Book Image

ဒစ်ဂျစ်တယ်မားကက်တင်း လုပ်ငန်းခွင်စီမံခန့်ခွဲမှု

ကိုဖြိုး

ဒစ်ဂျစ်တယ်မားကက်တင်း လုပ်ငန်းခွင်စီမံခန့်ခွဲမှု

ကိုဖြိုး

ပန်းဆက်လမ်း
တန်ဖိုး - ၃၀၀၀ ကျပ်

အောက်ကလင့်ကိုနှိပ်ပြီးစာအုပ်မှာနိုင်ပါသည်



Managementဟာ ဘယ်တုန်းကမှ မလွယ်ခဲ့သလို ခုလို ဒစ်ဂျစ်တယ်

ခေတ်မှာ ပိုရှုပ်ထွေးလာဖို့ပဲရှိတယ်။ အထူးသဖြင့် မားကတ်တင်းနဲ့ပတ်
သက်လာရင် ပိုကျယ်ပြန့်လာတယ်။ အရင်တုန်းက လက်ကမ်းစာစောင်
တာ၊ ပရိုမိုးရှင်းပွဲတွေလုပ်တာ၊ ကံစမ်းမဲဖောက်ပေးတာ၊ နာမည်ကြီးတဲ့
မင်းသမီးနဲ့ကြေငြာတာ စတာတွေလုပ်ရုံနဲ့ ပေါက်တဲ့ Brand ဟာ အခု
အဲ့လိုနည်းလမ်းတွေမှာ ဘက်ဂျက်ဘယ်လောက်ထည့်ထည့် လူမသိတဲ့
ခေတ်ဖြစ်လာတယ်။ Digitalခေတ်ဖြစ်တဲ့အတွက် Online Channel
တွေကနေ ပိုသွားနိုင်ဖို့ ကြိုးစားလာရတယ်။ အရင်တုန်းကလုပ်ခဲ့တဲ့
ကတ်တင်းပုံစံတွေကို Online ပေါ်မှာ Digital Marketingနည်းလမ်း
တွေနဲ့ တွဲဖက်လုပ်ဆောင်ဖို့ လိုအပ်လာတယ်။

အဲ့မှာ ပြဿနာစတက်တာပဲ...
အရင်တုန်းက လက်ကမ်းစာစောင်ဝေသူတွေက Digital Contentတွေ ဖန်တီးတတ်ဖို့ လိုအပ်လာတယ်။ အရင်တုန်းက ပရိုမိုးရှင်းပွဲတွေစီစဉ်တဲ့သူတွေက လူကြိုက်များမယ့် Vlogတွေ တီထွင်တတ်ဖို့ လိုအပ်လာတယ်။ ဒီလိုနဲ့ မားကတ်တင်းဝန်ထမ်းတွေရဲ့ Skill တွေ ပုံစံပြောင်းဖို့လိုအပ်လာတယ်။ တိုတိုပြောရရင်

၁။ Remarkable -သာမန်နဲ့မတူ တမူထူးခြားပြီး ကိုယ်ရဲ့ဖောက်သည်တွေ
ကို ဆွဲဆောင်နိုင်ရမယ်။
၂။ Relevant- တည့်ကြော်ငြာတာမျိုးမဖြစ်ရဘူး၊ ဒါပေမယ့် ကိုယ့်ထုတ်
ကုန် (သို့) ဝန်ဆောင်မှုနဲ့ ဆက်စပ်မှုရှိရမယ်။
၃။ Repetitive -အရင်လို တစ်နှစ်တခါ၊ တလတခါမဟုတ်တော့ပဲ နေ့
တိုင်း သုံး လေး ခါလောက် ကိုယ့်ဖောက်သည်တွေကိုဆွဲဆောင်နိုင်ရမယ်။ 
ဒီအချက်တွေကို ပြည့်စုံမှ ကိုယ့်လုပ်ငန်းရဲ့ မားကတ်တင်းတွေဟာ ထိရောက်မှုရှိပြီး ဖောက်သည်တွေများလာမှာပါ။ ဒီအချက်တွေနဲ့ ပြည်စုံဖို့ကိုယ့်ရဲ့ဝန်ထမ်းတွေဟာ...

၁။ တီထွင်ဖန်တီးနိုင်စွမ်းရှိရမယ်။ သမရိုးကျ ကံစမ်းမဲပေးမယ်၊ ဗလာမပါ
ဘာညာလောက်နဲ့တော့ အဆင်မပြေတော့ဘူး။ အခန့်မသင့်ရင် အဆဲခံရ
ကိန်းမြင်တယ်။ လူမမြင်ဖူးသေးတဲ့ပုံစံအသစ်တွေကို ဖန်တီးနိုင်ရမယ်။

၂။ Product အရမ်းကောင်းရမယ်။ Digital Marketing Contents
တွေဖြစ်တဲ့ Facebook ပို့စ်တွေ၊ Graphic Designတွေ၊ ဗီဒီယိုတွေကို
အရည်အသွေးကောင်းကောင်းနဲ့ များများထုတ်ပေးနိုင်ဖို့ လိုလာတယ်။ စစ်
တမ်းတွေအရ Digital Marketing Contentတစ်ခုရဲ့ သက်တမ်းက
ပျမ်းမျှ ၂ ရက်လောက်ပဲ။ ၂ ရက်ကျော်ရင် မပေါက်တော့ဘူး။

ဒီ ၂ ချက်ရှိရင် လုံလောက်တယ်။ ပြဿနာက အဲ့ ၂ ချက်ရဖို့ပြည်တွင်းလုပ်ငန်းတွေဟာ အတော်လေးရုန်းကန်နေရတယ်။

ဝန်ထမ်းတစ်ယောက် တီထွင်ဖန်တီးနိုင်စွမ်းကောင်းကောင်းနဲ့Productivityမြင့်လာစေဖို့ အဲ့ဝန်ထမ်းဟာ လုပ်ငန်းခွင်မှာ စိတ်ပါလက်ပါဖြစ်နေဖို့ လိုတယ်။ ပြီးတော့ သူဟာ အသစ်အသစ်တွေကို လေ့လာနိုင်စွမ်းရှိရမယ်။ လေ့လာချင်စိတ်ရှိနေရမယ်။ ဒီလိုဖြစ်ဖို့အတွက် လုပ်ငန်းရဲ့စီမံခန့်ခွဲမှုက အခရာကျတယ်။


Publisher Name: ပန်းဆက်လမ်း


Related Books

Book Review Image

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စကားပြော

မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
Book Review Image

အာရှစီးပွားစွမ်းဆောင်ရှင်များ

ကြည်ရွှန်း
Book Review Image

ဒေါ်နယ်ထရန့်ပြောတဲ့အောင်စေမဲ့လမ်း

ကြည်ရွှန်း
Book Review Image

စီးပွားအောင်ခြင်း

ကြည်ရွှန်း
Book Review Image

စိတ်ကူးတစ်ချက် လင်းလက်စေ

ကြည်ရွှန်း
Book Review Image

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ

ကြည်ရွှန်း
Book Review Image

ပျော်ရွှင်ချမ်းသာနည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

ကျန်းမာချမ်းသာ နည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

အောင်မြင်ချမ်းသာ နည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

နိုင်ငံတကာ စီးပွားစွမ်းဆောင်ရှင်များ ၁

ကြည်ရွှန်း
Book Review Image

နိုင်ငံတကာစီးပွားစွမ်းဆောင်ရှင်များ ၂

ကြည်ရွှန်း
Book Review Image

ကိုယ်ထူးကိုယ်ချွန်

ကြည်ရွှန်း
Book Review Image

အသုံးချ လူမှုဆောင်တာ စကားပြော

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၁

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၂

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၃

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၄

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၅

ကြည်ရွှန်း
Book Review Image

အလေ့အကျင့်၏ ပါဝါစွမ်းအား

ကြည်ရွှန်း
Book Review Image

အချိန်စီမံခန့်ခွဲမှုပညာ

ကြည်ရွှန်း