​လေ့လာဆည်​းပူးထိုက်​လှ​ပေသည်​ဟု အကြံ​ပေးတိုက်​တွန်​းလိုပါသည်​'' ( စာမျက်​နှာ - ၂၅ မ​ှ ) ဟု လည်​းဆိုသည်​။

'' ပြဿနာအမှန်​မှာ ရုပ်​ဝါဒဆန်​သည်​့ န​မော်​နမဲ့ ပစ်​စ လက်​ခတ်​​နေထိုင်​​ရေး( Materialist Heedlessness ) နှင်​့ မိရိုးဖလာ ထုံးတမ်​းစဉ်​လာအတိုင်​း '' ​လောဘ ​သော က'' ကင်​း​ဝေး မလှုပ်​မရှား ​အေး​အေးက​လေး​နေထိုင်​​ရေး ( Traditionalist Immobility ) ဤနှစ်​ခု​သော အစွန်​းနှစ်ဖက်​မှ လွတ်​​သော မဇ္ဈိမ ပဋိပဒါ အလယ်​အလတ်​လမ်​းဖြစ်​သည်​့ စီးပွား​ရေးဖွံ့ဖြိုးတိုးတက်​မှု လမ်​း စဉ်​အမှန်​ကို ​တွေ့​အောင်​ရှာဖို့ဖြစ်​ပါသည်​'' ( စာမျက်​နှာ - ၂၆ မှ ) ဟု ​ကောက်​ချက်​ဆွဲ ​ရေးသားထားသည်​။

မြန်​မာပြည်​ ပြည်​​တော်​သာစီမံကိန်​းအတွက်​ စီးပွား​ရေး ဆိုင်​ရာ အကြံ​ပေးအဖြစ်​ သုံးလခန်​့အပ်​ခံရဖူးသူ စီးပွား​ရေးပညာရှင်​ကြီး ရှူး​မေကာ၏ ကမ ်ဘာ​ကျော်​စာအုပ်​ကြီး မှ အခန်​းတစ်​ခန်​းအား ဘာသာပြန်​ဆိုထားသည်​့ စာ အုပ်​ငယ်​​လေးဖြစ်​သည်​့တိုင်​ အ​တွေးများစွာဆန်​့ထုတ်​ဆင်​ခြင်​နိုင်​မည်​ဟု ယူဆမိပါသည်​။

မမသ
၅ ဒီဇင်​ဘာ ၂၀၁၈


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317

Publisher Phone Number: 09449523317


Related Books

Book Review Image

မြန်မာ့စီးပွားထူးချွန်သူများ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
Book Review Image

ပညာရှင်​များ​ခေတ်​

ကျော်ဝင်း