အစတုန်းက မယ်သီလရှင်တွေကို ဘိက္ခုနီဆိုပီး စိတ်က ထင်မှတ်ထားခဲ့တယ် .. ဒီစာအုပ်လေးဖတ်ပြီး Google လေးခေါက်ကြည့် ၊ ဟိုကြည့်ဒီကြည့် ကြည့်တော့မှ ဘိက္ခုနီသာသနာဆိုတာ နှစ်ပေါင်းတစ်ထောင်လောက်သာ တည်ရှိခဲ့ကြောင်း တွေ့တယ် ..
( ပိဋကတ်ကျမ်းဂန် တတ်မြောက်သော ဆရာတော်ကြီးတို့ကလည်း ရဟန်းမိန်းမ သာသနာကား နှစ်ပေါင်း တစ်ထောင်လောက်သာ တည်ရှိ၏ဟု အမိန့်ရှိသည်ကို ကြားရဘူး၏။ )
#FromGoogle
ဗုဒ္ဓဘာသာဖြစ်ပြီး သီလရှင်ဆိုတာ ဘာလဲတောင် မသိဘူးလားလို့ တစ်စုံတစ်ယောက်က မေးရင်လည်း ဟုတ်တယ်လို့ပဲ ဖြေမိမယ်ထင်တယ် .. ဘာလို့လဲဆိုတော့ ' ဆွမ်းဆန် ' ဆိုပြီး ဆရာလေးတွေ အလှူခံရင် ' ကန်တော့ပါသေးရဲ့ ' လို့ အကြိမ်ရေတော်တော်များများ ဖြေခဲ့ဖူးတဲ့အထိ သီလရှင် ဆရာလေးတွေရဲ့ အခန်းကဏ္ဍဟာ ကျွန်တော့်ရဲ့ သိမှုအာရုံထဲမှာ မှေးမှိန်နေခဲ့လိုပဲ ဖြစ်တယ် ..
ဒီစာအုပ်လေးဖတ်ပြီးတော့မှ သီလရှင် ဆရာလေးတွေရဲ့ ဘ၀ဖြစ်အင် အတွေ့အကြုံတချို့ကို မြင်သိ ခံစားမိပြီး နောက်များ ဆရာလေးတွေနဲ့ တွေ့ဆုံ ကြုံကြိုက်တဲ့အခါ သတိထားပြီး လေ့လာ စပ်စုကြည့်ဦးမယ်လို့ အတွေးပေါ်မိတယ် ..
လူ့ပတ်၀န်းကျင်မှာ သွားလာလှုပ်ရှားပီး အလှူခံထွက်လေ့ရှိတဲ့ ဆရာလေးငယ်ငယ်လေးတွေရဲ့ ဘ၀နောက်ကွယ်က ဖြစ်ရပ်တချို့မှာ ရင်နင့်စရာအဖြစ်မျိုးတွေ ရှိတတ်သလို သီလရှင်ဘ၀ရောက်တော့လည်း ထိန်းသိမ်းစောင့်ရှောက်တဲ့ သီလရှင် ဆရာမကြီးတချို့ရဲ့ တစ်ပတ်ကို ပိုက်ဆံ ဘယ်လောက် ရှာပေးရမယ်ဆိုတဲ့ အဖြစ်မျိုးလည်း ရှိတယ်ဆိုတာကိုလည်း ဒီစာအုပ်ထဲမှာ မြင်တွေ့ခဲ့ရတယ် ..
၁၃ နှစ်အရွယ် နီပေါလ်မလေးတစ်ယောက် ဗုဒ္ဓဘာသာကျမ်းစာတွေကို လေ့လာသင်ယူချင်လွန်းလို့ မြန်မာပြည်ကို သက်စွန့်ဆံဖျား လာရောက်တဲ့ အကြောင်းကလည်း အတော်လေး စိတ်၀င်စားဖို့ကောင်းတယ် .. သူဟာ သီလရှင်ဘ၀နဲ့ နီပေါလ်ပြည်ကို ပြန်ပီး သာသနာပြု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့တဲ့ သာသနာ့အာဇာနည် မသုဓမ္မ၀တီပဲဖြစ်တယ် ..
သီလရှင် ၀တ္ထုတိုစုစည်းမှု စာအုပ်လေးဖြစ်ပေမယ့် ဒီစာအုပ်ဟာ သီလရှင် လောကကြီးတစ်ခုလုံးကို ကိုယ်စားပြုတာ မဟုတ်ဘဲ စာရေးသူဟာ သူ ခဏတာ ခိုလှုံခဲ့ဖူးတဲ့ သီလရှင်လောကမှ စာသင်တိုက်အတွေ့အကြုံလေးတချို့ကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါကြောင်း .....
#စာညွှန်းအိမ်
#PyaeArKar
Publisher Name: ဆုပြည့်စုံထွန်းစာပေ
Publisher Address: အမှတ် ၅၀၈/၅၁၂၊ပထမထပ်၊ကုန်သည်လမ်း(ဆိပ်ကမ်းသာလမ်းထောင့်)၊သရဖီကွန်ဒို၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။ဖုန်း - 01383664,01386833
Publisher Phone Number: 01383664,01386833