ဆရာကျော်၀င်း၏ 'ပညာရှင်များခေတ်'
=====================
စာရေးသူ ဆရာကျော်ဝင်း ရေးခဲ့သမျှသော ဘောဂဗေဒနှင့် ပတ်သက်သမျှသော စာများကို နိုင်ငံ၏ စီးပွားရေး၊ ဈေးကွက်စီးပွားရေး... မှသည် မိုဒယ် ပြန်လည်ဆန်းစစ်ခြင်းအထိ ခေါင်းစဉ်သေး ကိုးခုခွဲ၍ တင်ပြထားသည်။
အဒမ်စမစ်မှသည် ယနေ့ခေတ်အထိ ဘောဂဗေဒပညာရှင်အသီးသီး၏ အဆိုအမိန့်၊ အထောက်အထား၊ အငြင်းအခုံတို့ကို ဆရာကျော်ဝင်း၏ ရေးဟန်အတိုင်း အတွေးရှင်းရှင်း၊ အရေးရှင်းရှင်းနှင့် တင်ပြထားရာ စာဖတ်သူများအဖို့ ဦးနှောက်မုန်တိုင်းဆင်စရာတွေ ပို၍ တိုးလာပါလိမ့်မည်။
စာအုပ်အဖွင့်တွင် "မြန်မာနိုင်ငံအတွက် အမှန်တကယ် လိုအပ်နေသည်မှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ မဟုတ်တော့ပါ။ အင်ဒိုနီးရှားအပြောင်းအလဲတွင် အကြံပေးခဲ့ကြသည့် 'ဘာဂလေ' ဂိုဏ်းလို စွမ်းဆောင်ရည်ပြည့်ဝသော ဘောဂဗေဒသမားတွေသာ ဖြစ်ပါသည်" ဟု နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမား၏ အဆိုနှင့်စဖွင့်ထားရာ ယနေ့ အမိမြန်မာပြည် အသွင်ကူးပြောင်းရေးကာလတွင် ပါဝင်ဆောင်ရွက်နေကြသူများအားလုံးအတွက် တပ်လှန့်နှိုးဆော်သံဟုသာ ထင်မြင်မိပါသည်။
ဘောဂဗေဒနှင့် မကင်းနိုင်ကြသော စီးပွားရေးသမားများ၊ နိုင်ငံရေးသမား၊ တပ်မတော်သား၊ ကျောင်းသားများ၊ စိတ်ပါဝင်စားသူများအားလုံး လေ့လာသင့်သော စာအုပ်ဟုသာ ဆိုချင်မိပါသည်။
လက်ရှိမြန်မာအရေး(ဖေ့ဘုတ်တစ်ခွင်)တွင် မကျေနပ်မှုများ၊ တော်လှန်လိုမှုများ(အကျယ်ကြီးမတွေးစေလိုပါ၊ ဆန္ဒပြခြင်းမျိုးသာ) စသည်တို့နှင့် ပြည့်နှက်နေသည်။ အထူးသဖြင့် လူအများနှင့် တိုက်ရိုက်ပတ်သက်နေသော စီးပွားရေးကဏ္႑တွင် ပွဲအဆူဆုံးဖြစ်လိမ့်မည်ထင်သည်။
ထိုကဲ့သို့သော အဖြစ်သနစ်များနှင့် အတွေးရေစုံမျောမနေရုံမကဘဲ ပညာရပ်ပိုင်းအတွေးအခေါ်များနှင့်ပါ ချိန်ထိုးစဉ်းစားနိုင်ရန်အလို့ငှါ ဆရာကျော်၀င်း၏ အသစ်ထွက်ရှိထားသည့် 'ပညာရှင်များခေတ်'စာအုပ်ကို ညွန်းလိုပါသည်။
စာအုပ်အဖုံးတွင် ဖရန်စစ်ဖူကူယားမား၏ မြန်မာနိုင်ငံအတွက် အကြံပေးချက်(သဘောထား)ကို ဖော်ပြထားသည်။
"မြန်မာနိုင်ငံအတွက် အမှန်တကယ်လိုအပ်နေသည်မှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ မဟုတ်တော့ပါ။ အင်ဒိုနီးရှားအပြောင်းအလဲတွင် အကြံပေးခဲ့ကြသည့် ဘာဂလေ ဂိုဏ်းလို စွမ်းဆောင်ရည်ပြည့် ဘောဂဗေဒသမားတွေသာ ဖြစ်သည်" ဟုလို...။
ပညာရှင်များခေတ် စာအုပ်တွင် ဆရာကျော်၀င်း ရေးခဲ့သမျှသော စီးပွားရေးနှင့်ပတ်သက်သည့် အကြောင်းအရာ အားလုံး ပါ၀င်ပါသည်။ စီးပွားရေးနှင့်ပတ်သက်သော အတွေးအခေါ်များ စတင်ပေါက်ဖွားလာသော ခေါမခေတ်မှသည် ယနေ့ခေတ်အထိရှိခဲ့သော စီးပွားရေးဆိုင်အယူအဆများကို တို့ထိထားပါသည်။
Michal Watts ၏ 'What is market economy'ကို ဘာသာပြန်ထားသည့် အခန်းတွင် ဈေးကွက်စီးပွားရေးစနစ်၏ စရိုက်လက္ခာတို့ကို အမိန့်ပေးစီးပွားရေးစနစ်နှင့် ချိန်ထိုးရှင်းလင်းထားသည်။
ထို့နောက် အဲ(န)ထရာပရာနောစီးပွားရေး(Entrepreneurial Economy) ၊ ပျော်ရွင်မှု၏ နိုင်ငံရေး ဘောဂဗေဒ (Political Economy of Happiness) ၊ ဦးနှောက်ပါဝါစစ်ပွဲများ (Talent War)၊ စီးပွားသစ် (New Economy) ၊ Theories ၊ Models ၊ ပြန်လည်ဆန်းစစ်ခြင်း စသည့် အကြောင်းအရာများလည်း ပါ၀င်သည်။
ဤစာအုပ်ကို ဖတ်ခြင်းအားဖြင့် စီးပွားရေးအကြောင်း စတင်လေ့လာနေသူများ ပညာရပ်နှင့် နီးစပ်ခွင့်ရနိုင်ပြီး ထပ်တိုးလေ့လာမှုအတွက် အထောက်အကူပြုနိုင်ပါသည်။
Publisher Name: လွင်ဦးစာပေ
Publisher Address: အမှတ် (၁၆ အေ) လှည်းတန်း ၂ လမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်။
Publisher Phone Number: 09259289154