Book Image

စီးပွားရေးစီမံခန့်ခွဲမှု စည်းမျဉ်း ၁၀၀

ကြည်ရွှန်း

စာရေးသူ - ကြည်ရွှန်း

စာအုပ်အမည် - စီးပွားရေးစီမံခန့်ခွဲမှု စည်းမျဉ်း ၁၀၀
စာမျက်နှာ - ၃၂ဝ
စာအုပ်တန်ဖိုး - ၆ဝဝဝ ကျပ်
ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း


စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အောင်မြင်မှု ရရှိစေရန် တိကျစွာ လမ်းညွှန်ပေးမည့်စာအုပ်


စနစ်၊ နိုင်ငံရေး၊ လူသားတို့ ပြဿနာများ၊ မဖြစ်နိုင်သော ရည်မှန်းချက်များနှင့် အလုပ်ဖိစီးမှုများအကြားတွင် အပေါ်နှင့် အောက်ကို ပင်ပင်ပန်းပန်းလည်း အားမထုတ်ရဘဲ လွယ်ကူညင်သာစွာစီးဆင်းဖြတ်သန်း ကူးခပ်နိုင်သော မန်နေဂျာ တစ်ဦး ဖြစ်လိုပါသလား။

မိတ်ဆွေသည် အမြဲတမ်း မှန်တာကိုသာ ပြော၊ မှန်တာကိုသာလုပ်၍ အခြေအနေ အရပ်ရပ်ကိုကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနည်းကို သိလိုပါသလား။ ဤအရာတွေအားလုံးကို ချွေးလည်းသိပ်မထွက်၊ အလွန်အမင်း ကြိုးပမ်းခြင်းလည်း မပြုရဘဲ လုပ်ဆောင်နိုင်လိုပါသလား။

သို့ဆိုပါလျှင် မိတ်ဆွေ ဤ စီးပွားရေး စီမံခန့်ခွဲမှုပညာ စည်းမျဉ်း ၁၀၀ စာအုပ်ကို ဖတ်ရန်လိုနေပါပြီ။ ဤ ရွှေစည်းမျဉ်းများက မိတ်ဆွေ ပြောသမျှနှင့် မိတ်ဆွေ လုပ်သမျှ(မိတ်ဆွေ လုပ်နေသည်တို့ကို မြင်ကြသမျှ အပါအဝင်) တို့ကို လွှမ်းခြုံမိစေပါလိမ့်မည်။ ဤစည်းမျဉ်းများက (သူတို့ မလုပ်လျှင်
မိတ်ဆွေက လုပ်ရမည်ဖြစ်သော) မိတ်ဆွေ၏ အသင်း အလုပ်ကောင်းကောင်း လုပ်နိုင်ရေးအတွက်
မိတ်ဆွေကို နည်းညွှန် လမ်းပြပေးပါလိမ့်မည်။ ဤစည်းမျဉ်းများက မိတ်ဆွေ၏ လုပ်ဆောင်ချက်များနှင့်
အပြုအမူများ အောင်မြင်စေရန် ပံ့ပိုးပေးပါလိမ့်မည်။

မိတ်ဆွေ၏ဘဝ ပိုမိုချောမွေ့ လွယ်ကူလာပါလိမ့်မည်။ မိတ်ဆွေလည်း ကြီးကြီးမားမားအောင်မြင်လာပါလိမ့်မည်။ မိတ်ဆွေကို အလုပ်ရှာဖွေသူများက ပိုမိုခန့်ချင်လာကြသည်နှင့်အမျှ မိတ်ဆွေ
လည်း ရာထူးတိုးသွားသည့်အခါမည်သူမျှ အံ့ဩသွားကြတော့မည် မဟုတ်ပါပေ။

ဤစာအုပ်ပါ စည်းမျဉ်းများကြောင့် အခြားသူများ ထူးချွန်လာကြပါလိမ့်မည်။ မိတ်ဆွေက ပို၍ပို၍ ထူးချွန် ထက်မြက်သွားပါလိမ့်မည်။



Publisher Name: Wisdom House စာအုပ်တိုက်

Publisher Address: အခန်း (၁၀၂)၊ တိုက် (၈၆၄-၈၆၅)၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။ ဖုန်း- ၀၉၂၅၄၁၄၈၅၆၈၊ ၀၁၈၆၀၁၃၁၂၊ ၀၉၄၃၀၄၁၈၅၇


Related Books

Book Review Image

မြန်မာ့စီးပွားထူးချွန်သူများ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
Book Review Image

ဂရုမစိုက်ခြင်းအနုပညာ

ချမ်းမြေ့ဝင်း
Book Review Image

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမှုပညာ

ကြည်ရွှန်း