Book Image

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမှုပညာ

ကြည်ရွှန်း

စာရေးသူ - ကြည်ရွှန်း 

စာအုပ်အမည် - ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမှုပညာ
စာမျက်နှာ - ၁၂၀
စာအုပ်တန်ဖိုး - ၅၀၀၀ ကျပ်

ကိုယ်ရေးအကျဉ်းနှင့် စာအုပ်များစာရင်း





ခေတ်သစ် စီမံခန့်ခွဲမှုပညာ၏ ဖခင်ကြီးဟု ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ခံထားရသော ပီတာဒရပ်ကာသည် စီးပွားရေးလုပ်ငန်းနှင့် စပ်လျဉ်းသော ထိုးထွင်းကြံဆ သိမြင်မှုများကို ဖော်ထုတ် တင်ပြခဲ့ရာ ၎င်း၏ အယူအဆများမှာ ယခုတိုင် ခေတ်မီနေဆဲ ဖြစ်သည်။ ပီတာ ဒရပ်ကာသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဘဝပေါ် မည်သို့မည်ပုံ စီမံခန့်ခွဲနိုင်ရေးနှင့် ထိရောက် ထက်မြက်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်ရေးကို လေးနက်သော ဉာဏ်ပညာဖြင့် တွေးတော ကြံဆပေးခဲ့ပေသည်။ Harvard Business Review က ရွေးချယ် တင်ဆက်ပေးထားသော ဤဂန္ထဝင် ဆောင်းပါးနှစ်စောင်တွင် ပီတာ ဒရပ်ကာသည် သင့်အနေဖြင့် မိမိကိုယ်ပိုင် အမှုဆောင်အရာရှိ ဖြစ်လာနိုင်စေမည့် သော့ချက်များနှင့်အတူ အခြားသူများ အားထားရမည့် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာနိုင်ရေး တို့ကို ဖော်ထုတ်ရေးသားထားသည်။
 ‘ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမှုပညာ’ ဆောင်းပါးတွင် မိတ်ဆွေ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို မိမိကိုယ်တိုင် တာဝန်ယူရာတွင် လိုအပ်သော အတွေးအမြင်သစ်များ ပြန်လည်ဖော်ထုတ် နိုင်ရန် မိမိကိုယ်ကို ပြန်လည်မေးမြန်းရမည့် မေးခွန်းများကို ဖော်ထုတ်ရှင်းလင်း ထားသည်။ 
 ‘ထိရောက်ထက်မြက်သော အမှုဆောင်အရာရှိဖြစ်ရန် လိုအပ်ချက်များ’ ဆောင်းပါးတွင် ခေါင်းဆောင်မှုပေးနိုင်ရန် သင်ကိုယ်တိုင် ပျိုးထောင်ရမည့် အရေးပါသော အပြုအမူများကို ဖော်ထုတ် ပေးထားသည်။ 
 ဤဆောင်းပါးနှစ်ပုဒ် ပေါင်း၍ အစွမ်းထက်မြက်သော ဆေးတစ်လက်အဖြစ် ဤကမ္ဘာပေါ်တွင်ရှိသော သင့်အတွက် ထိုက်တန်သည့်နေရာကို ကိုယ်တိုင် ထုဆစ်ရယူနိုင်ရန် သင့်အား တိုက်ကျွေးပါလိမ့်မည်။



Publisher Name: Wisdom House စာအုပ်တိုက်

Publisher Address: အခန်း (၁၀၂)၊ တိုက် (၈၆၄-၈၆၅)၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။ ဖုန်း- ၀၉၂၅၄၁၄၈၅၆၈၊ ၀၁၈၆၀၁၃၁၂၊ ၀၉၄၃၀၄၁၈၅၇


Related Books

Book Review Image

မြန်မာ့စီးပွားထူးချွန်သူများ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
Book Review Image

ဂရုမစိုက်ခြင်းအနုပညာ

ချမ်းမြေ့ဝင်း
Book Review Image

စီးပွားရေးစီမံခန့်ခွဲမှု စည်းမျဉ်း ၁၀၀

ကြည်ရွှန်း